ယခုပညာသင်နှစ်အတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့် ကျောင်းသား၊ ကျောင်းသူ ၄၅၁ ဦး ရရှိ

ယခုပညာသင်နှစ်အတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်ဝင်ခွင့် ကျောင်းသား၊ ကျောင်းသူ ၄၅၁ ဦး ရရှိ

၂၀၁၇-၂၀၁၈ ပညာသင်နှစ်အတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်သို့ ကျောင်းသား ၂၅၅ ဦး၊ ကျောင်းသူ ၁၉၆ ဦး စုစုပေါင်း ၄၅၁ ဦး ၀င်ခွင့်ရရှိခဲ့သည်။

ယခုနှစ်အတွက် ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ အမြင့်ဆုံးဝင်ခွင့်အမှတ်မှာ ၄၉၄ မှတ် ဖြစ်ပြီး အနိမ့်ဆုံးဝင်ခွင့်အမှတ်မှာ ၄၄၀ မှတ် ဖြစ်သည်။

ဝင်ခွင့်ရရှိခဲ့သော ကျောင်းသား၊ ကျောင်းသူများသည် နိုဝင်ဘာ ၁၅ ရက် မှ စတင်ပြီး ဒီဇင်ဘာလ ၂၁ ရက်နေ့ နောက်ဆုံးထားပြီး ကျောင်းအပ်နှံရမည်ဖြစ်သည်။

သင်တန်းများကို ဒီဇင်ဘာ ၄ ရက်တွင် စတင်ဖွင့်လှစ်မည်ဟု ရန်ကုန်ကွန်ပျူတာတက္ကသိုလ်မှ သိရသည်။

READ - တက္ကသိုလ်ဝင်ခွင့် အကြောင်းပြန်စာ နိုဝင်ဘာလ ၁၅ ရက်နေ့မှာ ထုတ်ပြန်ပေးမည်

ယခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား၊ ကျောင်းသူများကို တက္ကသိုလ်ဝင်တန်း စုစုပေါင်း ရမှတ် ၄၂၀ ရရှိပါက လျှောက်ထားခွင့်ပေးခဲ့ပြီး လျှောက်ထားလာသူများထဲမှ အမြင့်ဆုံးအမှတ်မှ အနိမ့်ဆုံးအမှတ်များအထိ တန်းစီဇယားပြုလုပ်ကာ ၀င်ခွင့်ပေးခဲ့ကြောင်း သိရသည်။

ရန်ကုန်ကွန်ပျူတာတက္ကသိုလ်၏ သင်တန်းကာလမှာ ငါးနှစ်ဖြစ်ပြီး ပရိုဂရမ်အင်ဂျင်နီယာ၊ အသိပညာ အင်ဂျင်နီယာ၊ စီးပွားရေး သတင်းအချက်အလက်စနစ်၊ ကွန်ပျူတာ လုံခြုံရေးနှင့် သက်သေ အထောက်အထားရှာဖွေ စစ်ဆေးမှုပညာ၊ မြှပ်နှံထိန်းချုပ်မှုစနစ်၊ ဆက်သွယ်ရေးနှင့် ကွန်ရက်ပညာ ဘာသာရပ်များကို သင်ကြားမည် ဖြစ်သည်။

သက်ဆိုင်ရာ ဘွဲ့အသီးသီးကို သတ်မှတ်အရည်အချင်းပြည့်မီစွာ အောင်မြင်ပါက မဟာဘွဲ့နှင့် ပါရဂူဘွဲ့သင်တန်းများကို ဆက်လက် တက်ရောက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့် ရန်ကုန်ကွန်ပျူတာတက္ကသိုလ် တစ်ခုဖြစ်သည့် မန္တလေး ကွန်ပျူတာတက္ကသိုလ် သည် ယခင်နှစ်အတိုင်း တက္ကသိုလ်ဝင်တန်း ရမှတ် ၄၂၀ နှင့် အထက် ရရှိသူများအား ၀င်ခွင့်ပေးထားကြောင်း သိရသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: democracy today

News Read 6621 times