ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ ပညာရေးဝန်ကြီးဌာန အဆင့်မြင့်ပညာဦးစီးဌာ
၁။ ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ၂၀၁၉-၂၀၂၀ ပညာသင်နှစ်အတွက် ပါရဂူဘွဲ့ (PhD) သင်တန်းကို အောက်ဖော်ပြပါ အထူးပြုဘာသာရပ်များဖြင့် ဖွင့်လှစ်သင်ကြားမည်ဖြစ်ပါသည်။
(က) ပညာရေးသဘောတရား၊
(ခ) ပညာရေးစိတ်ပညာ၊
(ဂ) သင်ပြနည်း၊
၂။ ပါရဂူဘွဲ့ (PhD) သင်တန်းတက်ရောက်ရန် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံသူများ လျှောက်ထားနိုင်ပါသည်။
(က) ပါရဂူဘွဲ့ သင်တန်းတက်ရောက်ခွင့် လျှောက်ထားသူသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသာြး ဖစ်ရပါမည်ဖြစ်ပါသည်။
(ခ) ၂၀၁၉ ခုနှစ်၊ ဇွန်လ (၁) ရက်နေ့တွင် အသက်(၃၀) နှစ်ထက် မကျော်လွန်သူဖြစ်ရပါမည်ဖြစ်ပါသည်။ (လုပ်ငန်းခွင် အတွေ့အကြုံရှိသူများကို အသက်ကန့်သတ်ချက် လျှော့ပေါ့စဉ်းစားမည်။)
(ဂ) ပါရဂူဘွဲ့အကြိုသင်တန်းကို အချိန်ပြည့် တစ်နှစ်တက်ရောက်နိုင်သူဖြစ်ရပါမည်။
(ဃ) ဝင်ခွင့်လျှောက်ထားသူ၏ အရည်အချင်းသတ်မှတ်ချက်များမှာအောက်ပါအတိုင်းဖြစ်ပါသည်။
** ပညာရေးဝန်ကြီးဌာန ဝန်ထမ်းများအတွက် **
(၁) အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ်နယ်ပယ်တွင် အနိမ့်ဆုံး မဟာဘွဲ့ အောင်မြင်သူဖြစ်ရပါမည်။ ဘာသာရပ်ဆိုင်ရာ (၃) နာရီမေးခွန်းနှင့် အင်္ဂလိပ်စာ (၃) နာရီမေးခွန်းဝင်ခွင့် စာမေးပွဲဖြေဆို အောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်းကို အောင်မြင်သူများကိုသာ လက်ခံပါမည်။
(၂) တက္ကသိုလ်၊ ဒီဂရီကောလိပ်များမှ နည်းပြ၊ သရုပ်ပြ (သို့) နည်းပြ၊ သရုပ်ပြနှင့် အဆင့်တူရာထူးတွင် လုပ်သက်(၁) နှစ် အနည်းဆုံးရှိရပါမည်။ ထို့အပြင် လျှောက်ထားသူသည် ပါရဂူဘွဲ့သင်တန်း တက်ရောက်ခွင့် ပြုခြင်းဖြင့် ဌာနဆိုင်ရာလုပ်ငန်းတွင် တိုက်ရိုက်အကျိုးပြုနိုင်ကြောင်း သက်ဆိုင်ရာဌာဆိုင်ရာ အကြီးအကဲကထောက်ခံသူဖြစ်ရပါမည်။
(၃) ပါရဂူကြိုသင်တန်း တက်ရောက်ခွင့်ရှိပါက သက်ဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (သို့) ညွှန်ကြားရေးမှူးချုပ်ကိုယ်စား တာဝန်ပေးအပ်ထားသော အရာရှိများ (သို့) သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ် ပါမေက္ခချုပ်၊ ကျောင်းအုပ်ကြီးထံမှ အချိန်ပြည့် (၁) နှစ် တက်ရောက်ခွင့်ပြုနိုင်ကြောင်း ထောက်ခံစာတင်ပြရပါမည်။
