စာသင်ဆောင်မလောက်င၍ ပထမနှစ် သင်တန်းသားများကို ရန်ကုန်တက္ကသိုလ် ပင်မတွင်တက်ခွင့်မပြုတော့

စာသင်ဆောင်မလောက်င၍ ပထမနှစ် သင်တန်းသားများကို ရန်ကုန်တက္ကသိုလ် ပင်မတွင်တက်ခွင့်မပြုတော့

‘‘ပင်မဘက်က စာသင် ဆောင်တွေ ပြည့်နေပြီမို့လာမယ့် ဒီဇင်ဘာမှာ စမယ့်ပထမနှစ်သင် တန်းတွေကို လှိုင်တက္ကသိုလ်နယ် မြေက စာသင်ဆောင်တွေမှာ ဖွင့် ပါမယ်’’ ဟု ဒေါက်တာဖိုးကောင်း ကပြောသည်။

ရန်ကုန်တက္ကသိုလ်ပရိဝုဏ် အတွင်းရှိ စာသင်ဆောင်ခုနစ် ဆောင်တွင် ဘွဲ့ကြိုဘာသာရပ် သင်တန်းများဖွင့်လှစ်နေပြီး ယင်း အဆောင်များဖြင့် မလောက်င တော့၍ လှိုင်တက္ကသိုလ်နယ်မြေ ၌ တက်ရောက်ခွင့်ပြုရခြင်းဖြစ် သည်ဟု ဆိုသည်။

အဆောင်မလောက်ငမှုကို ဖြေရှင်းရန် ရန်ကုန်ပညာရေး တက္ကသိုလ်  ကျောင်းသား၊ ကျောင်းသူများနေထိုင်သော လှိုင် တက္ကသိုလ်နယ်မြေရှိ အဆောင် များကို ပြင်ဆင်မွမ်းမံကာစာသင် ခန်းအဖြစ် အသုံးပြုရန်လျာထား သည်ဟုဆိုသည်။

READ - ပညာရေးကောလိပ်ဝင်ခွင့်များကို သြဂုတ်လလယ်တွင် နိုင်ငံပိုင်သတင်းစာများတစ်ဆင့် ခေါ်ယူမည် ၀င်ခွင့်အမှတ် သတ်မှတ်ထားခြင်းမရှိဟုဆို

ရန်ကုန်တက္ကသိုလ်တွင်ဘွဲ့ ကြိုလေးနှစ်သင်တန်းကို ၂၀၁၂-၁၃ ပညာသင်နှစ်က စတင်ဖွင့်လှစ် ခဲ့ပြီး လက်ရှိ၌ ဘွဲ့ကြိုကျောင်း သား၊ ကျောင်းသူ ၃,၀၀၀ ကျော် တက်ရောက်နေသည်။

ရန်ကုန်တက္ကသိုလ်တွင်လာ မည့် ပညာသင်နှစ်၌ အထူးပြုဘာ သာရပ် ၂၂ ခုဖွင့်လှစ်သင်ကြား မည်ဖြစ်ပြီး တက္ကသိုလ်ဝင်ခွင့်ကို အဆင့်မြင့်ပညာ ဦးစီးဌာနက ထုတ်ပေးမည့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာဖြင့် လျှောက်ထားရ မည်ဖြစ်ကာ အမှတ်အများဆုံးမှ အနည်းဆုံးအထိ စိစစ်ကာ ၁၀၀ ဦးပြည့်သည်အထိ ခေါ်ယူမည်ဖြစ် သည်။

၂၀၁၆-၁၇ ပညာသင်နှစ်က ရန်ကုန်တက္ကသိုလ်ဝင်ခွင့်အနိမ့် ဆုံးအမှတ်များသည် မြန်မာစာအထူးပြု  (မြန်မာ-၇၀၊ ပေါင်း ၄၁၀)၊ အင်္ဂလိပ်စာ (အင်္ဂလိပ်စာ-၇၀၊ ပေါင်း ၃၉၀)၊ ပထဝီဝင် (ပထဝီ -၆၅၊ ပေါင်း ၃၉၅)၊ သမိုင်း (အင်္ဂလိပ်စာ-၅၅၊ ပေါင်း ၃၉၀)၊ ဒဿနိက (အင်္ဂလိပ်စာ-၆၅၊ ပေါင်း ၃၈၀)၊ စိတ်ပညာ (အင်္ဂလိပ်စာ- ၆၅၊ ပေါင်း ၄၀၀)၊ ဥပဒေပညာ (အင်္ဂလိပ်စာ-၆၅၊ ပေါင်း ၄၅၀)၊ အရှေ့တိုင်းပညာ (အင်္ဂလိပ်စာ-၆၀၊ ပေါင်း ၃၈၀)၊ နိုင်ငံတကာဆက်ဆံရေး (အင်္ဂလိပ်စာ-၇၀၊ ပေါင်း ၄၅၀)၊ မနု ဿဗေဒ (အင်္ဂလိပ်စာ-၆၀၊ ပေါင်း ၃၉၀)၊ ရှေးဟောင်းသုတေသန (အင်္ဂလိပ်စာ-၆၀၊ ပေါင်း ၄၁၀)၊ ဓာတုဗေဒ (ဓာတုဗေဒ- ၈၀၊ ပေါင်း ၄၄၀)၊ ရူပဗေဒ (ရူပဗေဒ-၈၀၊ ပေါင်း ၄၅၀)၊ သင်္ချာ (သင်္ချာ-၈၀၊ ပေါင်း ၄၄၀)၊ သတ္တဗေဒ (ဇီဝဗေဒ-၇၀၊ ပေါင်း ၄၂၀)၊ရုက္ခဗေဒ (ဇီဝဗေဒ -၇၅၊ ပေါင်း ၄၂၀)၊ ဘူမိဗေဒ (ရူပ၊ ဇီဝ၊-၇၅၊ ပေါင်း ၄၂၀)၊ ကုန်ထုတ်ဓာတုဗေဒ (ဓာတုဗေဒ-၈၀၊ ပေါင်း ၄၃၀)၊ ကွန်ပျူတာသိပ္ပံ (သင်္ချာ-၈၀၊ ပေါင်း ၄၅၀)၊ နိုင်ငံရေးသိပ္ပံ (အင်္ဂလိပ်စာ-၆၅၊ ပေါင်း ၄၄၀)၊ မြန်မာမှုပညာ (မြန်မာစာ-၆၀၊ အင်္ဂလိပ်စာ-၆၀၊ ပေါင်း ၄၁၀)၊ စာကြည့်တိုက်နှင့် သုတပညာ (အင်္ဂလိပ်စာ-၆၀၊ ပေါင်း ၃၈၀) ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7 day daily

News Read 3102 times