ရန်ကုန်စီးပွားရေးတက္ကသိုလ်ဝင်ခွင့်

ရန်ကုန်စီးပွားရေးတက္ကသိုလ်ဝင်ခွင့်

- ဘွဲ့ကြို/ဘွဲ့လွန်သင်တန်းများ အားလုံးတက်ရောက်ရပြီး ၂၀၁၅-၂၀၁၆ ပညာ သင်နှစ်မှ စ၍ ပထမနှစ် သင်တန်းများ အတွက် BCom, BBA, BEcon(Eco), BEcon(Stats) အထူးပြုဘာသာ/ဘွဲ့လေးမျိုး တက်ရောက်သင်ကြားနိုင်ပါသည်။

- ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်း ရမှတ် ၃၅၀ နှင့် အထက် (တစ်ဘာသာချင်း ၅၀မှတ်နှင့် အထက်) ရရှိသူများ လျှောက်ထားနိုင်ပြီး ရွေးချယ်ပြီးချိန်၌ ဦးရေ ၁၂၀၀ ပြည့်ပါက အနိမ့်ဆုံးဝင်ခွင့်ရမှတ်ကို သိနိုင်ပါမည်။

READ - တက္ကသိုလ် ဒီဂရီကောလိပ် နေ့သင်တန်းစာမေးပွဲများကို စက်တင်ဘာလတွင် ကျင်းပမည် (မေးခွန်းများကို ကျောင်းသားအများစုဖြေဆိုနိုင်စေရန် ဆောင်ရွက်မည်ဟုဆို)

၂. လှိုင်နယ်မြေ

- ၂၀၁၅-၂၀၁၆ ပညာသင်နှစ်မှ စတင်၍ BAct, BPA, BDevS, BPS အထူးပြု ဘာသာ/ဘွဲ့လေးမျိုး အတွက် တက်ရောက်သင်ကြားနိုင်ပြီး ၂၀၁၇ ခုနှစ် အတွက် တက္ကသိုလ်ဝင်တန်း ရမှတ် စုစုပေါင်း ၄၅၀မှတ်နှင့်အထက် ရရှိသူများသာ လျှောက်ထားနိုင်ပါသည်။

- တစ်ဘာသာလျင် ၅၀ ဦးနှင့် လေးဘာသာအတွက် ၂၀၀ ဦးသာ ရွေးချယ်မည်ဖြစ်ပြီး ရွေးချယ်ပြီးချိန်တွင် အနိမ့်ဆုံးရမှတ်ကို သိနိုင်ပါမည်။

ထို campus အနီးတွင် DMA, MBA, Online MBA သင်တန်းများဖွင့်လှစ်သည့် စီမံခန့်ခွဲမှု ပညာဌာန (ပတ္တမြားဆောင်) ရှိပါသည်။ လမ်းတစ်ဖက်တွင် UNESCO နှင့်ပူးပေါင်းကာ Business Skills Development for youth သင်တန်းများဖွင့်ပေးသည့် Center တစ်ခုလည်း ရှိပါသည်။ MIEDC နှင့် CHRD သင်တန်းများ ဖွင့်လှစ်ရာ နယ်မြေ လည်းဖြစ်ပါသည်။

၃. ကမာရွတ်နယ်မြေ

- ဘွဲ့လွန်သင်တန်းများဖြစ်သည့် MDevS, EMDevS, MPA, EMPA, MBF, MAS, DRS, DIM သင်တန်းများနှင့် PhD prelim တန်းများ တက်ရောက်ရသည့်နယ်မြေဖြစ်ပါသည်။

“၂၀၁၇ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီး ရန်ကုန်စီးပွားရေးတက္ကသိုလ်ဝင်ခွင့်လျှောက်ထားလိုသူများ သိရှိစေရန် ဖြစ်ပါတယ်”

- ဦးစားပေးအစီအစဉ်တွင် "ရန်ကုန်စီးပွားရေးတက္ကသိုလ်" ဟု ရေးပါက ရွာသာကြီးနယ်မြေရှိ ဘာသာများအတွက် ဖြစ်ပါမည်။

- ရန်ကုန်စီးပွားရေးတက္ကသိုလ်(လှိုင်နယ်မြေ)ဟု ရေးပါက ရမှတ် ၄၅၀နှင့်အထက် ရရှိသူများသာ ဖြည့်သွင်း လျှောက်ထားနိုင်မည်ဖြစ်ပါသည်။

ရန်ကန်စီးပွားရေးတက္ကသိုလ် နယ်မြေများတွင် ၀င်ခွင့်ရပြီးနောက် အထူးပြုဘာသာ ရွေးချယ်ခြင်းအတွက် ကျောင်းအပ်နှံသည့်အချိန်၌ ပုံစံဖြည့်သွင်းစေပြီး နှစ်သက်ရာ အထူးပြုဘာသာကို မိမိတို့စိတ်တိုင်းကျ လျှောက်ထားကြရပါမည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: Sayar U Than Soe Oo (facebook)

Government School Read 6658 times