ရန်ကုန်အဝေးသင်တက္ကသိုလ် Online ဖြင့်ဘွဲ့လွန်ဒီပလိုမာသင်တန်း

ရန်ကုန်အဝေးသင်တက္ကသိုလ် Online ဖြင့်ဘွဲ့လွန်ဒီပလိုမာသင်တန်း

လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှုဌာန ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် Online ဖြင့်ဘွဲ့လွန်ဒီပလိုမာသင်တန်း (Post Graduate Diploma in Business (PGDB)) ဝင်ခွင့်လျှောက်လွှာခေါ်ယူခြင်း ဖြစ်ပါသည်။


၁။ ရန်ကုန်အဝေးသင်တက္ကသိုလ်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးမှု အစီအစဉ်ဖြင့် စီးပွားရေးပွားရေးပညာဌာနမှ ဦးစီး၍ Online ဖြင့် Post Graduate Diploma in Business (PGDB) ကို ၂၀၁၉ ခုနှစ် အောက်တိုဘာ (၁) ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် ထိုသင်တန်းသို့ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။သင်တန်းကာလသည် (၁၀)လ သင်တန်းဖြစ်ပါသည်။


၂။ အဆိုပါဘွဲ့လွန်ဒီပလိုမာသင်တန်းသည် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများ လျှောက်ထားနိုင်ပါသည်။
(က) အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရမည်။
(ခ) သင်တန်းသို့ အစိုးရဌာနများနှင့် NGO များမှ ဘွဲ့ရအရာထမ်းများမှ အပြင်၊ ပြင်ပ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများတွင် လုပ်ကိုင်နေသော ဘွဲ့ရပုဂ္ဂိုလ်များပါ လျှောက်ထားနိုင်ပါသည်။


၃။ ဝင်ခွင့်အတွက် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို ရန်ကုန်အဝေးသင် တက္ကသိုလ်စီးပွားရေးပညာဌာန၏ web-site www.udeeco.edu.mm မှ တစ်ဆင့် (၅-၉-၂၀၁၉) ရက်မှစ၍ Online ဖြင့် Register လုပ်နိုင်ပါသည်။


၎။ သင်တန်းသားဦးရေ ကန့်သတ်ထားပါသဖြင့် သတ်မှတ်ဦးရေပြည့်ပါက Register လုပ်နိုင်ပါသည်။


၅။ သတ်မှတ်အရည်အချင်းနှင့် ပြည့်စုံပြီးသူများအား email ဖြင့် အကြောင်းကြားပါမည်။


၆။ သင်တန်းများနှင့် ပတ်သက်၍ ဖုန်း ၀၁-၅၂၅၈၂၄ တွင် အသေးစိတ်မေးမြန်းစုံစမ်းနိုင်ပါသည်။

 

Read More:>>>> အွန်လိုင်းစီးပွားရေးဒီပလိုမာသင်တန်း ရန်ကုန်အဝေးသင်တက္ကသိုလ်တွင် စတင်လျှောက်ထားနိုင်


၇။ ဆက်သွယ်ရန်လိပ်စာမှာ ရန်ကုန်အဝေးသင်တက္ကသိုလ်၊ စီးပွားရေးပညာဌာန၊ သထုံလမ်းတွင် ဆက်သွယ်နိုင်ပါသည်။


၈။ အသေးစိတ်သိလိုပါက ရန်ကုန်အဝေးသင်တက္ကသိုလ်၊ သင်တန်းရေးရာဌာနတွင် လာရောက်စုံစမ်းနိုင်ပါသည်။


ရန်ကုန်အဝေးသင်တက္ကသိုလ်
၄၇(က)၊ အင်လျားလမ်း၊ ကမာရွတ်မြို့နယ်။

 

Source: University News

 

News Read 5087 times