ဘီအီးဒီ ဝင်ခွင့်စာပေးစာယူ သင်တန်းတွေကို ပြီးခဲ့တဲ့ ၂၀၁၇ ခု နှစ် ဒီဇင်ဘာလ အတွင်းမှာ စတင် ခေါ်ယူခဲ့တာ ဖြစ်ပြီး ဒီဇင်ဘာလ ၂၈ ရက် နေ့ နောက်ဆုံးထား လျှောက်ထားခွင့်ပြုခဲ့တာ ဖြစ်ပါ တယ်။
အခြေခံပညာ ဦးစီးဌာနတွေနဲ့ ပညာရေးသုတေသနစီမံကိန်းနဲ့ လေ့ကျင့်ရေး ဦးစီးဌာနအောက်မှာ ရှိတဲ့ အခြေခံပညာ ကျောင်းတွေမှာ အထက်တန်းပြ၊ မူလတန်း ကျောင်းအုပ်တွေ အပါအဝင် အလယ်တန်းပြ အဖြစ် တာဝန်ထမ်း ဆောင်နေသူတွေ လျှောက်ထား ကြ တာ ဖြစ်ပါတယ်။
ဝင်ခွင့် စာမေးပွဲ ဖြေ ဆိုဖို့ လျှောက်ထားသူတွေကို တိုင်းဒ သကြီး၊ ပြည်နယ်တွေရဲ့ ဆရာလိုအပ်ချက်နဲ့ ဘာသာရပ်ဆိုင်ရာ လိုအပ်ချက်ပေါ် မူတည်ပြီး ဝင်ခွင့် စာမေးပွဲရမှတ်အများ၊ အနည်းတန်း စီ ဇယားနဲ့ ရွေးချယ်မယ်လို့ သိရပါတယ်။
ဝင်ခွင့်ရေးဖြေစာမေးပွဲတွေကို ဇန်နဝါရီလ ၂၈ ရက်နေ့ မနက်၉းဝ၀ နာရီကနေ ၁၂းဝ၀ နာရီအထိ ပြုလုပ်မှာ ဖြစ်ပါတယ်။
မြစ်ကြီးနား၊ လွိုင်ကော်၊ မင်းတပ်၊ မကွေး၊ တောင်ကြီး၊ ကျိုင်းတုံ၊ ဗန်းမော်၊ ဟားခါး၊ မုံရွာ၊ မန္တလေး၊ လားရှိုး၊ နေပြည်တော် စတဲ့ မြို့တွေမှာ စာစစ်ဌာနတွေ ဖွင့်လှစ်စစ်ဆေးမှာ ဖြစ်ပါတယ်။
အသေးစိတ်အချက်အလက်တွေကို သိရှိလိုပါက ရန်ကုန် ပညာရေးတက္ကသိုလ်ပညာရေး ဘွဲ့ စာပေးစာယူ သင်တန်းဌာနကို ဆက်သွယ်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: kumudranews