ဘာသာရပ်ပြောင်းရွှေ့လိုသူတွေအနေနဲ့ ကျောင်းဝင်ခွင့်ပေးသွင်းပြီသူဖြစ်ဖို့ လိုပါတယ်။
မိမိလျှောက်ထားလိုတဲ့ ဘာသာရပ်နောက်ဆုံးဝင်ခွင့်ရရှိသူရဲ့ အမှတ်ပေါင်းကို မီဖို့လိုပါတယ်။
မူလ၀င်ခွင့်ရဘာသာရပ်က ပါမောက္ခဌာနမှူးရဲ့ပြောင်းရွှေ့လိုတဲ့ ဘာသာရပ်ဆိုင်ရာ ပါမောက္ခဌာနမှူးတွေက ပြောင်းရွှေ့တာအတွက် လက်ခံပေးဖို့ လိုပါတယ်။
READ - အခြေခံပညာမူလတန်းကျောင်းများအတွက် မူလတန်းပြတစ်သောင်းဝန်းကျင် ခန့်ထားရန် လိုအပ်နေ
တက္ကသိုလ်ဝင်တန်းစာမေးပွဲမှာ ရရှိတဲ့ အမှတ်စာရင်းမိတ္တူပူးတွဲတင်ပြရမှာ ဖြစ်ပါတယ်။
ဘာသာရပ်ပြောင်းရွှေ့ခွင့်ရပါက လိုအပ်တဲ့ ဓာတ်ခွဲခန်းကြေးတွေကို ထပ်မံပေးသွင်းရမှာ ဖြစ်ပါတယ်။
အကြောင်းအမျိုးမျိုးကြောင့် ဘာသာရပ်ပြောင်းရွှေ့ခွင့်မရပါက မူလရရှိထားတဲ့ ဘာသာရပ်အတိုင်း တက်ရောက်ရမှာ ဖြစ်သည်။
ဘာသာရပ်ပြောင်းရွှေ့ခွင့်ကြေညာချက်မထုတ်ခင် အချိန်ထိ မူလ ဘာသာရပ်မှာ တက်ရောက်ရမယ်လို့ ဖော်ပြပါရှိပါတယ်။
ဘာသာရပ်ပြောင်းရွှေ့ခွင့်ရပါက ကျောင်းသားရေးရာဌာနနဲ့ အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ရမှာဖြစ်သည်။
ဘာသာရပ်ပြောင်းရွှေ့လျှောက်ထားလိုသူတွေအနေနဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းသားရေးရာဌာန၊ ကျောင်းဆောင်များဌာန သိပ္ပံဆောင်မှာ လာရောက်စုံစမ်းနိုင်တယ်လို့ သိရပါတယ်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: kumudra journal