ရန်ကုန်နည်းပညာတက္ကသိုလ်တွင် အစာအာဟာရနှင့် ပတ်သက်သည့် သင်တန်းဖွင့်လှစ်နိုင်ရန် စီစဉ်နေကြောင်း ယင်းတက္ကသိုလ်တွင် အစာအာဟာရဆိုင်ရာ သိပ္ပံဘာသာရပ်သင်ကြားတဲ့ ဒေါက်တာ ကျော်ငြိမ်းအေးက ပြောကြားခဲ့ကြောင်း သိရပါတယ်။
ယင်းသင်တန်းဖွင့်လှစ်နိုင်ရန် ကြိုးပမ်းနေပြီး နောက်ပိုင်းတွင် အစာအာဟာရဆိုင်ရာ တက္ကသိုလ်ဖွင့်လှစ်နိုင်ရန်လည်း မျှော်မှန်းထားကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
ရန်ကုန်နည်းပညာတက္ကသိုလ်မှာ အစာအာဟာရနဲ့ပတ်သက်တဲ့သင်တန်းတွေ ဖွင့်လှစ်နိုင်ဖို့ စီစဉ် နေပါတယ်။ နောက်ပိုင်း မျှော်လင့်ထားတာကတော့ အစာအာဟာရဆိုင်ရာတက္ကသိုလ်မျိုး ဖွင့်လှစ်နိုင်ဖို့ကို မျှော်မှန်းထားပါတယ်။
အဲဒီလိုကနေတစ်ဆင့်တစ်ဆင့် တက္ကသိုလ်တိုင်းမှာ အစာအာဟာရနဲ့ ပတ်သက်တဲ့ ဌာနတွေ၊ ဆရာတွေ မွေးထုတ်ပြီးတော့ အခြေခံပညာအထက်အောင်တဲ့သူတွေကို အစားအသောက်နဲ့ ပတ်သက်တဲ့ စက်ရုံအလုပ်ရုံတွေမှာ ၀င်ရောက်လုပ်ကိုင်ဖို့အတွက် အရင်းအမြစ်တွေကို မွေးထုတ်ပေးနိုင်ဖို့ အများကြီး မျှော်မှန်းထားကြောင်း ဒေါက်တာကျော်ငြိမ်းအေးက ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံတွင် အစာအာဟာရနှင့် ပတ်သက်တဲ့ ဘွဲ့ပေးသော တက္ကသိုလ် မရှိသေးကြောင်း သိရပါတယ်။
အစာအာဟာရနဲ့ပတ်သက်တဲ့ မာစတာဘွဲ့များ ပေးအပ်နိုင်ရန် Food Science Technology Association Stakeholder များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပူးပေါင်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရပါတယ်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
Source: daily eleven new