၁။ ရန်ကုန်တက္ကသိုလ်မှ ၂၀၁၈-၂၀၁၉ ခုနှစ်အတွင်း အောက်ဖော်ပြပါ(ဘွဲ့) စာမေးပွဲများကို အောင်မြင်ခဲ့ကြသူများ၏ (၁၂၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို အောက်ဖော်ပြပါအစီအစဉ်အတိုင်း ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ဘွဲ့လျှောက်လွှာပုံစံများကို ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ဌာနတွင် ၂ လက်မခွဲ အရွယ် ဓာတ်ပုံနှစ်ခုပူးတွဲလျက် (၂-၉-၂၀၁၉) ရက်မှ (၁၃-၉-၂၀၁၉) ရက်အထိ လျှောက်ထားနိုင်ကြပါသည်။
(က) (၁၂၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင် (၂၀-၁၂-၂၀၁၉)ရက်၊ ပထမနေ့၊ နံနက်ပိုင်းအစီအစဉ် နံနက် (၉) နာရီ
**ပါရဂူဘွဲ့**
ဥပဒေပညာ၊ မနုဿဗေဒ၊ သတ္တဗေဒ
**မဟာသုတေသနဘွဲ့**
ဥပဒေပညာ၊ သတ္တဗေဒ
**မဟာဝိဇ္ဇာဘွဲ့**
မနုဿဗေဒ၊ MBL (Business Law)
**မဟာဥပဒေဘွဲ့**
ဥပဒေပညာ
**မဟာသိပ္ပံဘွဲ့**
သတ္တဗေဒ
**ဒီပလိုမာဘွဲ့**
DL (ပြင်ဦးလွင်)၊ Dip in Eng (2/2018), DBL
**ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့**
မနုဿဗေဒ
**သိပ္ပံ(ဂုဏ်ထူး)ဘွဲ့**
သတ္တဗေဒ
**ဥပဒေဘွဲ့**
ဥပဒေပညာ
**ဝိဇ္ဇာဘွဲ့**
မနုဿဗေဒ
**သိပ္ပံဘွဲ့**
သတ္တဗေဒ
အစမ်းလေ့ကျင့်ရန် (၁၇-၁၂-၂၀၁၉)ရက်၊ နံနက် (၈း၃၀) နာရီ
**မှတ်ချက်။ အစမ်းလေ့ကျင့်သည့်နေ့တွင် အရှေ့ဘက်ခြမ်းတွင်ထိုင်ရမည်**
(ခ) (၁၂၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင် (၂၀-၁၂-၂၀၁၉)ရက်၊ ပထမနေ့၊ မွန်းလွဲပိုင်းအစီအစဉ်၊ မွန်းလွဲ (၂)နာရီ
**ပါရဂူဘွဲ့**
သမိုင်း၊ စိတ်ပညာ၊ ရူပဗေဒ
**မဟာဝိဇ္ဇာဘွဲ့**
သမိုင်း
**မဟာသိပ္ပံဘွဲ့**
ရူပဗေဒ
**ဒီပလိုမာဘွဲ့**
အသုံးချစိတ်ပညာ၊ လူမူရေးပညာ၊ Dip in Eng(3/2018), DMHC
**ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့**
သမိုင်း၊ စိတ်ပညာ
**သိပ္ပံ (ဂုဏ်ထူး)ဘွဲ့**
ရူပဗေဒ
**ဝိဇ္ဇာဘွဲ့**
သမိုင်း၊ စိတ်ပညာ၊ လုပ်ငန်းခွင်သုံးအင်္ဂလိပ်စာ
**သိပ္ပံဘွဲ့**
ရူဗေဒ
အစမ်းလေ့ကျင့်ရန် (၁၇-၁၂-၂၀၁၉)ရက်၊ နံနက် (၈း၃၀) နာရီ
**မှတ်ချက်။ အစမ်းလေ့ကျင့်သည့်နေ့တွင် ခန်းမ၏ အနောက်ခြမ်းတွင် ထိုင်ရမည်။**
(ဂ) (၁၂၈) ကြိမ်မြောက်ဘွဲ့နှင်းသဘင် (၂၁-၁၂-၂၀၁၉)ရက်၊ ဒုတိယနေ့၊ နံနက်ပိုင်းအစီအစဉ်၊ နံနက် (၉) နာရီ
**ပါရဂူဘွဲ့**
မြန်မာစာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်၊ ဓာတုဗေဒ
