ရန်ကုန်တိုင်းမှ လူမှုရေးဝန်ကြီး တတိယနှစ် အဝေးသင်စာမေးပွဲ ကျရှုံး

ရန်ကုန်တိုင်းမှ လူမှုရေးဝန်ကြီး တတိယနှစ် အဝေးသင်စာမေးပွဲ ကျရှုံး

ဝန်ကြီးဦးနိုင်ငံလင်းသည် ဒဂုံတက္ကသိုလ်တွင် သင်္ချာဘာသာအထူးပြုဖြင့် တက်ရောက်လျှက်ရှိပြီး ဇန်န၀ါရီလ ၂၀၁၇ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် အောင်စာရင်းတွင် နာမည်မပါလာဘဲ ကျရှုံးခဲ့ပါသည်။

ထိုသတင်းကို ဒဂုံတက္ကသိုလ်မှ အရာရှိတစ်ဦးက ၀န်ကြီးဦးနိုင်ငံလင်း စာမေးပွဲမအောင်ခြင်း မှန်ကြောင်းနှင့် ယခုနှစ်တွင် သင်္ချာဘာသာရပ်ဖြင့် ကျရှုံးသူများကြောင်း ပြောကြားခဲ့ပါသည်။

ယခုတတိယနှစ် အဝေးသင် သင်္ချာဘာသာရပ်တွင် ဖြေဆိုသူ ၅၀၈ ဦးရှိခဲ့ပြီး စုစုပေါင်း ၂၄၀ ဦးသာ အောင်မြင်ခဲ့ကြောင်း သိရှိရသည်။

Tutorial နှင့် စာစဉ်အမှတ်ကို ၂၀ သတ်မှတ်ထားကြောင်းနှင့် ၁၈ မှတ်သာ အများဆုံးပေးကြောင်း သိရှိရ သည်။

ကျန်ရမှတ်များကို စာမေးပွဲတွင် ရရှိသော အမှတ်နှင့်ပေါင်းပြီး အောင်/ရှုံး ဆုံးဖြတ်ကြောင်း သိရှိရသည်။ ၀န်ကြီး ဦးနိုင်ငံလင်းသည် အဝေးသင်စာမေးပွဲ ကျင်းပနေချိန်အတွင်း ပြည်ပသို့ ငြိမ်းချမ်းရေး ခရီးစဉ် သွားရောက်ခဲ့သည်။

ထို့ကြောင့် သီးသန့်စာမေးပွဲဖြေဆိုခွင့်ပေးခဲ့ပြီး နိုဝင်ဘာလတွင် ကမာရွတ်မြို့နယ်၊ အဝေးသင်တက္ကသိုလ်တွင် ဖြေဆိုခဲ့သည်။

၂၀၁၂ ခုနှစ်၊ ကြားဖြတ်ရွေးကောက်ပွဲတွင် နေပြည်တော်၊ ဒက္ခိဏသီရိ မဲဆန္ဒနယ်မှ ကိုယ်စားလှယ်လောင်း အဖြစ် အနိုင်ရရှိပြီး ၂၀၁၅ ခုနှစ်၊ ရွေးကောက်ပွဲတွင် သာကေတမြို့နယ်၊ မဲဆန္ဒနယ်မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိကာ ယခုတွင် ရန်ကုန်တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိကြောင်း သိရှိရသည်။

Source: 7 Day Daily

News Read 8232 times