၎င်းတက္ကသိုလ်တွင် ယခင်က ကျောင်းသား/ကျောင်းသူ ၃၀၀ ခန့်သာ နှစ်စဉ် လက်ခံသင်ကြား ပေးခဲ့သော်လည်း ယခုပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူ ၄၀၀ အထိ တိုးမြှင့်လက်ခံလိုက်ပြီ ဖြစ်ကြောင်း သိရပါတယ်။
လက်ရှိမှာတော့ ပြည်၊ တကောင်း၊ ပုဂံ၊ န၀ဒေးနဲ့ အုန်းတောဆောင်တွေကို ကျောင်းသူဆောင်တွေအဖြစ် ထားရှိပြီး ကျောင်းသား/ကျောင်းသူတွေ အဆောင်နေထိုင်ဖို့ လိုအပ်ချက်အရ ပညာရေးတက္ကသိုလ်ရဲ့ စာသင်ဆောင်တွေနောက်မှာ ယာယီကျောင်းသူဆောင်ဖွင့်လှစ်ပေးထားရကြောင်း သိရပါတယ်။
ယခုဆိုလျှင် သံပျင်အမျိုးသမီးဆောင်သစ်ကို ဖွင့်လှစ်ပေးနိုင်လို့ ပညာသင်ကြမယ့် ကျောင်းသူတွေ အတွက် အထောက်အကူဖြစ်စေမှာပါဟု ဒေါက်တာ အေးအေးမြင့်က ပြောကြားခဲ့ကြောင်း သိရပါတယ်။
ယခုအခါ စာသင်နှစ် လေးနှစ်မှ ငါးနှစ်သို့ တိုးမြှင့်လိုက်ခြင်းကြောင့် ကျောင်းသား/ကျောင်းသူများ နေထိုင်ရန် အဆောင်များ ပိုမိုလိုအပ်လာသဖြင့် သံပျင်အမျိုးသမီးဆောင်သစ်ကို ထပ်မံဖွင့်လှစ်ပေး လိုက်ကြောင်း သိရပါတယ်။
သံပျင်ဆောင်သည် ငါးထပ်အဆောက်အအုံဖြစ်ပြီး Gegal Construction Company က တည်ဆောက်ထား ကာ ဓာတ်လှေကားများ တပ်ဆင်ထားသဖြင့် ပညာရေးတက္ကသိုလ်မှ အနည်းဆုံးကျောင်းသူပေါင်း ၃၆၀ ခန့် နေထိုင်နိုင်ကြောင်းလည်း သိရပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: Myawaddy