လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန (ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်) တွင် အခြေခံ (၁) (Basic 1) တရုတ်၊ အင်္ဂလိပ်၊ ပြင်သစ်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ စပိန်၊ ထိုင်းနှင့် မြန်မာဘာသာသင်တန်းများ ဖွင့်လှစ်မည် ဖြစ်သဖြင့် online မှ လျှောက်ထားနိုင်ပါသည်။
လျှောက်ထားရာတွင် အောက်တွင် ဖော်ပြထားသော website address သို့ ၀င်၍ CHRD Form တွင် လျှောက်လွှာဖြည့်သွင်းနိုင်မည် ဖြစ်သည်။
Website အမည် - Yangon University of Foreign Languages
Website Link – http://www.yufl.edu.mm/chrd
(မြန်မာကျောင်းသားများအတွက် local-student button အား Click လုပ်၍ CHRD Form အား ဖြည့်စွက်ရန်နှင့် မြန်မာဘာသင်ကြားမည့် နိုင်ငံခြားကျောင်းသားများအတွက် international-student button အား Click လုပ်၍ ဖြည့်စွက်ရန်)
သင်တန်းပို့ချမည့် နေရာ - ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
Online ဖြင့် လျှောက်ထားရမည့်ရက် - (၇.၅.၂၀၁၈ နံနက် ၉း၀၀ နာရီမှ သတ်မှတ်ဦးရေ ပြည့်သည့် အထိ)
ပုံစံစစ်ဆေးရန်နှင့် သင်တန်းကြေးလက်ခံမည့်ရက် - (၁၅.၅.၂၀၁၈ မှ ၁၇.၅.၂၀၁၈)
ပုံစံစစ်ဆေးရန်နှင့် သင်တန်းကြေးလက်ခံမည့်အချိန် - (နံနက် ၁၀း၀၀ နာရီမှ ညနေ ၂း၀၀ နာရီအထိ)
ငွေလက်ခံမည့်နေရာ - ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
* သင်တန်းပို့ချမည့်နေ့ရက် - တနင်္လာ၊ ဗုဒ္ဓဟူး၊ သောကြာ
သင်တန်းပို့ချမည့်အချိန် - ညနေ ၅း၂၀-၇း၀၀ နာရီ
သင်တန်းကာလ - (၂၁.၅.၂၀၁၈ မှ ၁၀.၈.၂၀၁၈) (၃ လ) အင်္ဂလိပ်ဘာသာ
- (၂၁.၅.၂၀၁၈ မှ ၄.၁.၂၀၁၉ ) (၆ လ) ကျန်ဘာသာများ
* သင်တန်းပို့ချမည့်နေ့ရက် - စနေ၊ တနင်္ဂနွေ
သင်တန်းပို့ချမည့်အချိန် - မနက် ၉း၀၀-၁၂း၀၀ နာရီ
သင်တန်းကာလ - (၂၆.၅.၂၀၁၈ မှ ၁၂.၈.၂၀၁၈) (၃ လ) အင်္ဂလိပ်ဘာသာ
- (၂၆.၅.၂၀၁၈ မှ ၆.၁.၂၀၁၉ ) (၆ လ) ကျန်ဘာသာများ
** မိမိကြိုက်နှစ်သက်ရာ အချိန်ပိုင်းသင်တန်းအား ရွေးချယ်လျှောက်ထားနိုင်ပါသည်။
ပညာအရည်အချင်း - တက္ကသိုလ်ဝင်စာမေးပွဲအောင်
တင်ပြရန် စာရွက်စာတမ်းများ - တက္ကသိုလ်ဝင် စာမေးပွဲ အောင်လက်မှတ်မူရင်းနှင့် မိတ္တူ (သို့မဟုတ်)
အမှတ်စာရင်းမူရင်းနှင့် မိတ္တူ၊ မှတ်ပုံတင်မူရင်းနှင့် မိတ္တူ (သို့မဟုတ်) ဘွဲ့လက်မှတ်မူရင်းနှင့်မိတ္တူ၊ ဓာတ်ပုံ (၃) ပုံ (Online မှ ၇.၅.၂၀၁၈ ရက်နေ့တွင် စတင်လျှောက်ထားပြီး မိမိအမည်အား လက်ခံကြောင်း ကြေညာချက်များတွင် တွေ့ရှိပြီးမှသာ ကျောင်းသို့ ယူဆောင်လာရမည့် အထောက်အထားများ ဖြစ်ပါသည်။)
စုံစမ်းရန်ဌာန - ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်
01-515236, 01-535985
Online မှ လျှောက်လွှာတင်သွင်းရာတွင် ပြည့်စုံစွာ ဖြည့်စွက်ထားပြီး ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Server သို့ အရင်ရောက်ရှိသော လျှောက်လွှာများကို ဦးစီးပေးအစီအစဉ်အတိုင်း လက်ခံပေးမည်ဖြစ်သည်။
(၇.၅.၂၀၁၈) ရက်နေ့ နံနက် ၉း၀၀ နာရီမှသာ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Website ၏ သတ်မှတ် Address တွင် စတင်မြင်တွေ့လျှောက်ထားနိုင်မည်ဖြစ်သည်။
Online မှ လျှောက်လွှာတင်သွင်းပြီးနောက် ပုံစံစစ်ဆေးရန်နှင့် သင်တန်းကြေးပေးသွင်းရန် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်သို့ သတ်မှတ်ရက်တွင် ကိုယ်တိုင်လာရောက်ရမည်ဖြစ်သည်။
(သင်တန်းကြေးပေးသွင်းပြီးမှသာလျှင် သင်တန်းသားအဖြစ် သတ်မှတ်မည်ဖြစ်သည်။)
အခြေခံ (၂) Basic 2 သင်တန်းနှင့်အထက် သင်တန်းသားများသည် ထိုတက္ကသိုလ်သို့ တိုက်ရိုက် လျှောက်ထား ရမည်။
သင်တန်းဝင်ခွင့်ရှိသည့် အမည်စာရင်းအား ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် Website တွင် (၁၄.၅.၂၀၁၈) ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် ကြေညာပေးမည် ဖြစ်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
Source: yufl