လက်ရှိမှာ အဝေးသင်တက္ကသိုလ်တွေအတွက် အွန်လိုင်းကနေ သင်ကြားမှုဆောင်ရွက်နိုင်ပေမယ့် အဖြေလွှာဖြေဆိုမှုအတွက်တော့ ဆောင်ရွက်ပေးနိုင်ခြင်း မရှိသေးဘူးဆိုပါတယ်။
ဒါပေမဲ့ အွန်လိုင်းဖြေ ဆိုခြင်းအတွက်ကို ၂၀၁၈ ခုနှစ်ကနေစပြီး စတင်ဆောင်ရွက်မယ်လို့ ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန်အစည်းအဝေး ၃၂ ရက်မြောက်နေ့ ကျင်းပရာကနေ သိရတာဖြစ်ပါတယ်။
အဝေးသင်တက္ကသိုလ်တွေမှာ Assignment ဖြေဆိုတင်သွင်းမှုတွေကို အင်တာနက်အသုံးပြုပြီး လက်ကိုင်ဖုန်းတွေနဲ့ ဖြေဆိုမှုစနစ်ပြောင်းလဲ ကျင့်သုံးနိုင်မှုရှိမရှိနဲ့ စပ်လျဉ်းတဲ့မေးခွန်းကို ဖြေကြားရာမှာ ထည့်သွင်းဖြေကြားခဲ့တာ ဖြစ်ပါတယ်။
READ - ရန်ကုန်တက္ကသိုလ်တက်ရောက်မယ့်သူတွေ သတ်မှတ်အမှတ်ထက်ကျော်ရင် ပညာသင်ဆုပေးမယ်
နောင်ပညာသင်နှစ်တွေအတွက် Assignment မေးခွန်းစာစဉ်ဖြေဆိုခြင်းကို YUDW ဝက်ဘ်ဆိုက်မှာ ဆောင်ရွက်နိုင်ဖို့ စီမံပြီးဖြစ်တယ်လို့ ဆိုပါတယ်။
အဝေးသင် သင်တန်းအားလုံးအတွက် ၂၀၁၈ ခုနှစ် ကနေစပြီး ဆောင်ရွက်နိုင်ရေးစီစဉ်ထားကြောင်း၊ ဆော့ဖ်ဝဲပြုစုခြင်း၊ အသုံးပြုမယ့် အိုင်တီနည်းပညာ လိုအပ်ချက်တွေ ဖြည့်ဆည်းခြင်းနဲ့ Infester server တွေ ပြည့်စုံဖို့ဆောင်ရွက်နေစဉ်အတွင်း သင်ခန်းစာအတွက် Pilot survey ပြုစုပြီး အဲဒီကနေရရှိလာတဲ့လို အပ်ချက် တွေကိုလည်း ထပ်မံဖြည့်စွက်မည်ဖြစ်ကြောင်း သိရသည်။
ပညာရေးမြှင့်တင်ဖို့ အရည်အသွေးအကဲဖြတ်ခြင်း အရေးကြီးတဲ့ အခန်းကဏ္ဍမှာ ပါဝင်နေတဲ့ အဝေးသင်တ္ကသိုလ်တွေရဲ့ အရည်အသွေး အကဲဖြတ်မှုတစ်ခုဖြစ်တဲ့ Assignment တင်သွင်းမှုကို ပိုမိုကောင်းမွန်ပြီး အကျိုးရှိမယ့်နည်းလမ်းတွေ အသုံးပြုဆောင်ရွက် သင့်တဲ့အတွက် မေးမြန်းရခြင်းဖြစ်တယ်လို့ မေးမြန်းသူ ဒေါက်တာ ဦးတင်အောင် (ကျောက်ဆည်) က ထည့်သွင်းမေးမြန်းခဲ့တယ်လို့ သိရပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: internet journal