ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဦးရေ တိုးခေါ်မည်

ရန်ကုန်ပညာရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူဦးရေ တိုးခေါ်မည်

 ယခုနှစ်တွင် ရန်ကုန်ပညာရေး တက္ကသိုလ်ဝင်ခွင့်ကို ကျောင်း သား၊ ကျောင်းသူ ၄၀၀ ဦးသာ လက်ခံရန် မူလက သတ်မှတ်ထားသော်လည်း လျှောက်ထားသူများ၍ အ နည်းဆုံး ၅၀ ဦးခန့် တိုးမြှင့်လက်ခံ ရန်လျာထားကြောင်း ပါမောက္ခ ချုပ် ဒေါက်တာအေးအေးမြင့်က ပြောသည်။

၂၀၁၈ တက္ကသိုလ်ဝင်စာမေး ပွဲ ရမှတ်စုစုပေါင်း ၄၀၀ နှင့် အထက်ရရှိသူများအား ရန်ကုန်ပညာရေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားခွင့်ပြုခဲ့ရာ လျှောက်ထားသူ ၂,၆၀၀ ကျော်ရှိခြင်းကြောင့် ကျောင်း၏ ၀င်ဆံ့ပမာဏပေါ်မူတည်ကာ တိုးမြှင့်လက်ခံပေးရန် စီစဉ်ခြင်းဖြစ်သည်။

‘‘သတ်မှတ် ၄၀၀ ဦးထက် တိုးခေါ်မှာပါ။ အနည်းဆုံး ၅၀ ပေါ့။ဘယ်လောက် ခေါ်မယ်ဆိုတာ တော့ အခုအတိအကျမပြောနိုင် သေးဘူး’’ဟု ဒေါက်တာ အေးအေး မြင့်က ပြောသည်။

ယခင်နှစ်များက မြန်မာနိုင်ငံ အောက်ပိုင်းဒေသများမှ ကျောင်း သား၊ ကျောင်းသူများအား ရန်ကုန် ပညာရေးတက္ကသိုလ်တွင် ဦးစား ပေးလက်ခံခဲ့သော်လည်း ယခုနှစ် တွင် ဒေသမရွေးဝင်ခွင့်လျှောက် ထားခွင့်ပြုခဲ့သည်။

သိပ္ပံ ဘာသာတွဲအတွက် အနိမ့်ဆုံး ၄၅၅ မှတ်၊ ၀ိဇ္ဇာ+သိပ္ပံဘာသာတွဲအတွက် ၄၂၀မှတ်၊၀ိဇ္ဇာ ဘာသာတွဲ ၄၀၀ မှတ် ရရှိမှသာဝင်ခွင့်လျှောက်ထားခွင့်ပြုခဲ့သော် လည်း ရန်ကုန်ပညာရေးတက္က သိုလ်၏ စာရင်းများအရ လျှောက် ထားသူ ၂,၆၂၄ ဦးရှိခဲ့သည်။

ရန်ကုန်ပညာရေးတက္ကသိုလ် ၀င်ခွင့်လျှောက်ထားသူများအား သြဂုတ် ၄ ရက်မှ ၇ ရက်အထိ လူ တွေ့နှုတ်ဖြေစစ်ဆေးခဲ့ပြီး ၀င်ခွင့် အရည်အချင်းပြည့်မီသူများကို တိုင်းဒေသကြီး၊ ပြည်နယ်ခွဲတမ်း များအရ လက်ခံမည်ဟု ၂၀၁၈ တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ကြေညာထားသည်။

‘‘နှုတ်ဖြေတွေတော့ စစ်ပြီးပြီ။ ဘယ်နှယောက်ခေါ်မယ်ဆိုတာ မျိုး System အပြောင်းအလဲတွေ က အစည်းအဝေးတစ်ခုလုပ်ပြီး သြဂုတ် ၂၇ လောက်မှာ အတိအ ကျသိရမယ်’’ဟု ဒေါက်တာ အေး အေးမြင့်က ပြောသည်။

ဝင်ခွင့်ရစာရင်းများကို စက် တင်ဘာ ၁၇ ရက်တွင် ကြေညာ မည်ဖြစ်ပြီး စက်တင်ဘာ ၁၇ ရက်မှ အောက်တိုဘာ ၁၇ ရက်အတွင်း ကျောင်းအပ်ရမည်ဖြစ်သည်။

ရန်ကုန်ပညာရေးတက္ကသိုလ် သင်တန်းကာလကို ငါးနှစ်သတ်မှတ်ထားပြီး သင်တန်းပြီးဆုံးပါက ပညာရေးဘွဲ့ (B.Ed) ပေးအပ် သည်။

၂၀၁၇ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ် အနိမ့်ဆုံးဝင်ခွင့်ရမှတ်သည် ၄၂၈ မှတ်ဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်ကိုင်းနှင့် ရန်ကုန်၌သာပညာရေးတက္ကသိုလ် နှစ်ခုဖွင့်လှစ်ထားပြီး ယခုနှစ်တွင် စစ်ကိုင်း ပညာရေးတက္ကသိုလ်က မြန်မာနိုင်ငံ အထက်ပိုင်းမှ ကျောင်းသား၊ ကျောင်းသူ ၄၀၀ ဦးကို လက်ခံသင်ကြားမည်ဟု ကြေ ညာထားသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန်website တွင် ပါဝင်သောသင်တန်းများ ကျောင်းများ၊ Scholarship၊ Knowledgeများနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day

News Read 4868 times