ရန်ကုန်တက္ကသိုလ် ဝင်ခွင့်သတ်မှတ်ချက်နှင့် ပေးအပ်မည့်ဘွဲ့

ရန်ကုန်တက္ကသိုလ် ဝင်ခွင့်သတ်မှတ်ချက်နှင့် ပေးအပ်မည့်ဘွဲ့

၁။ ၂၀၁၉ ခုနှစ်တွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲကို အောင်မြင်သူဖြစ်ရပါမည်။

 

၂။ နိုင်ငံသားဖြစ်မှုနှင့် ပတ်သက်၍ ဝင်ခွင့်လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့်ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။(မှတ်ပုံတင် မိတ္တူများ ပူးတွဲတင်ပြရန်)

 

၃။ တက္ကသိုလ်မှ သတ်မှတ်ထားသော စည်းကမ်းများကို လိုက်နာနိုင်သူ ဖြစ်ရပါမည်။

 

၎။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အတွင်း မည်သည့်ဒေသမှမဆို တန်းတူလျှောက်ထားနိုင်ပါသည်။

 

၅။ လျှောက်ထားလိုသူများသည် ရန်ကုန်တက္ကသိုလ်သို့ တိုက်ရိုက် လျှောက်ထားရပါမည်။

 

၆။ စုစုပေါင်းကျောင်းသား/သူ ဦးရေ (၂၁၃၀) ဦးလက်ခံပါမည်။

 

၇။ အောက်ဖော်ပြပါ အထူးပြုဘာသာရပ်များကို လျှောက်ထားနိုင်ပါသည်။

** မြန်မာစာ ဘာသာရပ်တွင် မြန်မာစာ အနိမ့်ဆုံးရမှတ်မှာ (၇၀) ဖြစ်ရပါမည်။အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၁၀) မှတ် ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** မြန်မာမှုပညာ ဘာသာရပ်တွင် မြန်မာစာ အနိမ့်ဆုံးရမှတ်မှာ (၆၀)၊ အင်္ဂလိပ်စာ အနိမ့်ဆုံးရမှတ်မှာ (၆၀) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၀၀) မှတ် ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** အင်္ဂလိပ်စာ ဘာသာရပ်တွင် အင်္ဂလိပ်စာ အနိမ့်ဆုံးရမှတ်မှာ (၇၀) ဖြစ်ရပါမည်။အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၅၀) မှတ်ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** ပထဝီဝင် ဘာသာရပ်တွင် အနိမ့်ဆုံးစုစုပေါင်း ရမှတ်မှာ (၃၆၀) ဖြစ်ရပါမည်။ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** သမိုင်း ဘာသာရပ်တွင် သမိုင်း အနိမ့်ဆုံးရမှတ်မှာ (၆၀) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၃၆၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** ဒဿနိကဗေဒ ဘာသာရပ်တွင် အင်္ဂလိပ်စာ အနိမ့်ဆုံးရမှတ်မှာ (၆၀) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၃၆၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** စိတ်ပညာ ဘာသာရပ်တွင် အင်္ဂလိပ်စာ အနိမ့်ဆုံးရမှတ်မှာ (၆၅) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၀၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** အရှေ့တိုင်းပညာ ဘာသာရပ်တွင် အင်္ဂလိပ်စာ အနိမ့်ဆုံးရမှတ်မှာ (၆၀) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၃၆၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** နိုင်ငံတကာ ဆက်ဆံရေးပညာ ဘာသာရပ်တွင် အင်္ဂလိပ်စာ အနိမ့်ဆုံးရမှတ်မှာ (၇၀) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၇၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** နိုင်ငံရေးသိပ္ပံ ဘာသာရပ်တွင် အင်္ဂလိပ်စာ အနိမ့်ဆုံးရမှတ်မှာ (၆၅) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၂၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** မနုဿဗေဒ ဘာသာရပ်တွင် အင်္ဂလိပ်စာ အနိမ့်ဆုံးရမှတ်မှာ (၆၀) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၃၆၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** ရှေးဟောင်းသုတေသနပညာ ဘာသာရပ်တွင် အင်္ဂလိပ်စာ အနိမ့်ဆုံးရမှတ်မှာ (၆၀) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၃၈၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** စာကြည့်တိုက်နှင့် သုတပညာ ဘာသာရပ်တွင် အင်္ဂလိပ်စာ အနိမ့်ဆုံးရမှတ်မှာ (၆၀) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၃၆၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

 

**အထက်တွင်ဖော်ပြထားသော ဘာသာရပ်များအတွက် ပေးအပ်မည့်ဘွဲ့မှာ B.A ဘွဲ့ဖြစ်ပါသည်။**

 

** ပတ်ဝန်းကျင် ဆိုင်ရာလေ့လာမှုပညာ ဘာသာရပ်တွင် အင်္ဂလိပ်စာ အနိမ့်ဆုံးရမှတ်မှာ (၆၅) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၀၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။ ၄င်းဘာသာရပ်အတွက် ပေးအပ်မည့်ဘွဲ့မှာ  B.E.S ဖြစ်ပါသည်။

