ရတနာပုံဆိုက်ဘာစီးတီး တက်ခွင့်ရသူစာရင်း ထုတ်ပြန်

ရတနာပုံဆိုက်ဘာစီးတီး တက်ခွင့်ရသူစာရင်း ထုတ်ပြန်

အခုနှစ်မှာ တက္ကသိုလ်ဝင်တန်းအမှတ်ပေါင်း အနိမ့်ဆုံး ၄၅၀ မှတ်ရှိသူတွေကို လက်ခံတာဖြစ်ပြီး အမြင့်ဆုံး အမှတ်ကတော့ ၄၉၄ အထိရှိခဲ့တာဖြစ်ပါတယ်။

စုစုပေါင်း ကျောင်းသူ ကျောင်းသားဦးရေ ၃၁၂ ဦးကို ဝင်ခွင့်ပြုထားပါတယ်။

နည်း ပညာတက္ကသိုလ်ရတနာပုံဆိုက်ဘာစီးတီးအနေနဲ့ ကျောင်းသားလက်ခံတဲ့အခါမှာ ကျောင်းသားဦးရေနဲ့ ကျောင်းသူဦးရေ ၅၀း၅၀ လက်ခံမှာဖြစ်ပြီး စုစုပေါင်းကျောင်းသူ ကျောင်းသားဦးရေ ၂၅၀လက်ခံမယ်လို့ ဝင်ခွင့်လမ်းညွန်စာအုပ်မှာ သတ်မှတ် ဖော် ပြထားတာ ဖြစ်ပါတယ်။

READ - ၂၀၁၇-၂၀၁၈ ပညာသင်နှစ် နေ့သင်တန်းများအတွက် ကျောင်းဝင်မှတ်ပုံတင် နောက်ဆုံးထားလက်ခံမည့်ရက်များ အသီးသီး သတ်မှတ်

တက္ကသိုလ်ဝင်တန်းမှာ စုစုပေါင်းရမှတ် ၄၂၀ မှတ်နဲ့ အထက် ရရှိသူတွေ လျှောက်ထားခွင့်ပြုခဲ့ပြီး လျှောက်ထားတဲ့သူတွေရဲ့ ရမှတ်တွေနဲ့ လျှောက်ထားသူဦးရေပေါ်မူတည်ပြီး ဝင်ခွင့်သတ်မှတ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။

နည်းပညာတက္က သိုလ်ရတနာပုံဆိုက်ဘာစီးတီးက ပညာသင် နှစ်ခြောက်နှစ်တက်ရောက်ရမှာဖြစ်ပြီး B.E ဘွဲ့ပေးအပ်တာ ဖြစ်ပါတယ်။

အဲသည်တက္ကသိုလ်မှာ သတင်းအချက်အလက်နဲ့ ဆက်သွယ်ရေးနည်းပညာ ဘာသာရပ်၊ အီလက် ထရွန်းနစ် အင်ဂျင်နီယာဘာသာရပ်၊အဆင့်မြင့် ဒြပ်ပစ္စည်း အင်ဂျင်နီယာဘာသာရပ်နဲ့ တိကျစက် ပစ္စည်း ထုတ်လုပ်မှုအင်ဂျင်နီယာ ဘာသာရပ် စတဲ့ ဘာသာရပ်တွေကို သင်ကြားပေးနေပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 3304 times