ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် အစားအသောက်ဆိုင်ရာဘွဲ့များပေးအပ်ရန်အတွက် လုပ်ဆောင်နေ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် အစားအသောက်ဆိုင်ရာဘွဲ့များပေးအပ်ရန်အတွက် လုပ်ဆောင်နေ

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် အစားအသောက်ဆိုင်ရာဘွဲ့များ ပေးအပ်ရန်အတွက်လုပ်ဆောင်နေကြောင်း ရန်ကုန်နည်းပညာတက္ကသိုလ်တွင်အစာအာဟာရဆိုင်ရာ သိပ္ပံဘာသာရပ်သင်ကြားသည့် ဒေါက်တာကျော်ငြိမ်းအေးက ပြောကြားပါသည်။

 

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်မှာအစားအသောက်ဆိုင်ရာဘွဲ့တွေပေးဖို့ စီစဉ်နေပြီ။ ဒီလိုတဖြည်းဖြည်းချင်းလုပ်ရမှာ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ နိုင်ငံတကာမှာဆိုရင် အစားအသောက်နဲ့ပတ်သက်တဲ့ ဘာသာရပ်တွေကို သင်ကြားပေးတယ်။ တက္ကသိုလ်တိုင်းလိုလို သင်ကြားတယ်။ ဥပမာ-အိမ်နီးနားချင်းဖြစ်တဲ့ ထိုင်းနိုင်ငံမှာဆိုရင် တက္ကသိုလ် (၇၀) လောက်မှာ BSC Food Technology ပေါ့။ အစားအသောက်နဲ့ ပတ်သက်တဲ့ သိပ္ပံဘွဲ့တွေပေးနေနတာ။ ကျွန်တော်တို့ဆီမှာ အဲဒီလိုတစ်ခုမှမရှိသေးဘူး" ဟု၎င်းကပြောကြားပါသည်။

 

မြန်မာနိုင်ငံတွင် အစာအာဟာရနှင့်ပတ်သက်သည့် ဘွဲ့ပေးသော တက္ကသိုလ်မရှိသေးကြောင်းနှင့် ယင်းကဲ့သို့မရှိခြင်းမှာလည်း နိုင်ငံ၏လိုအပ်ချက်တစ်ရပ်ဖြစ်နေကြောင်း သိရပါသည်။

Read More>>>> တက္ကသိုလ်ဝင်ခွင့်ကို အမှတ်ဖြင့် မဆုံးဖြတ်သည့်စနစ်သို့ ပြောင်းရန်အချိန်ယူရဦးမည်

အစာအာဟာရနှင့်ပတ်သက်သည့် မာစတာဘွဲ့များပေးအပ်နိုင်ရန် Food Science Technology AssociationStakeholder များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများနှင့်ပူးပေါင်းဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရပါသည်။

 

Source: Daily Eleven

News Read 1251 times