**မဟာသုတေသနဘွဲ့**
ဓာတုဗေဒ
**မဟာဝိဇ္ဇာဘွဲ့**
ဓာတုဗေဒ၊ ဇီဝဓာတုဗေဒ
**ဒီပလိုမာဘွဲ့**
အင်္ဂလိပ်စာသင်ကြားရေး၊ ခရီးသွားလုပ်ငန်းပညာနှင့်စီမံခန့်ခွဲမှုဆိုင်ရာ၊ DCWE,DMLPF,GIS,ES,DML,DIL,DIPL
**ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့**
မြန်မာစာ၊ မြန်မာမှုပညာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်
**သိပ္ပံ(ဂုဏ်ထူး)ဘွဲ့*
ဓာတုဗေဒ
**ဝိဇ္ဇာဘွဲ့**
မြန်မာစာ၊ မြန်မာမှုပညာ၊ အင်္ဂလိပ်စာ၊ ပထဝီဝင်
**သိပ္ပံဘွဲ့**
ဓာတုဗေဒ
အစမ်းလေ့ကျင့်ရန် (၁၇-၁၂-၂၀၁၉) ရက်၊မွန်းလွဲ (၁း၃၀)နာရီ
**မှတ်ချက်။ အစမ်းလေ့ကျင့်သည့်နေ့တွင် ခန်းမ၏ အရှေ့ဘက်ခြမ်းတွင် ထိုင်ရမည်။**
(ဃ) (၁၂၈)ကြိမ်မြောက် ဘွဲ့နှင်းသဘင် (၂၁-၁၂-၂၀၁၉)ရက်၊ ဒုတိယနေ့၊ မွန်းလွဲပိုင်းအစီအစဉ် မွန်းလွဲ(၂) နာရီ
**ပါရဂူဘွဲ့**
အရှေ့တိုင်းပညာ၊ ရှေးဟောင်းသုတေသနပညာ၊ စာကြည့်တိုက်နှင့်သုတပညာ၊ ရုက္ခဗေဒ၊ ဘူမိဗေဒ၊
**မဟာသုတေသနဘွဲ့**
ရုက္ခဗေဒ၊ ဘူမိဗေဒ
**မဟာဝိဇ္ဇာဘွဲ့**
ရှေးဟောင်းသုတေသနပညာ၊ စာကြည့်တိုက်နှင့်သုတပညာ
**မဟာသိပ္ပံဘွဲ့**
အဏုဇီဝဗေဒ၊ ဘူမိဗေဒ
**ဒီပလိုမာဘွဲ့**
ရှေးဟောင်းသုတေသနပညာ၊ စာကြည့်တိုက်နှင့် သုတပညာ၊ အသုံးချဘူမိဗေဒ၊ Dip in Eng(1/2019),DOS,DGI
**ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့**
အရှေ့တိုင်းပညာ၊ ရှေးဟောင်းသုတေသနပညာ
**သိပ္ပံ(ဂုဏ်ထူး)ဘွဲ့**
ရုက္ခဗေဒ၊ ဘူမိဗေဒ
**ဝိဇ္ဇာဘွဲ့**
အရှေ့တိုင်းပညာ၊ ရှေးဟောင်းသုတေသနပညာ၊ စာကြည့်တိုက်နှင့် သုတေပညာ၊ သတင်းအတတ်ပညာ
**သိပ္ပံဘွဲ့**
ရုက္ခဗေဒ၊ ဘူမိဗေဒ
အစမ်းလေ့ကျင့်ရန် (၁၇-၁၂-၂၀၁၉)ရက်၊မွန်းလွဲ(၁း၃၀)နာရီ
**မှတ်ချက်။ အစမ်းလေ့ကျင့်သည့်နေ့တွင် ခန်းမ၏ အနောက်ဘက်ခြမ်းတွင်ထိုင်ရမည်။**
(င) (၁၂၈) ကြိမ်မြောက် ဘွဲ့နှင်းသဘင် (၂၂-၁၂-၂၀၁၉)ရက်၊ တတိယနေ့၊နံနက်ပိုင်းအစီအစဉ်၊နံနက်(၉) နာရီ
**ပါရဂူဘွဲ့**
ဒဿနိကဗေဒ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ သင်္ချာ၊ ကုန်ထုတ်ဓာတုဗေဒ၊ ကွန်ပျူတာသိပ္ပံပညာ
**မဟာသုတေသနဘွဲ့**
သင်္ချာ
**မဟာသိပ္ပံဘွဲ့**
သင်္ချာ၊ ကုန်ထုတ်ဓာတုဗေဒ၊ EMCS
**ဒီပလိုမာဘွဲ့**
ကုန်ထုတ်ဓာတုဗေဒ၊ ကွန်ပျူတာသိပ္ပံပညာ၊ PGDAPhil, DIR,DPS,DIS(korea),EDCS,PGDCS,PGDCA
