မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ဝင်ခွင့်ပုံစံမပြောင်းလဲဘဲ ယမန်နှစ်မျာကအတိုင်း ခေါ်ယူမည်

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ဝင်ခွင့်ပုံစံမပြောင်းလဲဘဲ ယမန်နှစ်မျာကအတိုင်း ခေါ်ယူမည်

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ အမျိုးသမီးဝင်ခွင့်အား စုစုပေါင်းဝင်ခွင့်၏ ၂၀ ရာခိုင်နှုန်းကို ၀င်ခွင့်ပေးမည် ဖြစ်သည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သည် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်မှ စတင်ပြီး မိန်းကလေးများကိုပါ ၂၀ ရာခိုင်နှုန်းဝင်ခွင့်ပေးခဲ့ရာ ယခုနှစ်နှင့်ဆိုလျှင် သုံးနှစ်မြောက်အထိ ရှိပြီ ဖြစ်သည်။

လူဦးရေကတော့ ၁၄၀ ပဲသတ်မှတ်ထားပါတယ်။ ဒါပေမယ့် လက်ခံနိုင်တဲ့ အတိုင်းအတာအရ နည်းနည်းပိုလက်ခံတာမျိုးတော့ ရှိပါတယ်။

READ - တက္ကသိုလ်ဝင်တန်းအောင်မြင်သူများ ပညာရေးတက္ကသိုလ် ဘီအီးဒီ ပညာသင်ထောက်ပံ့ကြေးလျှောက်ထားနိုင်

၂၀၁၆ ခုနှစ် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားခဲ့သော မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်သို့ ကျောင်းသား၊ ကျောင်းသူ ၁၅၃ ဦးကို ၀င်ခွင့်ပေးခဲ့ပြီး ယောက်ျားလေး ၁၂၆ ဦးနှင့် မိန်းကလေး ၂၇ ဦးဖြစ်သည်။

ထိုပညာသင်နှစ်အတွက် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်၏ အမြင့်ဆုံးဝင်ခွင့်အမှတ်မှာ ၅၀၁ မှတ်ဖြစ်ပြီး အနိမ့်ဆုံးအမှတ်မှာ ၄၄၄ မှတ် ဖြစ်သည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာ စက်ရုံများ၊ ဌာနများတွင် တာဝန်ထမ်းဆောင်နိုင်သည့် လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ်ပေးနိုင်ရန်အတွက် မိန်းကလေးများကိုလည်းခေါ်ယူခဲ့ပြီး အလုပ်အကိုင် အခွင့်အလမ်းများအတွက်လည်း နိုင်ငံတကာသုံး ဘွဲ့လက်မှတ်တစ်ခုဖြစ်ရန် ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသပညာတက္ကသိုလ်တွင် ဘာသာရပ် ခြောက်ခုရှိပြီး ပထမနှစ်မှ B.E အထိ စုစုပေါင်း ခြောက်နှစ်တက်ရောက်ရမည်။

ယခုနှစ်အထိ ဘွဲ့ကြို၊ ဘွဲ့လွန် ကျောင်းသား၊ ကျောင်းသူ ၆၀၀ ကျော် ပညာသင်ကြားလျက်ရှိပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 3429 times