စာဖတ်ဝါသနာအိုးတိုင်းအတွက် တံခါးဖွင့်ထားသော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် မည်သူမဆို စာအုပ်များငှားရမ်းဖတ်ရှုနိုင်ပြီ။
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်မှ စာအုပ်များကို ယခင်က ရန်ကုန်တက္ကသိုလ်မှ ဆရာ၊ ဆရာမ၊ ကျောင်းသူ ကျောင်းသားများနှင့် ၀န်ထမ်းများကိုသာ ငှားရမ်းဖတ်ရှုခွင့်ပေးထားသော်လည်း ယခုအခါ အခြားတက္ကသိုလ်များမှ ကျောင်းသား၊ ကျောင်းသူများ ဆရာ၊ ဆရာမများအပြင် ပြင်ပမှ စာဖတ်ဝါသနာပါသူ မည်သူမဆို အခမဲ့ငှားရမ်းဖတ်ရှုနိုင်ပြီဖြစ်သည်။
သမိုင်းအစဉ်အလာကြီးမားကာ မြန်မာနိုင်ငံတွင် စာအုပ်၊ စာတမ်းအပေါများဆုံးနှင့် အားအထားရဆုံး စာကြည့်တိုက်များထဲမှတစ်ခုဖြစ်သော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် မြန်မာ-အင်္ဂလိပ် နှစ်ဘာသာဖြင့်စာအုပ်ပေါင်း တစ်သိန်းကျော်ရှိကြောင်း သိရသည်။
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်အတွင်းမှစာအုပ်များကို Member ၀င်ကာ ငှားရမ်းဖတ်ရှုခွင့်ရရှိမည်ဖြစ်ပြီး ကျောင်းသားကတ်ဒ်၊ ၀န်ထမ်းကတ်ဒ်၊ မှတ်ပုံတင်၊ ရပ်ကွက် နေထိုင်ကြောင်းထောက်ခံစာ တစ်မျိုးမျိုးနှင့် Member ၀င်၍ရနိုင်မည် ဖြစ်သည်။
စာအုပ်ငှားရမ်းပါက ရန်ကုန်တက္ကသိုလ်မှဖြစ်ပါက စာအုပ် ၅ အုပ်အထိ ငှားရမ်းနိုင်ကာ မြန်မာစာအုပ်ဖြစ်ပါက ငှားရမ်းပေးချိန် ၂ ပတ်၊ အင်္ဂလိပ်စာအုပ်ဆိုပါက ၁ လအထိ ငှားရမ်းနိုင်ပြီး ပြင်ပမှဖြစ်ပါက စာအုပ် ၂ အုပ် ငှားနိုင်ကာ မြန်မာစာအုပ် ၁ ပတ်၊ အင်္ဂလိပ်စာအုပ် ၂ ပတ် ငှားရမ်းခွင့်ရရှိမည် ဖြစ်သည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
READ - သီးခြားဝင်ခွင့်ခေါ်ယူသည့် တက္ကသိုလ်(၁၁)ကျောင်း၏ ဝင်ခွင့်ရရှိသူများစာရင်း