တက္ကသိုလ်တွေမှာ ဆရာ ၊ ဆရာမအင်အား တစ်ထောင်ကျော် ထပ်ခန့်မယ်

တက္ကသိုလ်တွေမှာ ဆရာ ၊ ဆရာမအင်အား တစ်ထောင်ကျော် ထပ်ခန့်မယ်

တက္ကသိုလ် ၁၃၀ ကျော်မှာ လိုအပ်နေတဲ့ ဆရာ ၊ ဆရာမ အင်အားကို ဖြည့်ဆည်းဖို့အတွက် ဆရာ ၊ ဆရာမ တစ် ထောင် ကို မကြာခင်အချိန်မှာ ခန့်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

နည်းပြ ဆရာ ၊ ဆရာမ နဲ့သရုပ်ပြ ဆရာ ၊ဆရာမတွေကို သက်ဆိုင်ရာ တက္ကသိုလ် ပါမောက္ခတွေရဲ့ စီမံခန့်ခွဲမှု နဲ့ ခန့်အပ်သွားမှာလို့ အဆင့်မြင့် ပညာဦးစီးဌာနက ညွှန်ကြားရေးမှူး ချုပ် ဒေါက်တာသိန်းဝင်းက ဒီကနေ့ နေပြည်တော်မှာပြုလုပ်တဲ့ ကျောင်းသားသမဂ္ဂတွေက ခေါင်းဆောင်အချို့နဲ့တွေ့ဆုံပွဲအပြီးမှာ ပြောလိုက်တာပါ။

ဒီလို ခန့်အပ်ရာမှာတော့ ကျောင်းသားအချိုးနဲ့ ဆရာအချိုး လိုအပ်မှုအပေါ် မူတည်ပြီး တက္ကသိုလ်အလိုက် ခန့်အပ်ရမယ့် ဆရာ ၊ ဆရာမ ဦးရေ ကို ပြန်တွက်ချက်နေတယ်လို့လည်းဆိုပါတယ်။

အဆင့်မြင့်ပညာဦးစီးဌာနအနေနဲ့ လက်ရှိမှာ နယ်ဒေသတွေမှာ သွားရောက်တာဝန်ထမ်းဆောင်ပေးနေတဲ့ ဆရာ နဲ့ ဆရာမတွေကို တစ်နှစ်တစ်ကြိမ် ရာထူးတိုးပေးပြီး အပြောင်းအရွှေ့ပြုလုပ်ပြီး တာဝန်ပေး တာတွေလည်း လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးသတင်းများအခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။

source: 7day (ရုပ်သံသတင်းထောက် - မောင်သင်တုန်း)

News Read 4274 times