၁။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ (ရေဆင်း နေပြည်တော်)တွင် ၂၀၁၉- ၂၁၂ဝ ပညာသင်နှစ် အတွက် တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့သင်တန်း
တိရစ္ဆာန် ဆေးပညာ မဟာဘွဲ့သင်တန်းနှင့် ပါရဂူဘွဲ့သင်တန်းများ ဖွင့်လှစ်ရန်ရှိပါသဖြင့် လျှောက် လွှာများခေါ်ယူအပ်ပါသည်။
၂။ သင်တန်းဝင်ခွင့်လျှောက်ထားလိုသူများသည် အောက်ပါသတ်မှတ်ချက်များနှင့် ပြည့်စုံကြောင်း အထောက်အထားမူရင်းနှင့် မိတ္တူများကို တင်ပြရပါမည်။
(က) လျှောက်ထားသူနှင့် ၎င်း၏ မိဘနှစ်ပါး (၃)ဦးစလုံးသည်
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံသားဖြစ်ရမည်။ (နိုင်ငံသား
စီစစ်ရေးကတ်ပြားမူရင်း/ မိတ္တူတင်ပြနိုင်ရပါမည်။)
(ခ) သင်တန်းသို့ အချိန်ပြည့် တက်ရောက်နိုင်သူဖြစ်ရပါမည်။
(ဂ) ဝန်ထမ်းဖြစ်ပါက သက်ဆိုင်ရာဦးစီးဌာနမှ အချိန်ပြည့် တက်
ရောက်ခွင့်ပြုကြောင်း ထောက်ခံချက်မူရင်းတင်ပြရပါမည်။
(ဃ) ဤတက္ကသိုလ်တွင် တိရစ္ဆာန်မဟာသိပ္ပံ(M.V.Sc) သင်တန်းတက်ရောက်နေဆဲ သင်တန်းသားများသည် (၁၆-၅ -၂၀၁၉)ရက်တွင်
တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့ကျမ်းရေးသားပြုစုပြီးကြောင်း သက်ဆိုင်ရာပါမောက္ခ/ဌာနမှူး၏ထောက်ခံစာ
တင်ပြနိုင်ပါက ပါရဂူဘွဲ့(Ph.D)သင်တန်းကို လျှောက်ထားခွင့်ပြုပါမည်။
(c)တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့(M.V.Sc)သင်တန်းနှင့်တိရစ္ဆာန်ဆေးပညာမဟာဘွဲ့(M.V.Sc)သင်တန်းများအတွက် သင်တန်းကာလ(၂)နှစ်နှင့်
ပါရဂူဘွဲ့(Ph.D)သင်တန်းကာလမှာ(၃)နှစ်ဖြစ်ပြီး သင်တန်းသို့ အချိန် ပြည့်တက်ရောက်နိုင်သူဖြစ်ပါမည်။
(စ) တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့ (M.VS) သင်တန်းအတွက် (၂၀၁၇) ခုနှစ်အထိ (B.Vs/B.V.Sc) ဘွဲ့ရရှိသူများသည် လျှောက်ထားသည့်
အထူးပြုဘာသာရပ်တွင် အနိမ့်ဆုံး Grade-4(သို့မဟုတ်) အမှက်(၆၅)မှတ် ရရှိရပါမည်။
(ဆ) တိရစ္ဆာန်ဆေးပညာမဟာဘွဲ့(M.V.M)သင်တန်းအတွက် (၂ဝ၁၇) ခုနှစ်အထိ (B.VS/B.VSc) ဘွဲ့ရရှိသူများသည်
လျှောက်ထားသည် အထူးပြုဘာသာရပ်နှင့် ဆက်စပ်သည့် ဘာသာရပ်တစ်ခုခုတို့တွင် အနိမ့်ဆုံး (Grale-4
(သို့မဟုတ်)အမှတ် (၆၅)မှတ်စီ ရရှိရပါမည်။
(ဇ) ပါရဂူဘွဲ့သင်တန်းအတွက် (B.VS /B.VSc) အခြေခံဘွဲ့ရရှိထားပြီး Veterinary Science Subject
တစ်ခုခုဖြင့် ပြည်တွင်းပြည်ပ တက္ကသိုလ်တစ်ခုခုမှ Master ဘွဲ့ရရှိရပါမည်။
(ဈ) အထက်ဖော်ပြပါအချက်များနှင့် ပြည့်စုံသူများသည် မွေးမြူရေး
ဆိုင်ရာဆေးဇာက္ကသိုလ်မှ စစ်ဆေးမည့် ဘွဲ့လွန်သင်တန်းဝင်ခွင့် ရေးဖြေစာမေးပွဲ (အင်္ဂလိပ်စာနှင့် သက်ဆိုင်ရာ အထူးပြု ဘာသာရပ်)ကို
ဝင်ရောက်ဖြေဆိုရမည်ဖြစ်ပြီး အောင်မြင်စွာဖြေဆို နိုင်သူများကိုသာ လူတွေ့နှုတ်စာမေးပွဲ ဖြေဆိုခွင့်ပြုမည်ဖြစ်ပါသည်။
၃။ လျှောက်လွှာနှင့်အတူ လျှောက်ထားသူ၏ အကျင့်စာရိတ္တ ကောင်းမွန်
ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့စခန်းတစ်ခုခုမှ ထောက်ခံစာမူရင်း၊ ပတ်စ်ပို့ အရွယ် ရောင်စုံဓာတ်ပုံ(၃)ပုံ၊ အောင်မြင်ခဲ့သော တက္ကသိုလ်မှ ဘွဲ့လက်မှတ်မူရင်းနှင့် မိတ္တူတို့ကို တင်ပြရမည်ဖြစ်ပါသည်။
၎။ လျှောက်လွှာပုံစံများကို (၁၆-၅-၂၀၁၉) ရက် (ကြာသပတေးနေ့)မှစ၍ ရေဆင်း၊ မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်တွင် ရယူနိုင်ပြီး လျှောက်လွှာများကိုသတ်မှတ်ပုံစံဖြင့် မွေးမြူရေးဆိုင်ရာ
ဆေးတက္ကသိုလ်တွင် (၃၁-၅-၂၀၁၉) ရက် (သောကြာနေ့) ညနေ (၄းဝဝ) နာရီနောက်ဆုံးထား၍ ကိုယ်တိုင်
လျှောက်ထားရမည်ဖြစ်ပါသည်။ လျှောက်လွှာပါအချက်များအား စိစစ်ပြီး မှန်ကန်ပါက စာမေးပွဲဖြေဆိုခွင့် ကတ်ပြားကို ထုတ်ပေးပါမည်ဖြစ်ပါသည်။
၅။ ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲကို မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၌ အောက်ပါအစီအစဉ်အတိုင်းကျင်းပမည်ဖြစ်ပါသည်။
စဉ် ဘာသာရပ် ရက်စွဲ အချိန်
(က) အင်္ဂလိပ်စာ (၄-၆-၂၀၁၉)ရက်(အင်္ဂါနေ့) နံနက်(၉)နာရီမှ(၁၂)နာရီ
(ခ) သက်ဆိုင်ရာအထူးပြု (၅-၆-၂၀၁၉)ရက်(ဗုဒ္ဓဟူးနေ့) နံနက်(၉)နာရီမှ(၁၂)နာရီ
ဘာသာရပ်
၆။ ရေးဖြေစာမေးပွဲအောင်စာရင်းကို (၁၀-၆-၂၀၁၉)ရက် (တနင်္လာနေ့) တွင် ထုတ်ပြန်ပေးမည်ဖြစ်ပြီးရေးအောင်မြင်သူများအား(၁၄-၆-၂၀၁၉) ရက် (သောကြာနေ့)တွင်
မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၌ လူတွေ့စစ်ဆေးမည်။ ဘွဲ့လွန်သင်တန်းတက်ရောက်ခွင့်ရရှိသူများ၏ အမည်စာရင်းကို (၁၆-၆-၂၀၁၉)
ရက် (တနင်္ဂနွေနေ့)တွင် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၌ ထုတ်ပြန်ပါမည်။
၇။ တိရစ္ဆာန်မဟာဆေးသိပ္ပံဘွဲ့သင်တန်း တိရစ္ဆာန်ဆေးပညာမဟာဘွဲ့ သင်တန်းနှင့် ပါရဂူဘွဲ့သင်တန်းများကို (၁၇-၆-၂၀၁၉) ရက် (တနင်္လာနေ့) တွင် စတင်ဖွင့်လှစ်မည်ဖြစ်ပါသည်။
၈။ ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လာရောက်သည့်အခါ မိမိ၏နိုင်ငံသားစိစစ် ရေးကတ်ပြားမူရင်းနှင့် စာမေးပွဲဖြေဆိုခွင့်ကတ်ပြားများကို တစ်ပါတည်း ယူဆောင်လာရပါမည်။
၉။ သတ်မှတ်ထားသည့် အချက်အလက်များတိကျပြည့်စုံစွာ ရေးသား ဖော်ပြခြင်းမပြုသော လျှောက်လွှာများ၊ မမှန်မကန်ဖြည့်စွက်ရေးသားဖော်ပြသော
လျှောက်လွှာများနှင့် အချိန်မီမရောက်ရှိသော လျှောက်လွှာများအား ထည့်သွင်းစဉ်းစားမည်မဟုတ်ပါ။
၁၀။ အသေးစိတ်အချက်အလက်များ သိရှိလိုပါက မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ်၊ ရေဆင်း နေပြည်တော်
ဖုန်းနံပါတ် ၀၆၇-၃၄၁၆၆၅၉ ၊ ၀၆၇-၃၄၁၆၅၂၆ တို့သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါကြောင်း နှင့် မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်၏
website ဖြစ်သော www.uvsyezin.edu.mm တွင်ကြည့်ရှုနိုင်ပါကြောင်း ကြေညာအပ်ပါသည်။
(မွေးမြူရေးဆိုင်ရာဆေးတက္ကသိုလ်)