ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန လက်အောက်ရှိ ပညာရေးကောလိပ်များကို နှစ်နှစ်သင် ကောလိပ်အဆင့်မှ လေးနှစ်သင် ဒီဂရီ ကောလိပ် အဆင့်သို့ တိုးမြှင့်ဖွင့်လှစ် နိုင်ရန် ဆောင်ရွက် လျှက်ရှိပြီး လာမည့် နှစ်ဒီဇင်ဘာလတွင် ပညာရေး ကောလိပ်ငါးခုကို လေးနှစ်သင် ဒီဂရီကောလိပ် အဆင့် သို့ ကနဦး အနေဖြင့် အဆင့်တိုးမြှင့်ဖွင့်လှစ် သွားမည်ဖြစ်သည်။
ကျောင်းသား ကျောင်းသူများ ကိုလည်း တစ်ကျောင်းလျှင် ၃ဝဝ ဦး ဝင်ခွင့် ပေးနိုင် ရန်စီစဉ်လျှက်ရှိကြောင်း အဆင့်မြင့် ပညာဦးစီးဌာန မှ သိရသည်။
“ကျွန်တော်တို့ဘက်က အဆင့်မြှင့်တိုးဖွင့်ဖို့ အတွက် ဖွဲ့စည်းပုံကို ဝန်ကြီးရုံးကိုတင်ထားတယ်။ ခွင့်ပြုဖို့လည်း ရှိပါတယ်။ ကျွန်တော်တို့ကျောင်းတွေက ဆင်းလာတဲ့ သူတွေက Inservice Training လောက်ပဲ ပေးဖို့လိုတော့မှာ။ အဓိကက ကျွန်တော်တို့ ကျောင်းတွေကနေ မူလတန်းပြပြုန်းတီးမှုကို ဖြည့် ဆည်းနိုင်ဖို့လုပ်ရတာ။ ဒါကြောင့်တစ်နှစ်ကို ၃ဝဝ လောက် လက်ခံ နိုင်ဖို့ စီစဉ်ထားတယ်” ဟု အဆင့်မြင့် ပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်အောင်မင်းက နိုဝင်ဘာ ၂ ရက် တွင် ပြော ကြားသည်။
ထိုလျာထားသည့် ကောလိပ်ငါးခုမှာ ရန်ကင်း ပညာရေးကောလိပ်၊ မန္တလေးပညာရေး ကောလိပ်၊ တောင်ငူပညာရေး ကောလိပ်၊ ပုသိမ် ပညာရေး ကောလိပ်၊ လားရှိုးပညာရေးကောလိပ် တို့ဖြစ်သည်။
ပညာရေး ဝန်ကြီးဌာနအနေဖြင့် ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတွင် အဆိုပါငါးကျောင်း ကို အဆင့်တိုးမြှင့် ပြီးနောက် တစ်နှစ်တွင်အခြား ကောလိပ်ငါးခုကို ထပ်မံအဆင့်တိုးမြှင့် ဖွင့်လှစ် မည်ဖြစ်ကြောင်း သိရသည်။
ကောလိပ်တွေကို အဆင့်တိုးပြီးဆိုတာနဲ့ ကျွန်တော်တို့ ဘက်ကနေ ကျောင်းတွေမှာ ရှိတဲ့ စာ သင်ဆောင်တွေ၊ အိပ်ဆောင်တွေကို တိုးပေး ရမယ်။
ဒါမှလည်းတစ်နှစ်ကို ၃ဝဝ လောက်ဝင်ခွင့် ပေးရန် လေးနှစ်စာတက်ဖို့အတွက် အဆင် ပြေမှာ ဟု ဒေါက်တာအောင်အောင်မင်းက ဆက်လက်ပြော ကြားသည်။
လက်ရှိတွင် ပညာရေးကောလိပ်များကို လေးနှစ် သင် ဒီဂရီကောလိပ်အဆင့်သို့ တိုးမြှင့်နိုင်ရန် သင်ရိုး ညွှန်းတမ်း သင်တန်း ပေးခြင်းများ၊ အလုပ်ရုံ ဆွေးနွေးပွဲများကို ကျင်းပ ပြုလုပ်လျက်ရှိ ကြောင်း သိရသည်။
တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပညာရေးကောလိပ် နှစ်ဆယ့်လေးခုရှိနေကြောင်း သိရ သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: Democracy today