စဉ် |
သင်တန်း |
အပ်နှင်းမည့်ဘွဲ့ |
သင်တန်းကာလ |
လက်ခံခွင့်ပြုမည့်ဦးရေ |
မှတ်ချက် |
(က) |
Bachelor of Education |
Bed |
(၅) နှစ် |
(၄၀၀) ဦး |
အချိန်ပြည့် |
၂။ ရန်ကုန်ပညာရေးတက္ကသိုလ်၏ ပညာရေးဘွဲ့ကြိုသင်တန်းသို့ ၀င်ခွင့်လျှောက်ထားလိုသူများသည် ၂၀၁၈ ခုနှစ် မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်ခဲ့ပြီး သိပ္ပံဘာသာတွဲအတွက် အနိမ့်ဆုံးရမှတ် (၄၅၅)၊ ၀ိဇ္ဇာ+သိပ္ပံဘာသာတွဲအတွက် အနိမ့်ဆုံးရမှတ် (၄၂၀) နှင့် ၀ိဇ္ဇာဘာသာတွဲ အတွက် အနိမ့်ဆုံးရမှတ် (၄၀၀) ရရှိသူ ဖြစ်ရမည်။
ရန်ကုန်ပညာရေးတက္ကသိုလ်သို့ ၀င်ခွင့်လျှောက်ထားသူများအတွက် အရည်အချင်းသတ်မှတ်ချက်နှင့် ၀င်ခွင့်လျှောက်ထားခြင်းဆိုင်ရာ အသေးစိတ် ဖော်ပြချက်များကို တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်တွင် ထည့်သွင်းဖော်ပြထားသည်။
၃။ ရန်ကုန်ပညာရေးတက္ကသိုလ်၏ ၀င်ခွင့်လျှောက်လွှာပုံစံကို ပညာရေးဝန်ကြီးဌာန website www.moe.gov.mm နှင့် ရန်ကုန်ပညာရေးတက္ကသိုလ် website www.yuoe.edu.mm တို့မှ downloap ရယူ၍လည်းကောင်း၊
၂၀၁၈ ခုနှစ်၊ ဇွန်လအတွင်း အသေးစိတ်ကြေညာထားရှိမည့် နေ့စဉ်ထုတ် သတင်းစာများမှလည်းကောင်း (ပူးတွဲ)၊ ရန်ကုန်ပညာရေးတက္ကသိုလ် သင်တန်းရေးရာဌာနမှလည်းကောင်း ၀င်ခွင့်လျှောက်လွှာ ပုံစံရယူပြီး
ရန်ကုန်ပညာရေးတက္ကသိုလ် သင်တန်းရေးရာဌာနသို့ တိုက်ရိုက်လျှောက်ထားရမည်။
၎။ တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာထုတ်ပေး/လက်ခံမည့်ရက် - ၁၅.၆.၂၀၁၈ (သောကြာနေ့)မှ ၁၅.၇.၂၀၁၈ (တနင်္ဂနွေနေ့) ထိ
၅။ လျှောက်လွှာတင်သွင်းရမည့်နေရာ - ကျောင်းသားရေးရာဌာန၊ ရန်ကုန်ပညာရေးတက္ကသိုလ် အမှတ် (၃၁၇)၊ ပြည်လမ်း၊ ကမာရွတ်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
၆။ လူတွေ့နှုတ်ဖြေစစ်ဆေးမည့်နေ့ရက် - ၆.၈.၂၀၁၈ (တနင်္လာနေ့မှ) ၇.၈.၂၀၁၈ (အင်္ဂါနေ့) ထိ
၇။ တက္ကသိုလ်ဝင်ခွင့်ရရှိသူများ စာရင်းကြေညာမည့်နေ့ရက် - ၁၆.၈.၂၀၁၈ (ဗုဒ္ဓဟူးနေ့)
၈။ ကျောင်းဝင်မှတ်ပုံတင်ဆောင်ရွက်ရမည့်နေ့ - ၁၆.၈.၂၀၁၈ (ကြာသပတေးနေ့) မှ ၁၂.၉.၂၀၁၈ (ဗုဒ္ဓဟူးနေ့) ထိ
၉။ သင်တန်းစတင်ဖွင့်လှစ်မည့်နေ့ရက် - ၃.၁၂.၂၀၁၈ (တနင်္လာနေ့)
၁၀။ လျှောက်လွှာနှင့်အတူ အောက်ဖော်ပြပါ အထောက်အထားများကို ပူးတွဲတင်ပြရမည် -
(က) တက္ကသိုလ်ဝင်စာမေးပွဲတွင် ရရှိသော ရမှတ်စာရင်း (မူရင်း)
(ခ) (၆) လတွင်း ရိုက်ထားသည့် လိုင်စင်ဓာတ်ပုံ (၆) ပုံ (နောက်ခံအပြာရောင်နှင့် ကာလာဓာတ်ပုံ)
(ဂ) နေထိုင်ကြောင်းရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူး၏ ထောက်ခံစာ (မူရင်း)
(ဃ) အိမ်ထောင်စုစာရင်းမိတ္တူ
(င) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကတ်ပြား (မိတ္တူ)
၁၁။ အသေးစိတ်သိရှိလိုပါက ရန်ကုန်ပညာရေးတက္ကသိုလ် သင်တန်းရေးရာဌာန၊ ဌာနမှူး (သင်တန်းရေးရာ)၊ (ဖုန်းနံပါတ် ၀၁-၅၂၆၉၃၇၊ ၀၉-၉၇၉၆၀၂၉၀၇) ထံတွင်လည်းကောင်း၊ မော်ကွန်းထိန်း (ဖုန်းနံပါတ် ၀၁-၅၃၄၂၇၃၊
၀၉-၉၇၀၆၀၈၀၃၃) ထံတွင်လည်းကောင်း ရုံးချိန်အတွင်း ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ပါသည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: yuoe