ရန်ကုန်ပညာရေးတက္ကသိုလ် အမျိုးသားလူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးမှုဌာန အစီအစဉ်ဖြင့် Master of Arts (Teaching of English as a Foreign Laguage) MA (TEFL) (အင်္ဂလိပ်စာကို နိုင်ငံခြားဘာသာအဖြစ် သင်ကြားခြင်း ) သင်တန်းကို အောက်ပါအစီအစဉ်အတိုင်း ဖွင့်လှစ်မည် ဖြစ်ပါသဖြင့် စိတ်ဝင်စားသူများ လျှောက်ထားနိုင်ပါသည်။
သင်တန်းအမည် -Master of Arts (Teaching of English as a Foreign Language) MA (TEFL) အင်္ဂလိပ်စာကို နိုင်ငံခြားဘာသာအဖြစ်သင်ကြားခြင်း။
ပညာအရည်အချင်း -အသိအမှတ်ပြုထားသည့် တက္ကသိုလ် တစ်ခုခုမှ ပထမဘွဲ့ကို အင်္ဂလိပ်စာအဓိကဖြင့် ရရှိခဲ့ပြီး မဟာတန်းတက်ေ၇ာက်ရန် အဆင့်မီသူ (သို့) ရန်ကုန်ပညာရေး တက္ကသိုလ် အင်္ဂလိပ်စာဌာနမှ ဖွင့်လှစ်သော ဘွဲ့လွန်ဒီပလိုမာ သင်တန်းမှ Diploma in ELTM ဘွဲ့လွန်ဒီပလိုမာ ရရှိပြီးသူ။
သင်ကြားပို့ချမည့်အချိန် -တနင်္လာနေ့မှ သောကြာနေ့အထိ။
သင်တန်းကာလ -(၂) နှစ်။
သင်တန်းကြေး -တစ်လ (၁၅၀၀၀) ကျပ်။
ပေးအပ်မည့်ဘွဲ့ -Master of Arts (Teaching of English as a Foreign Language) MA (TIFL)။
လျှောက်လွှာစတင်လက်ခံမည့်ရက်-၂၅.၄.၂၀၁၉ ရက်မှ ၁၀.၅.၂၀၁၉ ရက်အထိ။
သင်တန်းဝင်ခွင့်စီစစ်ခြင်း -ရေးဖြေ နှုတ်ဖြေ စာမေးပွဲများဖြေဆိုရမည်။
ရေးဖြေစာမေးပွဲကျင်းပမည့်ရက် -၁၆.၅.၂၀၁၉ (နံနက် ၉ နာရီမှ ၁၂ နာရီအထိ)
လူတွေ့စစ်ဆေးမည့်ရက် -ရန်ကုန်ပညာရေးတက္ကသိုလ်။
လျှောက်လွှာလက်ခံမည်နေရာ -ရန်ကုန်ပညာရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာန။
စုံစမ်းရန် -ရန်ကုန်ပညာရေးတက္ကသိုလ်၊ သင်တန်းရေးရာဌာန၊ ဖုန်း ၀၁-၅၃၄၂၇၃
(ရန်ကုန်ပညာရေးတက္ကသိုလ်)