ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ ကျောင်းသား၊ ကျောင်းသူများ တိုးမြှင့်လက်ခံမည်

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ ကျောင်းသား၊ ကျောင်းသူများ တိုးမြှင့်လက်ခံမည်

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာနသည် ပြီးခဲ့သည့် ပညာသင်နှစ်တွင် မြန်မာစာအထူးပြု ပထမနှစ် ကျောင်းသား၊ ကျောင်းသူဦးရေ ၅၀ အထိသာ လက်ခံသင်ကြားပေးခဲ့ပြီး ၂၀၁၇-၂၀၁၈ ပညာသင်နှစ်တွင် မြန်မာစာ အထူးပြု ပထမနှစ် ကျောင်းသား၊ ကျောင်းသူ ဦးရေ ၁၀၀ အထိ တိုးမြှင့်လက်ခံသင်ကြားပေးရန် စီစဉ်ထားခြင်း ဖြစ်ပါသည်။

READ - ကျောင်းသားဦးရေ ခြောက်ထောင်သာလက်ခံနိုင်သည့် ပညာရေးကောလိပ်များသို့ ၀င်ခွင့်လျှောက်ထားသည့် ကျောင်းသား ခုနှစ်သောင်းကျော်အထိ ရှိနေ

ထိုသို့ တိုးမြှင့်လက်ခံရာတွင် ယခင်နှစ်များက သတ်မှတ်ထားသော ရမှတ်ကန့်သတ်ချက်များအတိုင်း စိစစ်လက်ခံကာ တက်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ မြန်မာဘာသာရပ် တစ်မျိုးတည်းကိုသာ သင်ကြားပို့ချနေခြင်းမဟုတ်ဘဲ မြန်မာ ဘာသာရပ်နှင့် ဆက်နွှယ်နေသော ဘာသာစကားများ၊ ရှေးစာပေနှင့် ရှေးဘာသာစကားများကိုလည်း သင်ကြားပေးသည့်အပြင် မြန်မာမှုနှင့် သက်ဆိုင်သော တခြားဘာသာရပ်များကိုလည်း သင်ကြားပို့ချလျက် ရှိသည်။

ရန်ကုန်တက္ကသိုလ် မြန်မာစာဌာန၌ ပြည်တွင်းမှ ကျောင်းသား၊ ကျောင်းသူများအပြင် ဂျပန်၊ တောင်ကိုရီးယား၊ တရုတ်၊ ထိုင်း စသည့် MoU လက်မှတ်ရေးထိုးထားသော ပြည်ပနိုင်ငံများ၊ အမေရိကန် ပြည်ထောင်စုနှင့် ဂျာမနီနိုင်ငံတို့မှ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ပညာသင်ယူလျက်ရှိကြောင်း သိရသည်။

 မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: မြ၀တီ

Government School Read 3053 times