ယခုနှစ် မတ်လ ၈ ရက်နေ့ တွင် စတင်စစ်ဆေးမည့် တက္ကသိုလ် ဝင်စာမေးပွဲတွင် ယခင်နှစ်များကဲ့သို့ စာမျက်နှာ ၁၆ မျက်နှာပါ အဖြေလွှာစာအုပ်များကို အသုံးမပြုတော့ဘဲ စာမျက်နှာ ၂၄ မျက်နှာ ပါ အဖြေလွှာစာအုပ်များဖြင့် ဖြေဆိုစေမည်ဖြစ်ပါတယ်။
အရင်က ၁၆ မျက်နှာဆိုတော့ ကလေးတွေက စာမေးပွဲခန်းထဲမှာ အပိုအဖြေလွှာ ထပ်တောင်းတယ်။
အပိုအဖြေလွှာ ယူတာများရင် စာရွက်တွဲတာ မှားသွားနိုင်တယ်။
ထို့ကြောင့် ဒီနှစ်မှာ စာမျက်နှာတိုးပြီး ၂၄ မျက်နှာ တစ်ခါတည်း ထည့်ချုပ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။
အပိုအဖြေလွှာ ထတောင်းရတာကြောင့် စာမေးပွဲဖြေဆိုချိန် လျော့သွား တာလည်း မရှိတော့သလို ဖြစ်အောင် စီစဉ်ထားပါတယ်။
တက္ကသိုလ်ဝင်စာမေးပွဲအဖြေ လွှာထုတ်များကို ရန်ကုန်တိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး နှင့် မန္တလေးတိုင်းဒေသကြီး မန္တလေး မြို့တွင်းမှ လွဲ၍ တိုင်းဒေသကြီး နှင့် ပြည်နယ်အသီးသီးသို့ မြန်မာ နိုင်ငံစာစစ်ဦးစီးဌာနမှ ပေးပို့ထား ပြီးဖြစ်ကြောင်းလည်း သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ရက်နေ့မှ ၁၇ရက် နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး တစ်နိုင်ငံလုံးရှိ စာစစ်ဌာနအားလုံး တွင် မေးခွန်းတစ်စုံတည်းဖြင့်သာ စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။
၂၀၁၇ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ဝင်ရောက်ဖြေဆိုရန် ဖြေဆိုခွင့် လျှောက်လွှာတင်သွင်းသူ ၆၇၀ဝ၀ဝ ကျော်ရှိကြောင်း သိရသည်။
Source: education digest