ဝင်ခွင့်အမှတ် ၅၀၀ ကျော်ရှိခဲ့သည့် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ တစ်ရာဝန်းကျင် တိုးမြှင့်လက်ခံ

ဝင်ခွင့်အမှတ် ၅၀၀ ကျော်ရှိခဲ့သည့် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ တစ်ရာဝန်းကျင် တိုးမြှင့်လက်ခံ

ယခုပညာသင်နှစ်အတွက် ရန်ကုန်ပညာရေးတက္ကသိုလ်နှင့် စစ်ကိုင်းပညာရေးတက္ကသိုလ်တို့က တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများကို လျှောက်ထားခွင့်ပေးခဲ့ရာ ရန်ကုန်ပညာရေးတက္ကသိုလ်၏ သိပ္ပံဘာသာရပ်အတွက် ကျောင်းသား၊ ကျောင်းသူ ၁၉၀ ဦး၊ ၀ိဇ္ဇာ+သိပ္ပံအတွက် ကျောင်းသား၊ ကျောင်းသူ ၁၂၈ ဦး၊ ၀ိဇ္ဇာဘာသာရပ်အတွက် ကျောင်းသား၊ ကျောင်းသူ ၁၀၂ စုစုပေါင်း ၄၂၀ ဦး ၀င်ခွင့် ရရှိခဲ့ကြောင်း ရန်ကုန်ပညာရေးတက္ကသိုလ်ကို လျှောက်ထားခဲ့သည့် ကျောင်းသား၊ ကျောင်းသူများထဲတွင် သိပ္ပံ ဘာသာရပ်ကို လျှောက်ထားခဲ့သည့် ကျောင်းသူတစ်ဦးမှာ ၀င်ခွင့်အမှတ် ၅၁၇ မှတ် အထိ ရှိခဲ့သည့်အတွက် ရန်ကုန်ပညာရေးတက္ကသိုလ်၏ ၀င်ခွင့်အမှတ် အမြင့်ဆုံးမှာ ၅၀၀ ကျော် အထိ ရှိခဲ့ကြောင်း အဆင့်မြင့်ပညာရေး ဦးစီးဌာနမှ သိရသည်။

READ - တက္ကသိုလ်ပြောင်းရွှေ့တက်ရောက်လိုသူများ ပြောင်းမည့်တက္ကသိုလ်က လက်ခံနိုင်မှသာ ပြောင်းခွင့်ပြုမည်

ယခုနှစ်တွင် စစ်ကိုင်းပညာရေးတက္ကသိုလ်က ကျောင်းသား၊ ကျောင်းသူ ၄၂၀ ဦး ၀င်ခွင့်ပေးခဲ့ပြီး သိပ္ပံဘာသာတွဲ အတွက် ကျောင်းသား၊ ကျောင်းသူ ၁၈၄ ဦး၊ ၀ိဇ္ဇာ+သိပ္ပံအတွက် ကျောင်းသား၊ ကျောင်းသူ ၁၂၈ ဦး၊ ၀ိဇ္ဇာဘာသာတွဲအတွက် ကျောင်းသား၊ ကျောင်းသူ ၁၀၈ ဦး စီ ၀င်ခွင့်ရရှိခဲ့ သည်။

ထိုကျောင်းနှစ်ကျောင်းဝင်ခွင့်ပြုသည့် ဘာသာရပ်များထဲတွင် သိပ္ပံဘာသာတွဲကို အများဆုံး ၀င်ခွင့်ပေးခဲ့ပြီး ၀ိဇ္ဇာဘာသာတွဲကို ၀င်ခွင့်ပေးရာတွင် တစ်ကျောင်းလျှင် တစ်ရာဦး ၀န်းကျင်သာ ၀င်ခွင့်ပေးထားကြောင်း တက္ကသိုလ်ဝင်ခွင့် ထုတ်ပြန်ချက်များအအရ သိရသည်။

၂၀၁၆-၂၀၁၇ ပညာသင်နှစ်အတွက် ၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားခဲ့သော ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ကျောင်းသား၊ ကျောင်းသူ ၃၁၁ ဦး ၀င်ခွင့် ရရှိခဲ့သည်။

ရန်ကုန်ပညာရေးတက္ကသိုလ်၏ အမြင့်ဆုံးဝင်ခွင့်အမှတ်များမှာ သိပ္ပံဘာသာရပ်အတွက် ၅၃၅ မှတ်၊ ၀ိပ္ပံဘာသာရပ်အတွက် ၄၉၅ မှတ်၊ ၀ိဇ္ဇာဘာသာရပ်အတွက် ၄၈၅ မှတ် တို့ ဖြစ်ခဲ့ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 9917 times