ရန်ကုန်တက္ကသိုလ်တွင် ငါးလုပ်ငန်းနှင့် ရေသတ္တ၀ါမွေးမြူရေးဆိုင်ရာ ဘွဲ့ကြိုသင်တန်း စတင်ဖွင့်လှစ်လိုက်ပြီး လာမည့် ဒီဇင်ဘာလတွင် အမှတ်ပေါင်း ၄၂၀ နှင့်အထက် ရရှိသော ကျောင်းသား/သူများ တက်ရောက်နိုင်မည် ဖြစ် သည်။
ရန်ကုန်တက္ကသိုလ် သတ္တဗေဒဌာနတွင် လေးနှစ်ကြာ တက်ရောက်ရမည့် ငါးလုပ်ငန်းနှင့် ရေသတ္တ၀ါ မွေးမြူရေးသိပ္ပံ ဘွဲ့လွန်သင်တန်းကို စတင်ဖွင့်လှစ်မည် ဖြစ်သည်။
အဆိုပါ သင်တန်းကို လာမည့် ဇွန်လတွင် တက္ကသိုလ်ဝင်တန်း ရမှတ် စုစုပေါင်း ၄၂၀ နှင့်အထက် ရရှိပြီး ဇီဝဗေဒ ဘာသာရပ်တွင် အနည်းဆုံး ၇၅ မှတ်၊ အင်္ဂလိပ်စာ ဘာသာရပ်တွင် အနည်းဆုံး ၆၀ မှတ် ရရှိသော ကျောင်းသား၊ ကျောင်းသူများ လျှောက်ထားနိုင်မည် ဖြစ်သည်။
ထိုဘွဲ့ကြိုသင်တန်းသည် မြန်မာနိုင်ငံတွင် ပထမဆုံးဖွင့်လှစ်သော သင်တန်းဖြစ်ကြောင်း ဖေဖော်ဝါရီ ၁၈ ရက်တွင် ပြုလုပ်သော သင်တန်းဖွင့်ပွဲ အခမ်းအနားမှ သိရသည်။
"သင်တန်းအတွက် လက်တွေ့သင်ကြားမှုများနဲ့ လက်တွေ့စမ်းသပ်မှုများအတွက် ဓာတ်ခွဲခန်း၊ ကွင်းဆင်းစခန်းနဲ့ မွေးမြူရေးလုပ်ငန်းသုံး စနစ်တွေကို စီစဉ်ထားရှိပြီး ဖြစ်ပါတယ်။
တတိယနှစ်ဘွဲ့ကြိုကျောင်းသား၊ ကျောင်းသူများကို သူတို့ရဲ့ ရွေးချယ်မှုနဲ့ ငါးနှင့်ပုစွန် မွေးမြူရေးကန်၊ သားဖောက်စခန်း၊ ငါးအစားထုတ်စက်ရုံ၊ ငါးပြုပြင်ထုတ်လုပ်တဲ့စက်ရုံ စတဲ့နေရာတွေမှာ တစ်လတာ အလုပ်သင် ဆင်းရမယ့် အစီအစဉ်တွေကိုလည်း စီစဉ်လျက်ရှိပါတယ်" ဟု ပြောသည်။
ထိုဘွဲ့ကြိုသင်တန်းဖွင့်လှစ်ရန်အတွက် ဥရောပသမဂ္ဂ (အီးယူ) နှင့် ဂျာမနီနိုင်ငံတို့၏ ရန်ပုံငွေထောက်ပံ့မှုဖြင့် မြန်မာ့ရေသတ္တ၀ါမွေးမြူရေး ကဏ္ဍ ရေရှည်ဖွံ့ဖြိုးရေး စီမံကိန်းမှ ပံ့ပိုးကူညီခဲ့ကြောင်း သင်ရိုးညွှန်းတမ်း ရေးဆွဲခြင်း၊ သင်ကြားမည့် အကြောင်းအရာများ ရေးဆွဲပြုစုခြင်းနှင့် ဥရောပနှင့် အာဆီယံ နိုင်ငံများမှ ပါမောက္ခများဖြင့် သင်ကြာရေး ဆရာ၊ ဆရာမများအား ပညာရပ်ဆိုင်ရာ မွမ်းမံသင်တန်း ပို့ချခြင်းလုပ်ငန်းများတွင် အဓိက ကူညီပံ့ပိုးခဲ့ သည်။
"မြန်မာနိုင်ငံမှာ ပညာရေးနဲ့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးကို ရှေးရှုပြီး ဒီဘွဲ့ကြို သင်တန်းအတွက် ကူညီထောက်ပံ့တာ ဖြစ်ပါတယ်။"
သင်တန်းအတွက် စာသင်ခန်းများနှင့် လက်တွေ့ဓာတ်ခွဲခန်းများ စီစဉ်ထားရှိပြီး ရန်ကုန်တက္ကသိုလ် သုတေသန စင်တာတွင် ဘွဲ့ကြိုပညာရပ် သင်ကြားရေးဆိုင်ရာ ရေဆိုးသန့်စင်ရေးစနစ်တစ်ခုကို အင်းလျားကန်အနီးတွင် တည်ဆောက်ထားရှိပြီး မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်မှလည်း ပစ္စည်းကိရိယာများနှင့် ပရိဘောဂများကို ထောက်ပံ့ပေးထားသည်။
source : democracy