ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်အတွက် လျှောက်လွှာခေါ်ယူ

ရန်ကုန်ပညာရေးတက္ကသိုလ် ပညာရေးဘွဲ့ စာပေးစာယူ ပထမနှစ်အတွက် လျှောက်လွှာခေါ်ယူ

လျှောက်ထားခွင့် ရှိသူတွေအနေနဲ့ ဝင်ခွင့်စာမေးပွဲဖြေဆို ရမှာဖြစ်ပါတယ်။

အခြေခံပညာ ဦးစီးဌာနများနဲ့ ပညာရေးသုတေသန စီမံကိန်းနှင့်လေ့ကျင့်ရေး ဦးစီး ဌာနအောက်ရှိ အခြေခံပညာကျောင်းများမှာ အထက်တန်းပြ၊ မူလတန်းကျောင်းအုပ်၊ အလယ်တန်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူတွေနဲ့ အထက်တန်းပြ (သို့) အလယ် တန်းပြ လစာနှုန်းတူ သင်ကြားရေးနဲ့ သက်ဆိုင်သူများ၊ ပညာရေးကောလိပ်များတွင် နည်းပြအဖြစ် တာဝန်ထမ်းဆောင်နေသူတွေ လျှောက်ထားခွင့်ရှိမှာ ဖြစ်ပါတယ်။

ဒါ့အပြင် ဘွဲ့တစ်ခုခုရရှိပြီး ပညာရေးဘွဲ့ (B.Ed) မရရှိသေးသူဖြစ်ရမှာဖြစ်ပြီး အခြားသင်တန်းတစ်ခုခု တက်ရောက်နေသူ မဖြစ်ရန်လိုအပ်တယ်လို့ သိရပါတယ်။

ဝင်ခွင့်စာမေးပွဲကို ဇန်နဝါရီလ ၂၈ ရက်မှာ စစ်ဆေးသွားမှာ ဖြစ်ပါတယ်။

အထူးပြုဘာသာရပ် ရွေးချယ်လျှောက်ထားရာမှာ ဘာသာရပ်ကျွမ်းကျင်မှု၊ သင်ပြ နည်းကျွမ်းကျင်မှုတို့အတွက် အထူးပြုဘာသာရပ် တစ်ခုတည်းကိုသာ ရွေးချယ်ဖြေဆို သင်ယူခွင့်ပြုမှာဖြစ်ပါတယ်။

READ - မူလတန်းပြ ဆရာ၊ ဆရာမနှစ်သိန်းခန့်ကို ဒုတိယတန်းသင်ရိုးသစ် နည်းပြသင်တန်း ပေးမည်

ဝင်ခွင့်စာမေးပွဲတွင် ဘာသာရပ်အလိုက် တက္ကသိုလ်ဝင်တန်း သင်ရိုးညွှန်းတမ်းနှင့် သက်ဆိုင်ရာအထူးပြု ဘာသာရပ်ရဲ့ တက္ကသိုလ်ပညာ သင်ရိုးညွှန်းတမ်းမှ ဘွဲ့ကြို သင်တန်းပထမနှစ်၊ ဒုတိယနှစ်သင်ရိုးအထိ လေ့လာရန်ဖြစ်ပြီး ဘာသာရပ် ကျွမ်းကျင်မှုကို ၃ နာရီမေးခွန်းဖြင့် ရေးဖြေစစ်ဆေးမှာ ဖြစ်ပါတယ်။

ဝင်ခွင့်စာမေးပွဲဖြေဆိုရာမှာ မြန်မာစာဘာသာရပ်မှအပ ကျန်ဘာသာရပ်များကို အင်္ဂလိပ်ဘာသာဖြင့် ဖြေဆိုရမှာဖြစ်ပါတယ်။

လုပ်သက်ကြီးစဉ်အုပ်စုဖြင့် တက်ရောက်နိုင်ရန် ဝင်ခွင့်စာမေးပွဲ ဖြေဆို လျှောက်ထား ရာမှာ ပညာရေး B.Ed ဘွဲ့မရသေးသော သင်ကြားရေး တာဝန်ထမ်းဆောင်နေသော အထက်တန်းပြများ၊ အလယ်တန်းပြများ၊ မူလတန်းကျောင်းအုပ်များ ဖြစ်ရပါတယ်။

လျှောက်ထားသူအနေနဲ့ အလယ်တန်းပြနှင့် အထက်ရာထူးလုပ်သက် အနည်းဆုံး ၁၀ နှစ် ရှိရမှာဖြစ်ပါတယ်။

ဝင်ခွင့်စာမေးပွဲဖြေဆိုအောင်မြင်မှသာ သင်တန်းတက် ရောက်ခွင့်ရှိရမှာ ဖြစ်ပြီး သင်တန်းကာလအနေနဲ့ ၂ နှစ်ကြာမြင့်မှာ ဖြစ်ပါတယ်။

လျှောက်လွှာတင်သွင်းရာမှာ သတ်မှတ်ချက်နဲ့ ကိုက်ညီတဲ့ ဝင်ခွင့်စာမေးပွဲ လျှောက်လွှာ ပုံစံတွေကို တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူး ရုံးတွေမှာ ရယူပြီး သက်ဆိုင်ရာကျောင်းအုပ်ကြီးတွေရဲ့ ထောက်ခံချက်နဲ့အတူ မြို့နယ် ပညာရေး မှူးရုံးများသို့ ဒီဇင်ဘာလ ၂၈ ရက်နောက်ဆုံးထားပြီး လျှောက်ထားရမှာ ဖြစ်ပါတယ်။

အသေးစိတ် အချက်အလက်တွေကို ရန်ကုန်ပညာရေးတက္ကသိုလ် ဖုန်း ၀၉- ၇၉၅၄၁၁၀၂၂ သို့ ဆက်သွယ်စုံစမ်း နိုင်မှာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: internet journal

News Read 3194 times