ရန်ကုန်အဝေးသင်တက္ကသိုလ်ဖွင့်လှစ်မည့် Online Diploma in Business

ရန်ကုန်အဝေးသင်တက္ကသိုလ်ဖွင့်လှစ်မည့် Online Diploma in Business

ရန်ကုန်အဝေးသင်တက္ကသိုလ်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာနတွင် Online ဖြင့်ဘွဲ့ဒီပလိုမာသင်တန်း (Post Graduate Diploma in Business) (PGDB) ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း ဖြစ်ပါသည်။


၁။ ရန်ကုန်အဝေးသင်တက္ကသိုလ်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု၊ အစီအစဉ်ဖြင့် စီးပွားရေးပညာဌာနမှ ဦးစီး၍ Online ဖြင့် Post Graduate Diploma in Business (PGDB) ကို ၂၀၁၉ အောက်တိုဘာလ (၁) ရက်နေ့တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသဖြင့် ထိုသင်တန်းသို့ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။သင်တန်းကာလသည် (၁၀) လ သင်တန်းဖြစ်ပါသည်။


၂။ အဆိုပါ ဘွဲ့လွန်ဒီပလိုမာသင်တန်းအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်။
** အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရပါမည်။
** သင်တန်းသို့ အစိုးရဌာနများနှင့် NGO များမှ ဘွဲ့ရအရာထမ်းများအပြင် ပြင်ပပုဂ္ဂိက စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသော ဘွဲ့ရပုဂ္ဂိုလ်များပါ လျှောက်ထားနိုင်ပါသည်။


၃။ ဝင်ခွင့်အတွက် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို ရန်ကုန်အဝေးသင်တက္ကသိုလ် စီးပွားရေးပညာဌာန၏ website www.udeeco.edu.mm မှတစ်ဆင့် (၅-၉-၂၀၁၉) ရက်မှစ၍ Online ဖြင့် Register လုပ်နိုင်ပါသည်။


၎။ သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေ ပြည့်ပါက Register ပိတ်မည်ဖြစ်ပါသည်။


၅။ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီးသူများအား email ဖြင့်အကြောင်းကြားပါမည်။


၆။ သင်တန်းများနျှင့်ပတ်သက်၍ ဖုန်းနံပါတ် (၀၁-၂၃၀၆၉၃၈၊ ၀၁-၅၂၅၈၂၄) တို့တွင် အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါသည်။


၇။ ဆက်သွယ်ရန်လိပ်စာမှာ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ သထုံလမ်းတွင် ဆက်သွယ်နိုင်ပါသည်။

 

Read More>>>>> မန္တလေးအဝေးသင် ဘွဲ့နှင်းသဘင် လျှောက်လွှာခေါ်ယူ


၈။ အသေးစိတ်သိလိုပါက ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် လာရောက်စုံစမ်းနိုင်ပါသည်။


(ဌာနမှူး၊ သင်တန်းရေးရာ)
(ရန်ကုန်အဝေးသင်တက္ကသိုလ်)
(အမှတ် (၄၇)၊ အင်းယားလမ်း၊ ကမာရွတ်မြို့နယ်)


Source: ရန်ကုန်အဝေးသင်တက္ကသိုလ်)

 

News Read 3403 times