ရန်ကုန်တက္ကသိုလ်တွင် ဖွင့်လှစ်နေသောဘွဲ့လွန်ဒီပလိုမာသင်တန်းများကျောင်းအပ်ဖောင်တင်ရာတွင် ပထမဦးဆုံး သက်ဆိုင်ရာဌာနတွင် ဖောင်များဝယ်ယူရပါဖြစ်ပါသည်။
ရာမညဆောင် -DBL, DML, DIPL, DAPsy, DSW, DAE
ဝေသာလီဆောင် -DIR, DMCH, DArch
တောင်ငူဆောင် -DCWE
ပင်လုံဆောင် -DELT
အမရဆောင် -DLIS
သိပ္ပံဆောင် သစ်ပုတ်ပင်ရှေ့ -DAP, DFT
ULB ဆောင် -DCA, DCS
ဝိဇ္ဇာဆောင် -DOS
လိုအပ်သောစာရွက်စာတမ်းများ….
-ဆယ်တန်းအောင်လက်မှတ်မူရင်းနှင့်မိတ္တူ
-ဘွဲ့လက်မှတ်မူရင်းနှင့်မိတ္တူ
-မှတ်ပုံတင်မူရင်းနှင့် မိတ္တူ
-ပတ်စ်ပို့စ်ဓါတ်ပုံအနည်းဆုံး ၆ ပုံ
DELT, DAPsy, DAP, DArch, DFT, DLIS, DAE, DSW သင်တန်းများအတွက်လျှောက်လွှာများကို ကျောင်းသားရေးရာနှင့် ကျောင်းဆောင်များဌာန သစ်ပုတ်ပင်ရှေ့တွင်ထုတ်ယူရပါမည်ဖြစ်ပါသည်။
ဝင်ခွင့်စာမေးပွဲဖြေဆိုရသောသင်တန်းများ…DIR, DBL, DML, DIL, DIPL, DSW, DAE, DArch, DELT, DLIS, DAP, DFT
ဝင်ခွင့်စာမေးပွဲဖြေဆိုရသော သင်တန်းများသည် စားမေးပွဲဖြေဆိုခွင့်အတွက် ဦးစွာဖောင်တင်ရမည်ဖြစ်ပါသည်။
ဖောင်များကို သက်ဆိုင်ရာဌာနတွင် ဝယ်ယူပြီးဖောင်ဖြည့်ပါ။ လိုအပ်သောစာရွက်စာတမ်းများပါ တစ်ပါတည်း ဖောင်နှင့်တင်ပေးရပါမည်။မူရင်းတိုက်စစ်ပါသည်။ဖောင်တင်ပြီးလျှင်
ဝင်ခွင့်စာမေးပွဲအတွက် နမူနာမေးခွန်းပုံစံပေးပါသည်။ ဝင်ခွင့်စာမေးပွဲဖြေဆိုပြီးလျှင် ဝင်ခွင့်ရရှိသူများကို သက်ဆိုင်ရာဌာနတွင် အောင်စာရင်းများကပ်ပေးမည်ဖြစ်ပါသည်။
ဝင်ခွင့်ရရှိပြီးလျှင် registration form ဖြည့်ပြီး လိုအပ်သောစာရွက်စာတမ်းများ မူရင်းများပြပြီး သက်ဆိုင်ရာပါမောက္ခဌာနမှူး လက်မှတ်ရယူပြီးကျောင်းသားရေးရာဌာန
သိပ္ပံဆောင် သစ်ပုတ်ပင်ရှေ့တွင်ငွေသွင်းပြီး ချာလန်ကို သက်ဆိုင်ရာဌာနတွင် မိတ္တူပေးရမည်ဖြစ်ပါသည်။
ကျောင်းအပ်တာပြီးဆုံးပြီး ကျောင်းဖွင့်သောနေ့တွင် စတင်တက်ရောက်ရမည်ဖြစ်ပါသည်။
ဝင်ခွင့်စာမေးပွဲဖြေဆိုစရာမလိုသောသင်တန်းများ… DAPsy, DMCH, DCWE, DCA, DCS, DOS
ဖောင်များကိုသက်ဆိုင်ရာဌာနတွင် ဝယ်ယူပြီးဖောင်ဖြည့်ရပါမည်။ လိုအပ်သောစာရွက်စာတမ်းများပါ တစ်ပါတည်းဖောင်နှင့်ပေးရမည်ဖြစ်ပါသည်။
မူရင်းတိုက်စစ်ပါသည်။ registration form ဖြည့်ပြီးလိုအပ်သော စာရွက်စာတမ်းများ မူရင်းများပြန်ပြီး သက်ဆိုင်ရာပါမောက္ခဌာနမှူး လက်မှတ်ရယူပြီး
ကျောင်းသားရေးရာဌာနတွင် သိပ္ပံဆောင် သစ်ပုတ်ပင်ရှေ့တွင် ငွေသွင်းပြီး ချာလန်ကိုသက်ဆိုင်ရာဌာနတွင် မိတ္တူပေးရမည်ဖြစ်ပါသည်။
ကျောင်းအပ်တာပြီးဆုံးပြီးကျောင်းဖွင့်သောနေ့တွင် စတင်တက်ရောက်ရမည်ဖြစ်ပါသည်။
Source: Educational Information by Ye Lwin Hein