ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် မှ မဟာဝိဇ္ဇာ နှင့် ဒီပလိုမာ သင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း

ရန်ကုန် နိုင်ငံခြားဘာသာ တက္ကသိုလ် မှ မဟာဝိဇ္ဇာ နှင့် ဒီပလိုမာ သင်တန်းများအတွက် လျှောက်လွှာခေါ်ယူခြင်း

ဖွင့်လှစ်မယ့်သင်တန်းများမှာ -

- မဟာဝိဇ္ဇာအချိန်ပြည့် ၂ နှစ် သင်တန်း (အင်္ဂလိပ်ဘာသာကို နိုင်ငံခြား ဘာသာအဖြစ် သင်ကြားခြင်း)၊

- ဒီပလိုမာ အချိန်ပြည့် ၁ နှစ် သင်တန်း (အင်္ဂလိပ်ဘာသာ)၊ အချိန်ပြည့် ၂ နှစ်သင်တန်း (အီတာလျံဘာသာ)၊ အချိန်ပိုင်း ၂ နှစ် သင်တန်း (အထွေထွေဘာသာဗေဒ) နှင့် အချိန်ပိုင်း ၄ နှစ်သင်တန်း (တရုတ်၊ပြင်သစ်၊ ဂျာမန်၊ ဂျပန်၊ ကိုရီးယား၊ ရုရှား၊ ထိုင်း) တွေဖြစ်ပါတယ်။

၂. သင်တန်းများကို တစ်ပတ်လျှင် (၅) ရက် (တနင်္လာနေ့မှ သောကြာနေ့အထိ) အောက်ပါ အတိုင်း ပို့ချပါမည်။

(က) အင်္ဂလိပ်ဘာသာ (အချိန်ပြည့်) သင်တန်းများကို နံနက် (၉း၀၀) နာရီမှ မွန်းလွှဲ (၃း၂၀) နာရီအထိ

(ခ) အီတာလျံဘာသာ (အချိန်ပြည့်) သင်တန်းများကို နံနက် (၈း၀၀) နာရီမှ နေ့လည် (၁၂း၀၀) နာရီအထိ

(ဂ) အချိန်ပိုင်းသင်တန်းများကို နံနက် (၀၇း၀၀)နာရီမှ (၀၈း၅၀) နာရီအထိ

READ - ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့်စိစစ်ရွေးချယ်မှု အမှတ်များ

၃. သင်တန်းဝင်ခွင့်လိုအပ်ချက်များမှာ

(က) ပြည်ထောင်စု မြန်မာနိုင်ငံသားဖြစ်ရမည်။

(ခ) မဟာဝိဇ္ဇာ (အင်္ဂလိပ်ဘာသာကို နိုင်ငံခြား ဘာသာအဖြစ် သင်ကြားခြင်း) ပထမနှစ်သင်တန်း တက်ရောက်ရန်အတွက် သတ်မှတ်ထားသော အရည်အချင်းများနှင့် ပြည့်စုံသူ ဖြစ်ရမည်။

(ဂ) ဒီပလိုမာဘွဲ့သင်တန်းတွေ အတွက် နိုင်ငံတော်က အသိအမှတ်ပြုထားတဲ့ ဘွဲ့တစ်ခုခုရရှိထားသူများ ဖြစ်ရမည်။

(ဃ) အထွေထွေဗေဒသင်တန်းကို နိုင်ငံတော်က အသိအမှတ်ပြုထားသော ၀ိဇ္ဇာဘွဲ့ တစ်ခုခုရရှိပြီးသူများ တက်ရောက်နိုင်ပြီး အခြားဘွဲ့ရရှိထားသူတွေကတော့ ဒီဘာသာရပ်နဲ့ ဆက်စပ်နှီးနွှယ်သည့် လုပ်ငန်းလုပ်ကိုင်သူများ (ဘာသာပြန်/စကားပြန် ပြုလုပ်သူများ၊ ဘာသာစကား သင်ကြားသူများ၊ သတင်းမီဒီယာ လုပ်ငန်းဆောင်ရွက်နေသူများ) လျှောက်ထားနိုင်ပါတယ်။

၎. သင်တန်းဝင်ခွင့် လျှောက်လွှာကို ၂၀၁၇ ခုနှစ်၊ နိုဝင်ဘာလ ၆ ရက်နေ့မှ ၁၅ ရက်ထိ လျှောက်ထားနိုင်ပြီး သင်တန်းဝင်ခွင့် စာမေးပွဲဖြေဆိုရပါမည်။

သင်တန်းနှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ရုံးချိန်အတွင်း မော်ကွန်းထိန်းရုံးခန်း (ကျောင်းသားရေးရာဌာန/စာမေးပွဲဌာန)တွင် လာရောက် စုံစမ်းမေးမြန်းနိုင်ပါသည်။

Contact Detail

ဖုန်း-၅၁၅၂၃၆၊ ၅၃၅၉၈၅

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: YUFL

News Read 8489 times