ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့လဲ အကြောင်းအမျိုးမျိုးကြောင့် သင်တန်း ဆက်မတက်နိုင်ခဲ့ဘူးဆိုရင် သင်တန်းတရားဝင်ရပ်နားခွင့်ကို တင်ပြပြီးမှသာ ရပ်နားခွင့်ရမှာဖြစ်ပါတယ်။
တရားဝင်တင်ပြ ပြီး ရပ်နားတာမရှိဘူးဆိုရင် ဒီနှစ်မှာ အဆက်ဖြတ်မယ်၊ နောက်နှစ်မှာ ပြန်လာတက်မယ်ဆိုရင် အဲဒီကျောင်းသူ၊ ကျောင်းသားက အဆက်ပြတ်အနေနဲ့ ကျောင်းကနေ နုတ်ထွက်ရမယ့် အနေအထားဖြစ်ပါတယ်။
မိမိဝင်ခွင့်ရရှိတဲ့ တက္ကသိုလ်မှာ မှတ်ပုံတင်စာရင်းသွင်းရမှာဖြစ်ပြီး မှတ်ပုံတင် စာရင်းသွင်းပြီးမှသာ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အခက်အခဲတွေနဲ့ အကြောင်း အမျိုးမျိုးကြောင့် ရပ်နားမယ်ဆိုပါက ရပ်နားခွင့်ရှိမှာဖြစ်တယ်လို့ သိရပါတယ်။
ဝင်ခွင့်ရတဲ့ ပညာသင်နှစ်မှာ အဲဒီတက္ကသိုလ် ဆက်သွယ်မထားပါက နောင်ပညာသင်နှစ်မှာ ပြန်တက်မယ်ဆိုရင် အခြား တက္ကသိုလ်ကိုပြောင်းရွှေ့တက်ရောက်ရမှာ ဖြစ်ပါတယ်။ အဓိကကတော့ အဝေးသင်တက္က သိုလ်ကို ပြောင်းရွှေ့တက်ရောက်ရ မယ်လို့ ဆိုပါတယ်။
ရန်ကုန် ပညာရေးတက္ကသိုလ်အနေနဲ့ စာသင်ချိန်တွေကို (credit unit) စနစ်နဲ့ သတ်မှတ်တာဖြစ်ပြီး (credit point) ပြည့်မီအောင် ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ သတ်မှတ်ထားတဲ့ စာသင်ချိန်တွေ တက်ရောက်ဖို့ လိုအပ်ပါတယ်။
ပညာသင်နှစ် ငါးနှစ်သတ်မှတ်ထားပြီး စာမေးပွဲကျရှုံးပါက ကျရှုံးတဲ့ မော်ကျူး အတိုင်း ပြန်လည်ဖြေဆိုရမှာဖြစ်ပါတယ်။
နှစ်နှစ်ဆက်တိုက် ကျရှုံးပါက အပြင်ဖြေ စနစ်နဲ့ ဖြေဆိုရမှာဖြစ်ပါတယ်။
အပြင်ဖြေ စနစ်မှာ ထပ်မံကျရှုံးပါက ကျောင်းကနေ ရပ်နားရမှာဖြစ်ပြီး အဝေးသင်တက္ကသိုလ်ကို ပြောင်းရွှေ့တက်ရောက်ရမည် ဖြစ်ပါတယ်။
ရန်ကုန်ပညာရေးတက္ကသိုလ် တက် ရောက်ခွင့်ရရှိတဲ့ ကျောင်းသား၊ ကျောင်းသူတွေအနေနဲ့ နေထိုင်ဖို့အတွက် အဆောင် နေထိုင်ခွင့်ပေးထားပြီး အခုပညာသင်နှစ် မှာ ကျောင်းသူကျောင်းသားဦးရေ ၃၀ဝ ခန့် လက်ခံသင်ကြားပေးတာဖြစ်ပြီး ကရင် ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ ဧရာဝတီတိုင်းဒေသကြီးက ကျောင်းသူကျောင်းသားတွေကို ဝင်ခွင့်ပြု တာဖြစ်ပါတယ်။
Source: kumudra