ပြောင်းရွှေ့လျှောက်ထားလိုသူများအနေဖြင့် မိမိပြောင်းရွှေ့လိုသော တက္ကသိုလ်၏ အနိမ့်ဆုံး ၀င်ခွင့်ပြုအမှတ်နှင့် ၀င်ခွင့်သတ်မှတ်ချက်များကို ပြည့်မီရမည်ဖြစ်ပြီး ပြောင်းရွှေ့လိုသော တက္ကသိုလ်က လက်ခံမှသာ ပြောင်းရွှေ့ခွင့်ရမည် ဖြစ်သည်။
"တက္ကသိုလ်တစ်ခုကနေ တခြားတစ်ခုကို ပြောင်းချင်ရင် ကိုယ်ဝင်ခွင့်ရတဲ့ တက္ကသိုလ်ဆီက ထောက်ခံချက်ယူပြီး ကျောင်းစဖွင့်တဲ့နေ့ကနေ သတ်မှတ်ရက်အတွင်း လျှောက်ထားရပါတယ်။ ကျော်ရင်တော့ ပြောင်းတဲ့တက္ကသိုလ်ကလည်း ကျောင်းဝင်မှတ်ပုံခွင့်မပြုပါဘူး" ဟု ပြောသည်။
မိဘများ နိုင်ငံဝန်ထမ်းဖြစ်၍ တာဝန်အရ ပြောင်းရွှေ့ရသော ကြောင့် ပြောင်းရွှေ့ပညာသင်ကြားခွင့် လျှောက်ထားလိုလျှင် ပထမ၀င်ခွင့်ရထားသည့် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်တွင် ပထမအရစ် သတ်မှတ်ကြေး ပေးသွင်းမှတ်ပုံတင်ခြင်းမပြုဘဲ မိဘအလုပ်တာဝန်ပြောင်းရွှေ့ရသည့် တရားဝင်ရုံးအမိန့်စာဖြင့် ပြောင်းရွှေ့မည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်သို့ တိုက်ရိုက်လျှောက်ထားရမည် ဖြစ်သည်။
အခြားအကြောင်းအမျိုးမျိုးကြောင့် ပြောင်းရွှေ့သင်ကြားခွင့် လျှောက်ထားလိုလျှင် ၀င်ခွင့်ရရှိထားသည့် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်တွင် ပထမအရစ်သတ်မှတ်ကြေး ပေးသွင်းပြီး ယင်းတက္ကသိုလ်ပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီးထံ ပြောင်းရွှေ့သင်ကြားလိုသည့် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်ကို ဖော်ပြပြီး ဒီဇင်ဘာ ၂၁ ရက်အထိ လျှောက်ထားနိုင်သည်ဟု ၂၀၁၈ တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်တွင် ဖော်ပြထားသည်။
၂၀၁၈ တက္ကသိုလ်ဝင်စာမေးပွဲ အောင်မြင်သူများအတွက် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာများကို တက္ကသိုလ် ၁၁ ခုက တိုက်ရိုက်လက်ခံခဲ့ပြီး ထိုတက္ကသိုလ်များ၏ ၀င်ခွင့်ရစာရင်းများကို သြဂုတ်လ ၁၅ ရက်တွင် ကြေညာမည်ဖြစ်သော်လည်း ယခုအခါ
ဝင်ခွင့်စာရင်းကြေညာမည့်ရက် - ၁၇.၉.၂၀၁၈
ငွေသွင်းမှတ်ပုံတင်ရမည့်ရက် - ၁၇.၉.၂၀၁၈ မှ ၁၇.၁၀.၂၀၁၈ ထိ ဖြစ်သည်။
အဆင့်မြင့်ပညာ ဦးစီးဌာန တက္ကသိုလ်ဝင်ခွင့် စိစစ်ရွေးချယ်ရေးအဖွဲ့သို့ လျှောက်ထားရသည့် တက္ကသိုလ်များ၏ ၀င်ခွင့်ရစာရင်းကို အဆင့်မြင့်ပညာဦးစီးဌာနက နိုဝင်ဘာလတွင် ကြေညာမည် ဖြစ်သည်။
၂၀၁၈-၁၉ ပညာသင်နှစ် တက္ကသိုလ်၊ ဒီဂရီ ကောလိပ်၊ ကောလိပ်အသီးသီး၏ ပထမနှစ်သင်တန်းများကို ဒီဇင်ဘာလ ၃ ရက်တွင် စတင်ဖွင့်လှစ်မည် ဖြစ်သည်။
တက်ရောက်ခွင့်ရရှိသူများ သက်ဆိုင်ရာ ကျောင်းများ၏ ကျောင်းအပ်လက်ခံသည့် ကာလအတွင်း အပြီးအပ်နှံမည် ဖြစ်သည်။
source: 7day daily