ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ)
(က) ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီးနယ်မြေ) တွင် အောက်ပါဘာသာရပ်များကို သင်ကြားပို့ချမည်ဖြစ်ပြီး သတ်မှတ်ချက်များကိုက်ညီပါက လျောက်ထားနိုင်သည် -
စဉ် |
သင်တန်း |
အပ်နှင်းမည့်ဘွဲ့ |
သင်တန်းကာလ |
1. |
Bachelor of Economics (Economics) |
B.Econ (Eco) |
၎ နှစ် |
2. |
Bachelor of Economics (Statistics) |
B.Econ (Stats) |
၎ နှစ် |
3. |
Bachelor of Commerce |
B.Com |
၎ နှစ် |
4. |
Bachelor of Business Administration |
B.B.A |
၎ နှစ် |
(ခ) ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူဖြစ်ရမည်။
(ဂ) တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စုစုပေါင်းရမှတ် (၄၀၀) နှင့်အထက် ရရှိသူဖြစ်ရမည်။
(ဃ) မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့သည့် စာစစ်ဌာနအားလုံးမှ အောင်မြင်သူများ လျှောက်ထားနိုင်သည်။
(င) စုစုပေါင်း ကျောင်းသားဦးရေ (၁၂၀၀) ဦး လက်ခံပါမည်။
(စ) ရန်ကုန်စီးပွားရေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားလိုသူများသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ သတ်မှတ်လျှောက်လွှာပုံစံဖြင့် တိုက်ရိုက်လျှောက်ထားရမည်။
(ဆ) ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့ ၀င်ခွင့်လျှောက်ထားလိုသူများသည် လူတွေ့စစ်ဆေးခြင်းဖြေဆိုရမည် ဖြစ်ပြီး အချိန်နေရာ သတ်မှတ်ချက်ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် စုံစမ်းနိုင်ပါသည်။
(ဇ) ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့ ၀င်ခွင့်လျှောက်ထားသူများသည် မိမိကိုင်ဆောင်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်) (ပြု) (ဧည့်) နိုင်ငံသားလက်မှတ် အမှတ်များကို အပြည့်အစုံ ဖော်ပြ၍ မိတ္တူကို တစ်ပါတည်း ပူးတွဲလျှောက်ထားရမည်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)
(က) ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ)တွင် အောက်ပါ ဘာသာရပ်များကို သင်ကြားပို့ချမည် ဖြစ်ပြီး သတ်မှတ်ချက်များကိုက်ညီပါက လျှောက်ထားနိုင်သည်။
စဉ် |
သင်တန်း |
အပ်နှင်းမည့်ဘွဲ့ |
သင်တန်းကာလ |
1. |
Bachelor of Accounting |
B.Act |
၎ နှစ် |
2. |
Bachelor of Population Studies |
B.P.S |
၎ နှစ် |
3. |
Bachelor of Public Administration |
B.P.A |
၎ နှစ် |
4. |
Bachelor of Development Studies |
B.Dev.S |
၎ နှစ် |
(ခ) ၂၀၁၈ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို မည်သည့်ဘာသာတွဲဖြင့်မဆို အောင်မြင်သူဖြစ်ရမည်။
(ဂ) တက္ကသိုလ်ဝင်တန်းစာမေးပွဲတွင် စုစုပေါင်းရမှတ် (၄၅၀) နှင့်အထက် ရရှိသူဖြစ်ရမည်။
(ဃ) မြန်မာတစ်နိုင်ငံလုံးရှိ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခဲ့သည့် စာစစ်ဌာနအားလုံးမှ အောင်မြင်သူများ လျှောက်ထားနိုင်သည်။
(င) စုစုပေါင်း ကျောင်းသားဦးရေ (၂၀၀) ဦး လက်ခံပါမည်။
(စ) ရန်ကုန်စီးပွားရေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားလိုသူများသည် ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ သတ်မှတ်လျှောက်လွှာပုံစံဖြင့် တိုက်ရိုက်လျှောက်ထားရမည်။
(ဆ) ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့ ၀င်ခွင့်လျှောက်ထားလိုသူများသည် လူတွေ့စစ်ဆေးခြင်းဖြေဆိုရမည် ဖြစ်ပြီး အချိန်နေရာ သတ်မှတ်ချက်ကို ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် စုံစမ်းနိုင်ပါသည်။
(ဇ) ရန်ကုန်စီးပွားရေးတက္ကသိုလ်သို့ ၀င်ခွင့်လျှောက်ထားသူများသည် မိမိကိုင်ဆောင်သော နိုင်ငံသားစိစစ်ရေးကတ်ပြားအမှတ် (နိုင်) (ပြု) (ဧည့်) နိုင်ငံသားလက်မှတ် အမှတ်များကို အပြည့်အစုံ ဖော်ပြ၍ မိတ္တူကို တစ်ပါတည်း ပူးတွဲလျှောက်ထားရမည်။
၂။ ၀င်ခွင့် လျှောက်လွှာ ထုတ်ယူခြင်း၊ ပြန်လည်တင်သွင်းခြင်း အစီအစဉ်တို့ကို အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည်။
* ၀င်ခွင့် လျှောက်လွှာလက်ခံမည့်ရက် - ၁၅.၆.၂၀၁၈ မှ ၁၅.၇.၂၀၁၈ ထိ
* ၀င်ခွင့်စာရင်းကြေညာမည့်ရက် - ၁၅.၈.၂၀၁၈
* ကျောင်းအပ်လက်ခံမည့်ရက် - ၁၆.၈.၂၀၁၈ မှ ၁၂.၉.၂၀၁၈ ထိ
* ၀င်ခွင့်လျှောက်လွှာပုံစံထုတ်ယူရန်နှင့် ပြန်လည်တင်သွင်းရမည့်နေရာ - သင်တန်းရေးရာဌာန၊ ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ ကမာရွတ်နယ်မြေ (ပြည်လမ်းနှင့် အင်းယားလမ်းထောင့်)
၃. အသေးစိတ်အချက်အလက်များ၊ သင်တန်းဝင်ခွင့်ကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာ မော်ကွန်းထိန်း (ကျောင်းသားရေးရာ) (ဖုန်းနံပါတ်- ၀၉၇၃၂၄၁၀၀၇၊ ၀၁၅၂၆၆၁၃) ထံတွင်လည်းကောင်း စုံစမ်းနိုင်ပါသည်။
(**မှတ်ချက်-သတ်မှတ်ရက်ထက်ကြိုတင်၍ လက်ခံပေးမည်မ ဟုတ်ပါသဖြင့် လေးစားစွာအသိပေးပါသည်)
တက္ကသိုလ်ဝင်ခွင့်လျှောက်ထားရန်အဓိက လိုအပ်ချက်များ
၁။ လိုင်စင်ဓာတ်ပုံ ၆ ပုံ
၂။ အမှတ်စာရင်းမူရင်း
၃။ ကျောင်းသားနှင့်မိဘတို့၏ နိုင်ငံသားစိစစ်ရေးကတ်
နိုင်/ပြု/ဧည့်(မိတ္တူပူးတွဲတင်ပြရမည်)
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ၊ ကျောင်းများ၊ Scholarship၊ Knowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: ရန်ကုန်စီးပွားရေးတက္ကသိုလ်