သုတေသနဆန်းစစ်လွှာတစ်ခု ကောက်ယူနေသည်ဟု အမျိုးသား ပညာရေးမူဝါဒကော်မရှင် ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ညီလှငယ်က ပြောသည်။
ရာထူးတိုး၊ အပြောင်းအရွှေ့ ဆောင်ရွက်ရာတွင် ဆရာ၊ ဆရာ မများ၏ ဒေသ ပြောင်းရွှေ့တာဝန် ထမ်းဆောင်လိုမှုအခြေအနေကို သိရှိနိုင်ရန် ကော်မရှင်က သုတေ သန ဆန်းစစ်လွှာကောက်ယူခြင်း ဖြစ်ပြီး စစ်တမ်းကောက်ယူမှု အချက်အလက်များ၊ အကြံပြုချက် များကို ပညာရေးဝန်ကြီးဌာနသို့ တင်ပြမည်ဖြစ်သည်။
‘‘ဆရာ၊ ဆရာမတွေဟာ ကိုယ်နေချင်တဲ့နေရာမှာ နေရသူ ရှိသလို ကိုယ့်နေရပ်ဒေသ နီးနီးနားနားမှာ မနေရဘဲ အဝေးကြီးမှာ သွားနေရသူတွေလည်းရှိတယ်။ ဆရာ၊ ဆရာမတွေ တစ်နေရာ တည်း၊ တစ်ကျောင်းတည်းမှာ တာဝန်ထမ်းဆောင်ရတာ ကြိုက် လား၊ ပြောင်းရွှေ့တာဝန်ထမ်း ဆောင်ရတာကြိုက်လား၊ တကယ် လို့ တစ်နေရာတည်းမှာနေရတာ ကြိုက်တယ်ဆိုရင် ဘယ်တက္က သိုလ်မှာ နေချင်လဲပေါ့။ အဲဒီတက္ကသိုလ်တွေကို ဦးစားပေး ၁၊ ၂၊ ၃ နဲ့ ဖြည့်ခိုင်းထားတယ်။ ဆရာ၊ ဆရာမတွေသဘောထားကို စစ် တမ်းကောက်ပြီး ဝန်ကြီးဌာနကို အကြံပြုမယ်။ ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ စဉ်းစားလို့ရ အောင်ပေါ့’’ ဟု ဒေါက်တာညီလှ ငယ်က ဆိုသည်။
READ - လုပ်ငန်းခွင်အကြိုမူလတန်း ဆရာအတတ်ပညာသင်တန်း (PPTT) အတွက် လျှောက်လွှာ ခေါ်ယူခြင်း
အဆင့်မြင့်ပညာဦးစီးဌာန အောက်ရှိ တက္ကသိုလ်၊ ဒီဂရီကော လိပ်၊ ကောလိပ်များရှိ နည်းပြ ရာထူးမှ ပါမောက္ခ(ဌာနမှူး)ရာ ထူးအထိ ဆရာ၊ ဆရာမတိုင်းသည် အဆိုပါ သုတေသနဆန်းစစ် လွှာပါ အချက်များကို ဖြေဆိုပြီး အဆင့်မြင့်ပညာဦးစီးဌာနမှတစ် ဆင့် ကော်မရှင်သို့ ဇန်နဝါရီ တတိယပတ် နောက်ဆုံးထားပေးပို့ရ မည်ဖြစ်သည်။
သုတေသနဆန်းစစ်လွှာ၌ (၁)တက္ကသိုလ်၊ ကောလိပ်တစ်ခုခု တွင် အမြဲတမ်း တာဝန်ထမ်း ဆောင်လိုပါသလား၊ ရွှေ့ပြောင်း တာဝန်ထမ်းဆောင်လိုပါသလား၊(၂) အမြဲတမ်းနေထိုင်သော မြို့ နှင့် (၃) အတည်တကျတာဝန်ထမ်း ဆောင်ခွင့်ရမည်ဆိုပါက ဦးစား ပေးအဆင့် သုံးဆင့်ဖြင့် ရွေးချယ် လိုသည့် တက္ကသိုလ်၊ ကောလိပ် အမည်စသည့် အချက်သုံးချက် ဖြည့်စွက်ရမည်ဖြစ်သည်။
ဆရာ၊ ဆရာမများအနေဖြင့် သုတေသန ဆန်းစစ်လွှာပါအ ချက်များကို မိမိ၏ ဆန္ဒအတိုင်း လွတ်လပ်စွာ ဖြည့်စွက်ရန်နှင့် ဖြည့်စွက်ချက်များကို တည်းဖြတ်ပြင် ဆင်ခြင်း၊ ဖြည့်စွက်မည့် အဖြေအတွက် တိုက်တွန်းခြင်းမပြုလုပ်ရန် ကော်မရှင်၏ သုတေသနဆန်း စစ်လွှာတွင် ဖော်ပြထားသည်။
အမျိုးသားပညာရေးဥပဒေ အရ အမျိုးသားပညာရေးမူဝါဒ ကော်မရှင်ကို အဖွဲ့ဝင် ၂၁ ဦးဖြင့် ၂၀၁၆ စက်တင်ဘာ ၂၈ ရက်က စတင်ဖွဲ့စည်းခဲ့သည်။
ကော်မရှင် ၏တာဝန်နှင့် လုပ်ပိုင်ခွင့်များတွင် အမျိုးသားပညာရေးရည်မှန်းချက် များနှင့် ပညာရေးဆိုင်ရာ မူဝါဒ များချမှတ်ခြင်း၊ ပညာရေးစနစ်၊ ပညာရေးဆိုင်ရာ မူဝါဒများနှင့် ပညာရေးဆိုင်ရာ စီမံကိန်းများအ ကောင်အထည်ဖော်မှုအပေါ် အကဲခတ်သုံးသပ်ခြင်း နှင့်အကြံပေး ခြင်းတို့ပါဝင်သည်။
မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။
Source: 7 day daily