၁။ ရန်ကုန်စီးပွားရေးတက္ကသိုလ်၏ (၂၀၁၉-၂၀၂၀) ပညာသင်နှစ်အတွက် ဖွင့်လှစ်မည့် အောက်ပါမဟာဘွဲ့သင်တန်းသို့ ဝင်ခွင့်လျှောက်ထားနိုင်ပါသည်။
** ဘဏ်လုပ်ငန်းဘဏ္ဍာရေးပညာမဟာဘွဲ့ (Master of Banking and Finance-MBF)
၂။ အဆိုပါမဟာဘွဲ့သင်တန်းအတွက် အောက်ပါအရည်အချင်းများနှင့် ကိုက်ညီသူများလျှောက်ထားနိုင်ပါသည်။
** အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိပြီးသူဖြစ်ရပါမည်။
** ဘဏ်လုပ်ငန်း(သို့) ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်းခွင် (အလယ်အလတ်အဆင့်စီမံခန့်ခွဲမှု)၊ အတွေ့အကြုံ(လုပ်သက်) အနည်းဆုံး (၂) နှစ်ရှိသူဖြစ်ရပါမည်။
** တက္ကသိုလ်တစ်ခုခုတွင် အခြားသင်တန်းတစ်ခု တက်ရောက်နေသူမဖြစ်စေရ။
** သတ်မှတ်ထားသော သင်ရိုးအတိုင်း အချိန်ပြည့်မီစွာ တက်ရောက်နိုင်သူဖြစ်ရပါမည်။
၃။ သင်တန်းနှင့်သက်ဆိုင်သော စာရွက်၊ စာတမ်းများနှင့် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံများကို ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)၊ အခန်း (၁၀၃/၂၀၆)တွင် (၂၂-၇-၂၀၁၉) ရက် (တနင်္လာနေ့) မှဖောင်များစတင်ယူနိုင်ပြီး (၂၅-၈-၂၀၁၉) ရက် (တနင်္ဂနွေနေ့) အထိ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။
၎။ သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲကို ၂၀၁၉ ခုနှစ်။ စက်တင်ဘာလ (၁) ရက်နေ့တွင် ရန်ကုန်စီးပွားရေးတက္ကသိုလ် (ကမာရွတ်နယ်မြေ)တွင် ကျင်းပမည်ဖြစ်ပါသည်။
Read More>>> ရန်ကုန်တက္ကသိုလ်ပထမဦးစားပေး လျှောက်ထားသူများ လူတွေ့ဖြေဆိုရမည့်စာရင်းများ(ပထမပိုင်း)
၅။ ပြည့်စုံစွာဖော်ပြမှုမရှိသော လျှောက်လွှာများ၊ လုပ်သက်၊ ထောက်ခံချက် မပြည့်စုံသော လျှောက်လွှာများကို လက်ခံစဉ်းစားမည်မဟုတ်ပါ။
၆။ သင်တန်းဝင်ခွင့်ရေးဖြေစာမေးပွဲတွင် အဆင့်မီသူများအား လူတွေ့စစ်ဆေးရွေးချယ်၍လက်ခံမည်ဖြစ်ပါသည်။
၇။ သင်တန်းနှင့်ပတ်သက်၍ ဖုန်းနံပါတ် ၀၁-၅၂၆၆၁၃ (သင်တန်းရေးရာဌာန)၊ ၀၁-၅၁၃၄၅၇ (MBF ရုံးခန်း) ၀၁-၅၁၃၅၇၆ (ဝါဏိဇ္ဇဗေဒဌာနရုံးခန်း) တို့တွင် စုံစမ်းနိုင်ပါသည်။
(ရန်ကုန်စီးပွားရေးတက္ကသိုလ်)
Source; English Studies Group