တက္ကသိုလ်ဝင်တန်းရမှတ် ၄၈၀ ကျော်လွန်သူများ ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်

တက္ကသိုလ်ဝင်တန်းရမှတ် ၄၈၀ ကျော်လွန်သူများ ရန်ကုန်နည်းပညာတက္ကသိုလ်ဝင်ခွင့် လျှောက်ထားနိုင်

၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများလျှောက်ထားမည့် ရန်ကုန်နည်းပညာ တက္ကသိုလ်ဝင်ခွင့်ကို ယခင်နှစ်ကအတိုင်း စုစုပေါင်းရမှတ် အနည်းဆုံး ၄၈၀ ကျော်လွန်မှသာ လျှောက်ထားနိုင်မည် ဖြစ်ပြီး ကျောင်းသား၊ ကျောင်းသူဦးရေ ၃၀၀ ကို အမှတ်အနည်းအများအလိုက် တန်းစီဇယားဖြင့် ၀င်ခွင့်လက်ခံသွားမည်ဖြစ်သည်။

ဘာသာရပ်တွေကိုတော့ လျှောက်ထားလာတဲ့ ကျောင်းသား၊ ကျောင်းသူများရဲ့ ဦးစားပေးဘာသာရပ်နဲ့ ဘာသာရပ်တွေရဲ့လက်ခံနိုင်မှုတွေအပေါ်မူတည်ပြီး ဘာသာရပ်ခွဲပေးတယ်။

READ - တက္ကသိုလ်ဝင်တန်းရမှတ် ၃၅၀ နှင့် ၄၀၀ အကြား ရရှိသော ကျောင်းသား၊ ကျောင်းသူများ ကွန်ပျူတာတက္ကသိုလ်များသို့ လျှောက်ထားနိုင်

သင်္ချာ၊ ရူပ၊ ဓာတုပါတဲ့ ဘယ်ဘာသာတွဲမဆို လျှောက်လို့်ရမယ်။ ကျောင်းသားဦးရေကတော့ ၃၀၀ ကျော်လည်း နည်းနည်းပဲပိုမှာ ဖြစ်ပါတယ်။

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ဘာသာရပ် ၁၂ ခုသင်ကြားနေပြီး ၂၀၁၇ ခုနှစ် တက္ကသိုလ်ဝင်တန်းကို မည်သည့်နေရာမှဖြစ်စေ အောင်မြင်ထားပါက လျှောက်ထားနိုင်သည်။

လျှောက်ထားသူသည် ကျန်းမာရေးကောင်းမွန်ပြီး လက်တွေ့လုပ်ငန်းနှင့် စက်ရုံကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း၊ သင်တန်းကာလမှာ ခြောက်နှစ်ဖြစ်ပြီး သင်တန်းကာလ အားလုံးပြီးဆုံးပါက B.E ဘွဲ့နှင့် B.Arch ဘွဲ့များကို ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်နည်းပညာတက္ကသိုလ်သို့ လျှောက်ထားလာသည့် ကျောင်းသား၊ ကျောင်းသူများကို အမျိုးသား ၅၀ ရာခိုင်နှုန်း၊ အမျိုးသမီး ၅၀ ရာခိုင်နှုန်း အချိုးကျ ၀င်ခွင့်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

Government School Read 5335 times