ယခင်နှစ်က ဝင်ခွင့်တိုက်ရိုက်ခေါ်သည့် တက္ကသိုလ် (၁၁) ခုရှိခဲ့ရာမှ ယခုနှစ်တွင် (၃) ခုတိုးလာပြီး တက္ကသိုလ်(၁၄) ခုကို ဝင်ခွင့်တိုက်ရိုက်ခေါ်ယူမည်ဖြစ်ပါတယ်။
ထိုတက္ကသိုလ် (၁၄) ခုအနက် ရန်ကုန်တက္ကသိုလ်မှ လွဲ၍ ကျန်တက္ကသိုလ်များသည် လူတွေ့စစ်ဆေးမှု၊ ရေးဖြေ စာမေးပွဲများရှိမည် မဟုတ်ပါ။
ရန်ကုန်တက္ကသိုလ်တစ်ခုတည်းကသာလျှင် လူတွေ့စစ်ဆေးမှုကို ပြုလုပ်၍ ကျောင်းသားလက်ခံမည်ဖြစ်ပါတယ်။
တိုက်ရိုက်ဝင်ခွင့်ခေါ်သည့် တက္ကသိုလ် (၁၄) ခုသို့ လျှောက်ထားရာတွင်လည်း ယခင်ကဲ့သို့ မိမိလျှောက်ထားသည့်ကျောင်းသို့ မပို့ရပါ။ သီးခြားဝင်ခွင့် လက်ခံသည့် အဖွဲ့ထံသို့ ပေးပို့ရမည်ဖြစ်ပါတယ်။
ပုံမှန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်နှင့် ကျန်တက္ကသိုလ်များ လျှောက်ထားသူများအနေဖြင့် တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့ထံသို့ လျှောက်ထားရမည်ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာ စာအိတ်များကို ဇွန်လ (၂၄) ရက်မှာ စတင်ထုတ်ပေးမည်ဖြစ်ပါတယ်။
တက္ကသိုလ်ဝင်တန်းအောင်မြင်ခဲ့တဲ့ကျောင်း စာစစ်ဌာန၊ (သို့) မြို့နယ်ပညာရေးမှူးရုံးတွေမှာ ထုတ်ယူနိုင်ပါတယ်။
ယခုနှစ်မှာ ဝင်ခွင့်ပုံစံစာအိတ်မှာ မျက်နှာဖုံးမှာ အနည်းငယ် အပြောင်းအလဲရှိပါတယ်။ သီးခြားလက်ခံမယ့် အဖွဲ့တစ်ဖွဲ့ရှိနေပါတယ်။ ပုံမှန်ရွေးချယ်တဲ့ တက္ကသိုလ်ဝင်တန်း ရွေးချယ်ရေးအဖွဲ့တစ်ဖွဲ့နဲ့ဆိုတော့ နှစ်ဖွဲ့ ဖြစ်သွားမယ်။ စာအိတ်မှာ အမှန်ခြစ် ခြစ်ရမယ့်အပိုင်းမှာ ကြိုက်တဲ့ဘက်ကို ရွေးချယ်လို့ရပါတယ်။
ဝင်ခွင့်လျှောက်လွှာထဲက ပြောင်းလဲသွားတဲ့ ပုံစံက သီးခြားဝင်ခွင့်စနစ်နဲ့ လက်ခံမယ့်အဖွဲ့ ရှိမယ်။ ဒီအဖွဲ့က တက္ကသိုလ် (၁၄) ခုနှင့် ဆေး၊ ဆေးနှီးနွှယ်အုပ်စု ပေါင်းထားတော့ တစ်ခုတည်းဖြစ်နေမယ်။လျှောက်လွှာစာရွက်ရဲ့ လက်ဝဲဘက်ခြမ်းမှာ ရှိတယ်၊ လက်ယာဘက်ခြမ်းမှာတော့ ပုံမှန်တက္ကသိုလ်တွေရဲ့ ဝင်ခွင့်အရင်နှစ်က ပုံစံဟောင်းအတိုင်းပဲ၊ ကြိုက်တဲ့ဘက်ကို ဖြည့်လို့ရတယ်။ နှစ်ဖက်လုံးတော့ မရပါဘူး။ ကျန်တာတွေကတော့ သိပ်ထူးခြားတာမရှိပါဘူး။
ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်အနေနဲ့ တော့ လူတွေ့စစ်ဆေးတာမရှိပါဘူး၊ ပညာရေးစနစ်ကို ခိုင်ခိုင်မာမာတည်ဆောက်ဖို့လိုအပ်နေသေးလို့ပါ၊ လူတွေ့စစ်ဆေးတဲ့ အခါမှာ မိဘတွေ ငွေကုန်ကြေးကျများတယ်၊
ဝင်ခွင့်လူတွေ့စစ်ဆေးတဲ့အခါ ကျောင်း (၆) ကျောင်း (၇) ကျောင်းလောက်သွားရတယ်။ ပေးထားတဲ့ အချိန်ကနည်းတယ်။ တက်ချင်တဲ့ ကျောင်းသားတွေကိုလာပြီး ဖြေနိုင်ဖို့အတွက်ကတော့ မလွယ်ဘူးဖြစ်နေတယ်။ အားလုံးကိုစဉ်းစားပြီးမှ လူတွေ့စစ်ဆေးတာကို မလုပ်တော့ခြင်းဖြစ်ပါတယ်။
ဒီနှစ်အတွက် ကတိုက်ရိုက်လျှောက်နိုင်မယ့် အသစ်တိုးလာတဲ့ တက္ကသိုလ်တွေက ပြင်ဦးလွင်က (ရတနာပုံ) ဆိုက်ဘာ တက္ကသိုလ်၊ မိတ္ထီလာက လေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၊ ရန်ကုန်ကွန်ပျူတာ တက္ကသိုလ်ရယ်ဆိုပြီး တိုးလာပါတယ်။
Read More: 2019 Myanmar University Ranking
တက္ကသိုလ်ဝင်ခွင့် လျှောက်ရာမှာ အမှားမဖြစ်အောင် သတိပြုရန်တွေက ဒီနှစ်မှာ ဝင်ခွင့်ဖောင်စာရွက်ထဲမှာ တက္ကသိုလ် (၂၂) ခုဖြည့်ထားတယ်။ ကျောင်းသားတွေက တစ်နေရာတည်းပဲ သူတို့ရဲဦးစားပေးတန်းစီဇယားကိုလုပ်ပေးရပါတယ်။ အဓိက ကကိုယ့်ရဲဆန္ဒနဲ့ ကိုယ်ရနိုင်တဲ့ အမှတ်ကို ချင့်ချိန်ပြီး ဝါသနာပါတာကို လွတ်လွတ်လပ်လပ် လျှောက်ထားပါ။
ပြည်နယ်နှင့်တိုင်း ခရိုင်အားလုံးမှာ ရှိတဲ့ (၁၀) တန်းအောင် ကျောင်းသားတွေကို ဖိတ်ခေါ်ပြီး ရှင်းပြတာတွေ လုပ်နေပါတယ်။ ဆရာ/ဆရာမ တွေက ရှင်းပြပေးဖို့အတွက် စောင့်နေကြပါတယ် အားလုံးအဆင်ပြေစေရန် လုပ်ဆောင်နေပါတယ်လို့ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်းက ပြောကြားခဲ့ပါတယ်။
Source: The Voice
EDGE.com.mm