တက္ကသိုလ်ဘာသာရပ်ရွေးချယ်လျှောက်ထားမှုကို ဆယ်တန်းရမှတ်ဖြင့် ဆုံးဖြတ်ဦးမည်

တက္ကသိုလ်ဘာသာရပ်ရွေးချယ်လျှောက်ထားမှုကို ဆယ်တန်းရမှတ်ဖြင့် ဆုံးဖြတ်ဦးမည်

ဆယ်တန်းဖြေဆိုတာကလည်း national exam ဖြစ်ပြီး မြန်မာနိုင်ငံမှာ တစ်ခုတည်းသော နိုင်ငံတော်အသိ အမှတ်ပြုစာမေးပွဲ ဖြစ်ပါတယ်။

အမျိုးသားပညာရေးဥပဒေအရ ၁၀ တန်းစာမေးပွဲအောင်မြင်ပြီး တက္ကသိုလ်တက်ရောက်လိုတဲ့ ကျောင်းသူကျောင်းသားတွေနေနဲ့ မိမိလျှောက်ထားလိုတဲ့ တက္ကသိုလ်ကို အမှတ်နဲ့မဆုံးဖြတ်တော့ဘဲ ဝင်ခွင့်ဖြေဆိုခြင်းဖြင့် လျှောက် ထားခွင့်ပေးမှာဖြစ်ပါတယ်။

သည်စနစ်ကိုပြီးခဲ့တဲ့ ပညာသင်နှစ်ကတည်းက စတင်နိုင်ဖို့စီစဉ်ခဲ့တာ ဖြစ်ပေမဲ့ လာမယ့်ပညာသင်နှစ်မှာလည်း အဆင်သင့်မဖြစ်သေး တဲ့အတွက် စတင်နိုင်ခြင်းမရှိသေးတာ ဖြစ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

တစ်ချို့က ကိုယ်ဝါသနာပါပါမပါပါ အမှတ်ရတဲ့ပေါ်မူတည်ပြီးတော့ လျှောက်ကြတာတွေ ရှိပါတယ်။

တစ်ချို့ကအမှတ်များတဲ့ မေဂျာသည် ကောင်းတယ်လို့ထင်ပြီးတော့ လျှောက်ကြတာတွေလဲရှိတယ်၊ သူတို့ အမှန်တကယ် ဝါသနာပါလို့ မဟုတ်ဘူး၊ တစ်ချို့ကျ တော့လည်း အမှတ်များတဲ့ မေဂျာကို ဝါသနာပါလို့ လျှောက်ချင်ပေမဲ့ အမှတ် နည်းလို့မလျှောက်ရတာတွေလဲအများကြီးပါလို့ ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံမှာ တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးတဲ့ သူတွေအနေနဲ့ တက္ကသိုလ်ဝင်ခွင့်ကို အမှတ်နဲ့ဆုံးဖြတ်နေတဲ့အတွက် ကျောင်းသူကျောင်းသားများသည် မိမိဝါသနာပါရာ ဘာသာရပ်ကို တက်ရောက်ခွင့်မရရှိဘဲ ကန့်သတ်ထားသလို ဖြစ်နေပါတယ်။

ထိုစနစ်ကြောင့် ကျောင်းသူကျောင်းသားတွေ အနေနဲ့ မိမိတို့ရဲ့ဝါသနာပါရာ ဘာသာရပ်ကိုသင်ကြားခွင့်မရကြ တဲ့အတွက် အောင်မြင်မှုပိုင်းမှာလည်း ထိခိုက်မှုတွေ ရှိတတ်ပါတယ်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: kumudranews

News Read 4286 times