ရန်ကုန်တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ် (လှိုင်နယ်မြေ) နှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ် (ရွာသာကြီးနယ်မြေ) နှစ်ခုရှိပါတယ်။
ယခုနှစ်တွင် တက္ကသိုလ်ဝင်တန်းအောင်မြင်သော ကျောင်းသား/သူ များအနေဖြင့် ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) တွင် တက်ရောက်လိုပါက ကျောင်းသား/သူပေါင်း (၆၄၀) ခန့် (မေဂျာတစ်ခုကို ကျောင်းသား/သူ (၈၀) ခန့်) ခေါ်ယူမည် ဖြစ်ပါတယ်။
ရန်ကုန်စီးပွားရေးတက္ကသိုလ် (ရွာသာကြီး) တွင် တက်ရောက်လိုပါက ကျောင်းသား/သူပေါင်း (၁၆၀၀) ခန့် ခေါ်ယူမည် ဖြစ်ပါတယ်။
တက္ကသိုလ် ဝင်ခွင့်လမ်းညွှန်တွင် ရန်ကုန်စီးပွားရေး တက္ကသိုလ် လှိုင်နယ်မြေနှင့် ရွာသာကြီး နယ်မြေ သို့ ဝင်ခွင့် ရမှတ် (၄၂၀) နှင့်အထက် ရရှိသူများ လျှောက်ထားခွင့် ရှိသည်ဟု ပြဌာန်းထားသော်လည်း ယခုနှစ် ကျောင်းသား/သူများ၏ တက္ကသိုလ်ဝင်ခွင့် လျှာက်ထားမှု အရေအတွက် အပေါ်မူတည်ပြီး အပြောင်းအလဲများလည်း ရှိနိုင်ပါတယ်။
သို့ဖြစ်ပါ၍ အမှတ်ပေါင်း ၃၈၀ နှင့်အထက် ရရှိသူများသည်လည်း ရန်ကုန်စီးပွားရေး တက္ကသိုလ် တက်ရောက်ချင်သည့် အခါတွင်လည်း အခွင့်အရေးတခု အနေဖြင့် လျှောက်ထားလိုလျှင်လည်း လျှောက်ထားနိုင်ပါတယ်။
လျှောက်လွှာတင်သည့် အခါတွင် မိမိမည့်သည့်နယ်မြေတွင် ပညာသင်ကြားလိုသည်ကို ထည့်သွင်းရေးသားရန် လိုအပ်ပါသည်။
ဥပမာ **မိမိက လှိုင်နယ်မြေတွင် တက်ရောက်လိုလျှင် ရန်ကုန်စီးပွားရေး တက္ကသိုလ် (လှိုင်နယ်မြ) ဟု ရေးသား ဖော်ပြရမည် ဖြစ်ပါတယ်။
ဥပမာ **ရွာသာကြီးနယ်မြေတွင် သင်ကြားလိုသူများသည်လည်း ရန်ကုန်စီးပွားရေး တက္ကသိုလ် (ရွာသာကြီး နယ်မြေ) ဟု ရေးသားဖော်ပြရမည် ဖြစ်ပါတယ်။
အကယ်၍ မည်သည့်နယ်မြေတွင် မဆို သင်ကြားလိုသည် ဟုဆိုလျှင် ရန်ကုန်စီးပွားရေး တက္ကသိုလ် (လှိုင်+ရွာသာကြီး) သော်လည်းကောင်း၊ ရန်ကုန် စီးပွားရေးတက္ကသိုလ် ဟုသော်လည်းကောင်း ရေးသား၍ လျှောက်ထားရမည် ဖြစ်ပါတယ်။
Read More: **ရန်ကုန်ပညာရေးတက္ကသိုလ် ဝင်ခွင့်နှုတ်ဖြေစာမေးပွဲ လျှောက်လွှာများစတင်ထုတ်ယူနိုင်ခြင်း**
**နယ်မြေထည့်သွင်းရေးသားဖော်ပြမှသာလျှင် သက်ဆိုင်ရာနယ်မြေအတွက် ထည့်သွင်းစဉ်းစားမည် ဖြစ်ပါတယ်။**
မြန်မာတစ်နိုင်ငံလုံးတွင် ရှိသော ကျောင်းသား/ သူများ အနေနှင့် ရန်ကုန်စီးပွားရေး တက္ကသိုလ်တွင် တက်ရောက်လိုပါက အထက်ပါ သတ်မှတ်ချက်များနှင့် ကိုက်ညီပါက ဝင်ရောက် လျှောက်ထားနိုင်ပါကြောင်း အသိပေးအပ်ပါတယ်။
Source: Yangon University of Economics