အမှတ်စဉ် (၃၆) ၏ ပထမနှစ်သင်တန်းကို ၂၀၁၇ ခုနှစ် အောက်တိုဘာလ ၁ ရက်မှ အောက်တိုဘာလ ၁၅ ရက်အထိ လည်းကောင်း၊ အမှတ်စဉ် (၃၅)၏ ဒုတိယနှစ်သင်တန်းအတွက် ၂၀၁၈ ခုနှစ် ဧပြီ၊ မေသင်တန်းကာလကို ဧပြီ ၁၉ ရက်မှ မေ ၄ ရက် အထိလည်းကောင်း နှစ်ကြိမ်ဖွင့်လှစ်သင်ကြားပေးမည် ဖြစ်သည်။
ထိုသင်တန်းများအတွက် စာမေးပွဲကို ၂၀၁၈ ခုနှစ် မေ ၇ ရက်မှ မေ ၁၁ ရက်အထိ ကျင်းပမည်ဖြစ်ကြောင်းနှင့် သင်တန်းကာလနှစ်ကြိမ်တက်ရောက်ရန်အတွက် ၂၀၁၇ ခုနှစ် စက်တင်ဘာလ ၃၀ ရက်နှင့် ၂၀၁၈ ခုနှစ် ဧပြီလ ၁၈ ရက်တို့တွင် ရန်ကုန်ပညာရေးကောလိပ် စာပေးစာယူ သင်တန်းဌာန၌ သတင်းပို့ရမည် ဖြစ်ကြောင်း သိရသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: မြ၀တီ