ဘွဲ့ (၂) ခုကို တပြိုင်တည်း ရနိုင်မည့် အခွင့်အရေး …..

ဘွဲ့ (၂) ခုကို တပြိုင်တည်း ရနိုင်မည့် အခွင့်အရေး …..

စာကို စိတ်ဝင်စားမယ် ၊ ညဏ်ကောင်းမယ် ၊ ကြိုးစားချင်စိတ်ရှိမယ် ၊ ဥပဒေပညာကိုလည်း လေ့လာချင်သလို တခြားဘာသာရပ် တခုခုကိုလည်း သင်ယူချင်တယ် ဆိုရင် ကိုယ်ကြိုက်နှစ်သက်ရာ

တက္ကသိုလ် တခုခုကို တက်နေရင်း ၊ ရန်ကုန်အဝေးသင် တက္ကသိုလ်က ဖွင့်တဲ့ Online LLB (Law) ဥပဒေပညာဘွဲ့ကို အွန်လိုင်းက လေ့လာသင်ယူပြီး ၄-၅ နှစ်ကြာတဲ့ အခါမှာ ကိုယ်တက်နေတဲ့

တက္ကသိုလ် တခုခုက ဘွဲ့ကိုလည်း ရမှာ ဖြစ်သလို ၊ ဥပဒေပညာဘွဲ့ကိုလည်း ရနိုင်မှာ ဖြစ်ပါတယ်။

အသက်မွေးဝမ်းကျောင်း တက္ကသိုလ် တခုခုကို တက်ရမလား ၊ ဥပဒေကျောင်း တက်ရမလားလို့ ဝေခွဲမရ ဖြစ်နေသူဆိုရင် ၂ ခုစလုံးကို တပြိုင်တည်း ရနိုင်တာမို့ ပိုပြီး သင့်လျှော်ပါတယ်။

သင်တန်းအမျိုးအစား နဲ့ သင်တန်းဝင်ခွင့်အရည်အချင်း

သင်တန်းအမျိုးအစား - ဥပဒေပညာဘွဲ့ သင်တန်း (Online LLB)

သင်တန်းဝင်ခွင့်အရည်အချင်း - တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ပြီး Online ဥပဒေပညာသင်တန်း တက်ရောက်ရန် အမှတ်မီသူဖြစ်ရမည်။

(တက္ကသိုလ်ဝင်တန်းအောင်မြင်သည့်အမှတ်ပေါင်း ၃၅၀ နှင့်အထက် ရရှိ၍ အင်္ဂလိပ်စာတွင် အမှတ် (၅၀)နှင့် အထက်ရရှိသူ) (သို့မဟုတ်)

ဥပဒေဘွဲ့မှအပ အခြားဘွဲ့ တစ်ခုခုရရှိပြီးသူများ (ပထမနှစ်မှ စတင်တက်ရောက်ရမည်)

သင်တန်းသားဦးရေ – ၁၀၀ ဦး

သင်တန်းကာလ – ပထမနှစ်မှ ပဉ္စမနှစ်ထိ () နှစ်

သင်တန်းနှစ်တစ်နှစ်အတွက် semester () ခု

ပထမနှစ်ဝက် ကာလ - နှစ်စဉ် ဒီဇင်ဘာလမှ မတ်လအထိ (၄ – လ)

ဒုတိယနှစ်ဝက်ကာလ - နှစ်စဉ် ဇွန်လမှ စက်တင်ဘာလ အထိ (၄ – လ)

သင်တန်းကြေး - သင်တန်းနှစ် တစ်နှစ်အတွက်

(က) မှတ်ပုံတင်ကြေး - ၁၀,ဝ၀ဝိ/- (ကျပ်တစ်သောင်းတိတိ)

() သင်တန်းကြေး - module တစ်ခုလျှင် ၂၅,ဝ၀ဝိ/- ဖြင့် module (၁၂) ခု အတွက် ၃ဝဝ,ဝ၀ဝိ/- (semester တစ်ခုလျှင် module () ခု အတွက် ၁၅ဝ,ဝ၀ဝိ/-)

() စာမေးပွဲကြေး - ၃၆,၀၀ဝိ/ ကျပ်တိတိ

ဝင်ခွင့်လျှောက်ထားခြင်း - Online အနေဖြင့်‌ (www.ynou.edu.mm) Website မှ တိုက်ရိုက်လျှောက်ထားနိုင်ပါသည်။

သင်ကြားပို့ချမည့်ဘာသာရပ်များ

  • Law
  • Myanmar

  • Aspects of Myanmar

  • English

  • Economics ( Principles of Microeconomics & Principles of Macroeconomics)

  • Philosopy

  • Psychology

သင်ကြားမည့်ပုံစံ

  • Online Teaching အတွက် သင်ကြားပို့ချမည့် သင်ခန်းစာများကို ဆရာ၊ ဆရာမ များက ရေးသားပြုစုခြင်း ၊ ရုပ်/သံ ရိုက်ကူးခြင်းများပြုလုပ်ပြီး Lecture Box တွင် download ပြုလုပ်နိုင်ရန်တင်ထားခြင်းဖြင့် ကိုယ်တိုင်သင်ယူလေ့လာစေခြင်း
  • သင်ခန်းစာများကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် သင်ကြားပို့ချလျက်ရှိသော်လည်း စာမေးပွဲဖြေဆိုရာတွင် အင်္ဂလိပ်ဘာသာဖြင့်သာ ဖြေဆိုစေခြင်း
  • Assignment များကို သတ်မှတ်ထားသောရက်အတွင်း online မှ ဖြေဆို တင်သွင်းစေခြင်း
  • Tutorial ဖြေဆိုရာတွင် သတ်မှတ်ထားသောရက်နှင့်အချိန်အတွင်း ဖြေဆိုရခြင်း

စာမေးပွဲစစ်ဆေးခြင်း - စာမေးပွဲများကို သတ်မှတ်ထားသောရက်များအတွင်း ရန်ကုန်အဝေးသင်တက္ကသိုလ် online exam center တွင်လာရောက်ဖြေဆိုရမည်ဖြစ်ပါသည်။

ကျောင်းလျှောက်လွှာများကို နိုဝင်ဘာလဆန်းမှာ ခေါ်ယူလေ့ရှိပါတယ်။

လျှောက်လွှာတင်ဖို့ မပြတ်စုံစမ်းနေဖို့ လိုပါတယ်။ သင်တန်းသားဦးရေကို ကန့်သတ်ခေါ်ယူသဖြင့် နောက်ကျရင် တက်ခွင့်မရ ဖြစ်တတ်တယ်။

အခြေခံလိုအပ်ချက်များက ကွန်ပြူတာ ၊ အင်တာနက် နဲ့ မြန်မာစာလက်ကွက်ကို ကျွမ်းကျင်ဖို့ လိုပါတယ်။ စာကို ပုံမှန်လေး ဖတ်ဖြစ်ရင် အောင်နိုင်ပါတယ်။

ယခုနှစ် ၂၀၁၈ မှာ တက္ကသိုလ်ဝင်တန်း အောင်မြင်ပြီး နောက် ၄-၅ နှစ်အကြာမှာ ဘွဲ့ ၂ ခုကို တပြိုင်တည်း ရနိုင်မယ့် အခွင့်အလမ်းက လက်တကမ်းမှာ ရှိနေတယ်ဆိုတဲ့အကြောင်းလေး လက်တို့လိုက်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: LLB Online

News Read 8219 times