ရန်ကုန်ပညာရေးတက္ကသိုလ်တွင် University Management System စတင်အသုံးပြုမည် ပညာရေးနှင့် ပတ်သက်သောနည်းပညာများ တိုးတက်အားကောင်းလာစေရေးအတွက် ရန်ကုန်ပညာရေးတက္ကသိုလ်တွင် University Management System အသုံးပြုနိုင်ရန် Blue Ocean Investment Co., Ltd. မှ ရန်ကုန်ပညာရေးတက္ကသိုလ်သို့ Application ပေးအပ်လှူဒါန်းခြင်းအခမ်းအနားကို ဇူလိုင် (၂၇)ရက်နေ့တွင် အဆိုပါတက္ကသိုလ်တွင် ကျင်းပပါသည်။
“ နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်တဲ့ လုပ်ငန်းစုဖြစ်တာနဲ့အညီ နည်းပညာအခြေပြုဝန်ဆောင်မှုလုပ်ငန်းများ ပေါ်ပေါက်လာစေရေး နည်းဗျူဟာကောင်းချမှတ်ပြီး ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။
Education Technology ဖြစ်တဲ့ University Management System ကို ရေးဆွဲပြီး အဆင့်မြင့်ပညာဦးစီးဌာနအောက်မှာရှိတဲ့ တက္ကသိုလ်တွေအတွက် စတင်မိတ်ဆက်ပေးနိုင်ပါပြီ” ဟု Blue Ocean Investment Co., Ltd. မှ ဥက္ကဌ ဦးထွန်းထွန်းနိုင်ကပြောပါသည်။
ယင်းစနစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်မှ ကျောင်းသား/သူများ အနေဖြင့် ကျောင်းတွင်းရှိသက်ဆိုင်ရာ ဆရာ/ဆရာမများ၊ ပညာသင်နှစ်ပြက္ခဒိန်၊ သင်ရိုးမာတိကာ၊ အချိန်စာရင်း၊ Attendance၊ အပြန်အလှန်ဆွေးနွေးနိုင်သော Chat Room များနှင့် ဓာတ်ပုံများ စသည်တို့ပါဝင်မည်ဖြစ်ပါသည်။
ထို့ပြင် ပညာရေးတိုးတက်မှုမှတ်တမ်းများ၊ ကျောင်းလခပေးသွင်းမှု အခြေအနေများကို ကွန်ပျူတာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ အသုံးပြုစစ်ဆေးနိုင်မည်ဖြစ်ပြီး ယင်း Application ကိုအသုံးပြုခြင်းဖြင့် တိတိကျကျနှင့် အချိန်ကုန်သက်သာလွယ်ကူစွာ ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
အဆိုပါ Application သည် တက္ကသိုလ်များအတွက် လိုအပ်သောကျောင်းသားရေးရာ စီမံခန့်ခွဲမှုများတွင် လွယ်ကူလျင်မြန်စေရန်နှင့် IT နည်းပညာများဖြင့် မြန်မာနိုင်ငံပညာရေး မြင့်မားလာစေရန် ရည်ရွယ်၍ တီထွင်ဖန်တီးထားသော Application ဖြစ်ပြီး Web-based system ဖြစ်၍ Computer၊ laptop၊ tablet၊ mobile phone စသည်တို့နှင့်ချိတ်ဆက်၍ လွယ်ကူစွာအသုံးပြုနိုင်မည်ဖြစ်သည်။
Read More>>>> ဗြိတိသျှကောင်စီ၏ IELTS ပညာသင်ဆု မြန်မာနိုင်ငံမှ (၄) ဦးရရှိ
အဆိုပါစနစ်ကို Blue Ocean Investment Co., Ltd. နှင့် Ed Tech Myanmar Co., Ltd. တို့ပူးပေါင်း၍ နိုင်ငံတကာမှ ပညာရှင်များနှင့် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်းသိရပါသည်။
Source: မြဝတီ