ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပထမနှစ်သင်တန်း ၀င်ခွင့်လျှောက်လွှာခေါ်ယူခြင်း
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပထမနှစ်သင်တန်း ၀င်ခွင့်လျှောက်လွှာခေါ်ယူခြင်း
၁။ မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ မည်သည့် ပြည်နယ်နှင့်တိုင်း စာစစ်ဌာနများ တွင်မဆို ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် စုစုပေါင်းရမှတ် (၄၀၀) နှင့်အထက် ရရှိသူများ ဖြစ်ရမည်။
၂။ အင်္ဂလိပ်ဘာသာရပ် လျှောက်ထားလိုသူများသည် တက္ကသိုလ်ဝင်စာမေးပွဲတွင် အင်္ဂလိပ်ဘာသာရပ်ကို (၆၅) မှတ်နှင့် အထက်ရရှိပြီး စုစုပေါင်း ရမှတ် (၄၀၀) နှင့်အထက် ရရှိသူများ ဖြစ်ရမည်။
၃။ လျှောက်ထားသူသည် မြန်မာနိုင်ငံသားဖြစ်ရမည်။ လျှောက်ထားချိန်တွင် တည်ဆဲနိုင်ငံသားဖြစ်မှု ဥပဒေနှင့်ကိုက်ညီသော နိုင်ငံသားဖြစ်ရမည်။ မိမိကိုင်ဆိုင်သော နိုင်ငံသားစိစစ်ရေး ကတ်ပြားအမှတ် (နိုင်) (ပြု) (ဧည့်) ကို
အပြည့်အစုံ ဖော်ပြ၍ မိတ္တူများကိုလည်း ပူးတွဲတင်ပြရမည်။
၎။ လူတွေ့နှုတ်ဖြေစာမေးပွဲကို ၂၅.၇.၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့) တွင် စတင်ဖြေဆိုကြရမည်ဖြစ်ပြီး ဖြေဆိုသူ၏ ဘာသာစကား အထုံဝါသနာပါမှုကို စစ်ဆေးသော မေးခွန်းများ ပါဝင်မည်။
၅။ ၀င်ခွင့်ဆုံးဖြတ်ရာတွင် တက္ကသိုလ်ဝင်စာမေးပွဲနှင့် နှုတ်ဖြေစာမေးပွဲ (၂) ခု စလုံး၏ ရမှတ်များကို ပေါင်းစပ်၍ ဆုံးဖြတ်မည်ဖြစ်ရာ တက္ကသိုလ်ဝင်စာမေးပွဲ အမှတ်စာရင်း မူရင်းကို မပျက်မကွက် (မပျက်မကွက်)ပူးတွဲတင်ပြရမည်။
၆။ ၀င်ခွင့်ကို ဦးစားပေးဘာသာရပ် (၃) ခုအထိ ရွေးချယ်လျှောက်ထားခွင့်ရှိမည်။
၇။ ၀င်ခွင့်လက်ခံနိုင်သည့် ပထမဦးစားပေးဘာသာရပ်နှင့် တတိယ ဦးစားပေးဘာသာရပ်ကို ဆက်လက် စဉ်းစားရွေးချယ်မည်။
၈။ ၀င်ခွင့်လျှောက်လွှာများကို ၁၅.၆.၂၀၁၈ ရက်နေ့ (သောကြာနေ့) မှစ၍ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် ထုတ်ယူပြီး ၁၅.၇.၂၀၁၈ ရက်နေ့ (တနင်္ဂနွေနေ့) နောက်ဆုံး ထား၍ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်သို့
တိုက်ရိုက်လျှောက်ထားရမည်။
၉။ ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တွင် ၀င်ခွင့်ရွေးချယ်ခြင်းမခံရပါက တက္ကသိုလ်ဝင်ခွင့်ဆုံးရှုံးမှုမဖြစ်ရန်အတွက် အခြားတက္ကသိုလ်များသို့ စိစစ်ရွေးချယ်ရေးအဖွဲ့၊ အဆင့်မြင့်ပညာဦးစီးဌာန (ရန်ကုန်ရုံးခွဲ) သို့
တစ်ပြိုင်တည်း လျှောက်ထားရမည်။
၁၀။ တက်ရောက်ခွင့်ရရှိသူများသည် ၁၂.၉.၂၀၁၈ ရက်နေ့ (ဗုဒ္ဓဟူးနေ့) နောက်ဆုံးထား၍ ကျောင်းဝင်မှတ်ပုံတင်ကြေး ပေးသွင်းကြရမည်။ (ငွေပေးသွင်းရမည့် လုပ်ငန်းစဉ်အား ထပ်မံအသိပေးမည်ဖြစ်သည်)
၁၁။ အသေးစိတ်သိရှိလိုပါက ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်၏ ၀၁-၅၃၅၉၈၅၊ ဒုတိယပါမောက္ခချုပ် (သင်တန်း) ၀၁-၅၁၃၁၉၈၊ သင်တန်းရေးရာဌာန ၀၁-၅၁၅၂၃၆ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ပါသည်။
(၁) တရုတ်ဘာသာ    - ၁၀၀ ဦး
(၂) အင်္ဂလိပ်ဘာသာ    - ၁၅၀ ဦး
(၃) ပြင်သစ်ဘာသာ    - ၁၀၀ ဦး
(၄) ဂျာမန်ဘာသာ    - ၁၀၀ ဦး
(၅) ဂျပန်ဘာသာ    - ၁၀၀ ဦး
(၆) ကိုရီးယားဘာသာ    - ၁၀၀ ဦး
(၇) ရုရှားဘာသာ    - ၁၀၀ ဦး
(၈) ထိုင်းဘာသာ    - ၅၀ ဦး
(၁) လျှောက်လွှာလက်ခံမည့်ရက်    - ၁၅.၆.၂၀၁၈ မှ ၁၅.၇.၂၀၁၈ ထိ
(၂) ၀င်ခွင့်စာရင်းကြေညာမည့်ရက်    - ၁၅.၈.၂၀၁၈
(၃) ကျောင်းအပ်လက်ခံမည့်ရက်    - ၁၆.၈.၂၀၁၈ မှ ၁၂.၉.၂၀၁၈
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။
source: yufl
News Read 7927 times