ရတနာပုံတက္ကသိုလ် ဓာတုဗေဒဌာန အဖြေလွှာများထားသည့် အခန်းဖောက်ထွင်းခံရ

ရတနာပုံတက္ကသိုလ် ဓာတုဗေဒဌာန အဖြေလွှာများထားသည့် အခန်းဖောက်ထွင်းခံရ

ဓာတုဗေဒဌာန ပထမထပ်၊ ဆရာ/ဆရာမများအခန်းနှင့်ကပ်လျက်ရှိသည့် အဖြေလွှာများထားသော လုံခြုံရေး အခန်းကို ဖောက်ထွင်းခံခဲ့ရခြင်းဖြစ်ကာ ဖောက်ထွင်းခံရခြင်းကို မတ်လ ၂၈ ရက်နေ့ နံနက်ကျောင်းဖွင့်ချိန်မှသာ
သိရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဖြေလွှာထားတဲ့ အခန်းကို ဖောက်ထွင်းခံရတဲ့အတွက် ကျောင်းသားပဲဖြစ်မယ်လို့ထင်ပါ တယ်။

အဲဒီလိုအခန်းမျိုးက အခြား အဖိုးတန်ပစ္စည်းလည်းရှိတဲ့အခန်း မဟုတ်ပါဘူး။ အလွန်ဆုံးရှိမှ ကွန်ပြူတာပဲရှိတာပါ။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

အဲဒီအခန်းထဲက အဖြေလွှာပျောက်ဆုံးခြင်း ရှိမရှိကို စစ်ဆေးနေတယ်လို့ သိရတယ်။

အဖြေလွှာစာရွက်များ ထားရှိသည့် အခန်းပြတင်းပေါက်သံပန်းအား ဖျက်ပြီး ဝင်ရောက်သွားခြင်းဖြစ်ပါသည်။

အဆိုပါဖြစ်စဉ်မှာ ကြီးမားသည့် ဖောက်ထွင်းမှုမျိုးမဟုတ်ပဲ၊ မည့်သည့်ပစ္စည်းမှ ပျောက်ဆုံးခြင်း မရှိကြောင်း၊ ဖြစ်စဉ်မှာ ကလေးများ၏ လက်ဆော့မှုသာ ဖြစ်နိုင်ကြောင်း ပါမောက္ခချုပ် ဒေါတာအေးကျော်က တယ်လီဖုန်းဖြင့် ဖြေကြားခဲ့သည်။

အမရပူရမြို့နယ် ရဲတပ်ဖွဲ့သို့ သွားရောက်မေးမြန်းရာတွင်လည်း ရဲတပ်ဖွဲ့အနေဖြင့် လာရောက်တိုင်ကြားခြင်း မရှိသည့်အတွက် သိရှိခြင်းမရှိကြောင်း သိရပါသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 6895 times