** ဥပဒေပညာ ဘာသာရပ်တွင် အင်္ဂလိပ်စာ အနိမ့်ဆုံးရမှတ်မှာ (၆၅) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၂၅) ဖြစ်၍ သင်တန်းကာလမှာ (၅) နှစ်ဖြစ်ပါသည်။ ၄င်းဘာသာရပ်အတွက် ပေးအပ်မည့်ဘွဲ့မှာ  LL.B ဖြစ်ပါသည်။

 

** ယခုအောက်ဖော်ပြပါ ဘာသာရပ်များအတွက် ပေးအပ်မည့်ဘွဲ့မှာ B.Sc ဘွဲ့ဖြစ်ပါသည်။**

 

** ဓာတုဗေဒ ဘာသာရပ်တွင် ဓာတုဗေဒ အနိမ့်ဆုံးရမှတ်မှာ (၈၀) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၀၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** ဇီဝဓာတုဗေဒ ဘာသာရပ်တွင် ဓာတုဗေဒ အနိမ့်ဆုံးရမှတ် (၈၀)၊ ဇီဝဗေဒ အနိမ့်ဆုံးရမှတ် (၇၀) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၀၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** ကုန်ထုတ်ဓာတုဗေဒ ဘာသာရပ်တွင် ဓာတုဗေဒ အနိမ့်ဆုံးရမှတ်မှာ (၈၀) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၀၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** ရူပဗေဒ ဘာသာရပ်တွင် ရူပဗေဒ အနိမ့်ဆုံးရမှတ် (၈၀) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၀၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** သင်္ချာ ဘာသာရပ်တွင် သင်္ချာ အနိမ့်ဆုံးရမှတ် (၈၀) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၀၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** သတ္တဗေဒ ဘာသာရပ်တွင် ဇီဝဗေဒ အနိမ့်ဆုံးရမှတ် (၇၅) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၀၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** ရုက္ခဗေဒ ဘာသာရပ်တွင် ဇီဝဗေဒ အနိမ့်ဆုံးရမှတ် (၇၅) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၀၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** အဏုဇီဝဗေဒ ဘာသာရပ်တွင် ဇီဝဗေဒ အနိမ့်ဆုံးရမှတ် (၇၅) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၀၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** ဘူမိဗေဒ ဘာသာရပ်တွင် ရူပဗေဒနှင့်ဓာတုဗေဒ အနိမ့်ဆုံးရမှတ် (၇၀) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၀၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** ကွန်ပျူတာသိပ္ပံ ဘာသာရပ်တွင် သင်္ချာ အနိမ့်ဆုံးရမှတ် (၈၀) ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၅၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။

** ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်တွင် အင်္ဂလိပ်စာ အနမ့်ဆုံးရမှတ် (၆၀)၊ ဇီဝဗေဒ (၇၅)  ဖြစ်ရပါမည်။ အနိမ့်ဆုံး စုစုပေါင်းရမှတ်မှာ (၄၂၀) ဖြစ်၍ သင်တန်းကာလမှာ (၄) နှစ်ဖြစ်ပါသည်။


၈။ အထက်ပါ ဘာသာရပ် (၂၆) မျိုးအနက် အရည်အချင်းသတ်မှတ်ချက်နှင့် ကိုက်ညီသော ဦးစားပေးဘာသာရပ် (၃)ခုသာ လျှောက်ထားခွင့်ရှိသည်။

 

၉။ ဝေးလံခေါင်ဖျားဒေသများမှ လျှေက်ထားသော ကျောင်းသား/သူ များအတွက် ခွဲတမ်းကို ဘာသာရပ်အသီးသီးတွင် လက်ခံမည့်ဦးရေ၏ (၂ %) ထားရှိမည် ဖြစ်ပါသည်။

 

၁၀။ ဘူမိဗေဒ ဘာသာရပ်သို့ လျှောက်ထားသူများသည် လူတွေ့ နှုတ်ဖြေစာမေးပွဲဖြင့် ရွေးချယ် ဆောင်ရွက်ပါမည်။

 

၁၁။ ရန်ကုန်တက္ကသိုလ်တွင် တက်ရောက်ခွင့်ရရှိသူ အမည်စာရင်းကိ www.uy.edumm တွင်လည်းကောင်း၊ ရန်ကုန်တက္ကသိုလ်၊ ကျောင်းသားရေးရာ ကြော်ငြာသင်ပုန်းတွင် လည်းကောင်း ထုတ်ပြန်ကြေညာပေးပါမည်။

 

၁၂။ အသေးစိတ်သိရှိလိုပါက ရန်ကုန်တက္ကသိုလ်၊ မော်ကွန်းထိန်း (သင်တန်း) ၀၁-၅၃၄၀၂၄၊ လက်ထောက်မော်ကွန်းထိန်း (ကျောင်းသားရေးရာ) ၀၁-၅၃၄၃၉၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

(တက္ကသိုလ်ဝင်ခွင့် လမ်းညွှန်စာအုပ်မှ ကိုးကားတင်ပြခြင်းဖြစ်ပါသည်။)

www.edge.com.mm

 

News Read 3135 times