**ဝိဇ္ဇာ(ဂုဏ်ထူး)ဘွဲ့**
ဒဿနိကဗေဒ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ နိုင်ငံရေးသိပ္ပံ
**သိပ္ပံ(ဂုဏ်ထူး)ဘွဲ့**
သင်္ချာ၊ ကုန်ထုတ်ဓာတုဗေဒ၊ ကွန်ပျူတာသိပ္ပံပညာ
**ဝိဇ္ဇာဘွဲ့**
ဒဿနိဗေဒ၊ နိုင်ငံတကာဆက်ဆံရေးပညာ၊ နိုင်ငံရေးသိပ္ပံ၊ ခရီးသွားလုပ်ငန်းပညာ
**သိပ္ပံဘွဲ့**
သင်္ချာ၊ ကုန်ထုတ်ဓာတုဗေဒ၊ ကွန်ပျူတာသိပ္ပံပညာ
အစမ်းလေ့ကျင့်ရန် (၁၈-၁၂-၂၀၁၉)ရက်၊ နံနက်ပိုင်း (၈း၃၀)နာရီ
၂။ ရန်ကုန်တက္ကသိုလ်မှ ၂၀၁၉ခုနှစ်၊ စက်တင်ဘာလတွင် ကျင်းပသော စတုတ္ထနှစ် ဝိဇ္ဇာနှင့်သိပ္ပံဘွဲ့၊ ပဉ္စမနှစ် ဥပဒေဘွဲ့၊ ဝိဇ္ဇာ(ဂုဏ်ထူးဘွဲ့)၊ သိပ္ပံ(ဂုဏ်ထူးဘွဲ့) အောင်မြင်ကြသော ကျောင်းသား/သူများအတွက် အထက်ဖော်ပြပါရက်များအတိုင်း ဘွဲ့တက်ရောက်ယူရန် (၂၅-၁၁-၂၀၁၉)ရက်အထိ လက်ခံပေးမည်ဖြစ်ပါ၍ ဘွဲ့လျှောက်ထားနိုင်ကြပါသည်။
၃။ ဘွဲ့နှင်းသဘင်ကြေး (၁၅၀၀)+ အဝေးရောက်ဘွဲ့ကြေး (၁၀၀၀) ပေးသွင်းရမည်။
၎။ ဘွဲ့နှင်းသဘင်လျှောက်လွှာ လာရောက်တင်သွင်းသူသည်နိုင်ငံသားစိစစ်ရေးကတ်၊ ကျောင်းသားမှတ်ပုံတင်ကတ်ပြားမူရင်းနှင့် မိတ္တူကို ယူဆောင်၍ ကိုယ်တိုင်လာရောက်ရမည်။
၅။ ပါရဂူဘွဲ့ လျှောက်ထားသူမည့်သူများသည် ၂လက်မခွဲ အရွယ် ဓာတ်ပုံ(၃) ပုံယူဆောင်လာရမည်။
၆။ ၄င်းတက္ကသိုလ်မှ ယခင် ပထမဘွဲ့တစ်ခုရရှိပြီး သူများသည် ဘွဲ့လက်မှတ်မိတ္တူ ယူဆောင်လာရမည်။
Read More:>>>ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်(အဝေးသင် သင်တန်း) ဘွဲ့နှင်းသဘင်လျှောက်လွှာခေါ်ယူခြင်း
၇။ ဘွဲ့အသီးသီးကို တက်ရောက်ကြမည့်သူများသည် အစမ်းလေ့ကျင့်ပွဲနှင့် ဘွဲ့နှင်းသဘင်အခမ်းအနားတွင် မြန်မာဝတ်စုံ၊ မြန်မာယဉ်ကျေးမှု အစဉ်အလာနှင့်ကိုက်ညီသည့် (မြန်မာထဘီ၊ အင်္ကျီ)၊ တိုင်းရင်းသားဝတ်စုံ၊ အနောက်တိုင်း (အမျိုးသား) ဝတ်စုံတို့ကို အပြည့်အစုံဝတ်ဆင်၍ တက်ရောက်ရမည်ဖြစ်ပါသည်။ ဘာသာရေးဝတ်စုံဖြင့် တက်ရောက်ခွင့်မရှိပါ။
၈။ ဘွဲ့ဝတ်စုံဌားရမ်းခွင့် ထောက်ခံစာကို (၁၁-၁၂-၂၀၁၉)ရက်၊ နံနက် (၈း၃၀) နာရီတွင် ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ထုတ်ပေးမည်ဖြစ်ပါသည်။ ဘွဲ့ဝတ်စုံဌားရမ်းရာတွင် နိုင်ငံသားစိစစ်ရေးကတ်ပြားပေးခဲ့ရမည်။
**မှတ်ချက်။ အခြားပညာသင်နှစ်မှ ဘွဲ့စာမေးပွဲအောင်မြင်ကြသူများသည် အဝေးရောက်ဘွဲ့လျှောက်ထားနိုင်ကြပါသည်။
(ဒေါက်တာတင်မောင်ဦး)
(မော်ကွန်းထိန်း၊ ရန်ကုန်တက္ကသိုလ်)
Source: ကြေးမုံ