Read More: "ရန်ုကုန်နိုင်ငံခြား ဘာသာတက္ကသိုလ် CHRD သင်တန်း Waiting List ထုတ်ပြန်ကြေညာ"
** အခြားဝန်ကြီးဌာန ဝန်ကြီးဌာန ဝန်ထမ်းများအတွက်**
(၁) အသိအမှတ်ပြုထားသော တက္ကသိုလ်တစ်ခုခုမှ မိမိလျှောက်ထားလိုသော ဘာသာရပ်နယ်ပယ်တွင် အနိမ့်ဆုံး မဟာဘွဲ့အောင်မြင်သူဖြစ်ရပါမည်။ဘာသာရပ်ဆိုင်ရာ (၃) နာရီ မေးခွန်းနှင့် အင်္ဂလိပ်စာ (၃) နာရီမေးခွန်းဝင်ခွင့် စာမေးပွဲဖြေဆိုအောင်မြင်ပြီး လူတွေ့စစ်ဆေးခြင်းကို အောင်မြင်သူများကိုသာ လက်ခံမည်ဖြစ်ပါသည်။
(၂) အနိမ့်ဆုံး နည်းပြ၊ သရုပ်ပြ (သို့) ယင်းနှင့်အဆင့်တူ ရာထူးတွင် လုပ်သက် (၂) နှစ် အနည်းဆုံးရှိရပါမည်။
(၃) ပါရဂူအကြိုသင်တန်း တက်ရောက်ခွင့်ရရှိပါက သက်ဆိုင်ရာ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (သို့) ညွှန်ကြားရေးမှူးချုပ် ကိုယ်စားတာဝန် ပေးအပ်ထားသော အရာရှိများ (သို့) သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီ ကောလိပ် ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးထံမှ အချိန်ပြည့် (၁) နှစ်တက်ရောက်ခွင့်ပြုကြောင်း ထောက်ခံစာတင်ပြရမည်ဖြစ်ပါသည်။
၃။ ရန်ကုန်ပညာရေးတက္ကသိုလ်၊ ကျောင်းသားရေးရာဌာနတွင် သတ်မှတ်ထားသည့် လျှောက်လွှာပုံစံဖြင့် ၂၀-၅-၂၀၁၉ ရက် (တနင်္လာနေ့) အထိ နောက်ဆုံးထား၍ လျှောက်ထားရမည်ဖြစ်ပါသည်။
၎။ လျှောက်ထားသူများသည် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် ပါရဂူဘွဲ့ (PhD) သင်တန်းဝင်ခွင့် စာမေးပွဲကို အောက်ပါအတိုင်း ဝင်ရောက်ဖြေဆိုရပါမည်။
(က) ၂၃-၅-၂၀၁၉ ရက် (ကြာသာပတေးနေ့) ၉း၀၀ နာရီမှ ၁၂း၀၀ နာရီသက်ဆိုင်ရာဘာသာရပ်
(ခ) ၂၄-၅-၂၀၁၉ ရက် (သောကြာနေ့) ၉း၀၀ နာရီမှ ၁၂း၀၀ နာရီ အင်္ဂလိပ်စာဘာသာရပ်
၅။ ရေးဖြေစာမေးပွဲအောင်မြင်သူများကို ၃၀-၅-၂၀၁၉ ရက် (ကြာသပတေးနေ့) တွင် လူတွေ့စစ်ဆေးပါမည်ဖြစ်ပါသည်။
၆။ အသေးစိတ်အချက်အလက်များကို ဘာသာရပ်နှင့် စပ်လျဉ်း၍ သက်ဆိုင်ဘာသာရပ်မောက္ခ (ဌာနမှူး) များထံတွင်လည်းကောင်း၊ သင်တန်းဝင်ခွင့်နှင့် စပ်လျဉ်း၍ သက်ဆိုင်ရာ မော်ကွန်းထိန်း (ဖုန်း ၀၁-၅၃၄၂၇၃) ထံတွင်လားကောင်းစုံစမ်းနိုင်ပါသည်။
မော်ကွန်းထိန်း
(ရန်ကုန်ပညာရေးတက္ကသိုလ်)