ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ကို ယခင်အတိုင်း တက္ကသိုလ်ဝင်စာမေးပွဲရမှတ်နဲ့ လက်ခံမယ်

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ကို ယခင်အတိုင်း တက္ကသိုလ်ဝင်စာမေးပွဲရမှတ်နဲ့ လက်ခံမယ်

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ကို ဝင်ခွင့်စာမေးပွဲစစ်ဆေး လက်ခံမယ်ဆိုပြီး လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေခြင်း ဟာ ကောလာဟလသာဖြစ်ပြီး ယခင်နှစ်တွေအတိုင်း တက္ကသိုလ်ဝင် စာမေးပွဲရမှတ်နဲ့ ဝင်ခွင့်လက်ခံ မယ်လို့  အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်အောင်မင်းက ပြောကြားထားကြောင်း သိရပါတယ်။

‘‘အရင်နှစ်တွေလိုပဲ တက္ကသိုလ်ဝင်စာမေးပွဲရမှတ်နဲ့ လက်ခံမှာပါ။ အပြောင်းအလဲမရှိပါဘူး။ ဝင်ခွင့်စာမေးပွဲ ထပ်ဖြေရမယ်ဆို တာ မဟုတ်ပါဘူး’’ လို့ ဒေါက်တာအောင်အောင်မင်းက ပြောထားပါတယ်။

ဒီဇင်ဘာဖွင့်လှစ်မယ့် ဘွဲ့ကြို ပထမနှစ်သင်တန်းတွေမှာ တစ်ဘာသာကို လူဦးရေ ၁၀၀ နဲ့ ဘာသာရပ် ၂၂ ခုအတွက် ကျောင်းသား၊ ကျောင်းသူ ၂,၂၀၀ ဦး လက်ခံဖို့ လျာထားကြောင်း သိရပါတယ်။

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ကို အဆင့်မြင့်ပညာဦးစီးဌာနက ထုတ်ပေးမယ့် တက္ကသိုလ်ဝင်ခွင့် လျှောက်လွှာနဲ့ လျှောက်ထားရမှာဖြစ်ပြီး လျှောက်လွှာတွေကို အမှတ်အများဆုံးမှ အနည်းဆုံးထိ စိစစ်ကာ ၁၀၀ ပြည့်တဲ့အထိ ခေါ်ယူမှာဖြစ်ပါတယ်။

ရန်ကုန်တက္ကသိုလ် ဘွဲ့ကြို သင်တန်းတက်ရောက်ခွင့်ရသူတွေအနက် သတ်မှတ်အမှတ်တွေထက် ကျော်လွန်သူတွေကို တစ်လ ကျပ်တစ်သိန်းနဲ့ ဝိဇ္ဇာ ချွန်ဆု၊ သိပ္ပံချွန်ဆုတွေ  ချီးမြှင့်မှာဖြစ်ပါတယ်။

READ - တက်ရောက်သင်ကြားသူမရှိသဖြင့် ရန်ကုန်အဝေးသင်တက္ကသိုလ် ဘာသာရပ်လေးခု ဖျက်သိမ်း

၂၀၁၆-၁၇ ပညာသင်နှစ်က ရန်ကုန်တက္ကသိုလ်ဝင်ခွင့် အနိမ့်ဆုံးအမှတ်တွေဟာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

မြန်မာစာအထူးပြု (မြန်မာ ၇၀၊ ပေါင်း ၄၁၀)၊ အင်္ဂလိပ်စာ (အင်္ဂလိပ်စာ ၇၀၊ ပေါင်း ၃၉၀)၊ ပထဝီဝင် (ပထဝီ ၆၅၊ ပေါင်း ၃၉၅)၊ သမိုင်း (အင်္ဂ လိပ်စာ ၅၅၊ ပေါင်း ၃၉၀)၊ ဒဿနိက (အင်္ဂလိပ်စာ ၆၅၊ ပေါင်း ၃၈၀)၊ စိတ်ပညာ (အင်္ဂလိပ်စာ ၆၅၊ ပေါင်း ၄၀၀)၊ ဥပဒေပညာ (အင်္ဂလိပ်စာ ၆၅၊ ပေါင်း ၄၅၀)၊ အရှေ့တိုင်းပညာ (အင်္ဂလိပ်စာ ၆၀၊ ပေါင်း ၃၈၀)၊ နိုင်ငံတကာ ဆက်ဆံရေး (အင်္ဂလိပ်စာ ၇၀၊ ပေါင်း ၄၅၀)၊ မနုဿဗေဒ (အင်္ဂ လိပ်စာ ၆၀၊ ပေါင်း ၃၉၀)၊ ရှေး ဟောင်းသုတေသန (အင်္ဂလိပ်စာ ၆၀၊ ပေါင်း ၄၁၀)၊ ဓာတုဗေဒ (ဓာတုဗေဒ ၈၀၊ ပေါင်း ၄၄၀)၊ ရူပဗေဒ (ရူပဗေဒ ၈၀၊ ပေါင်း ၄၅၀)၊ သင်္ချာ(သင်္ချာ ၈၀၊ ပေါင်း ၄၄၀)၊ သတ္တဗေဒ (ဇီဝဗေဒ ၇၀၊ ပေါင်း ၄၂၀)၊ ရုက္ခဗေဒ (ဇီဝဗေဒ၇၅၊ ပေါင်း ၄၂၀)၊ ဘူမိဗေဒ (ရူပ၊ဇီဝ ၇၅၊ ပေါင်း ၄၂၀)၊ ကုန်ထုတ် ဓာတုဗေဒ (ဓာတုဗေဒ ၈၀၊ ပေါင်း၄၃၀)၊ ကွန်ပျူတာသိပ္ပံ (သင်္ချာ ၈၀၊ ပေါင်း ၄၅၀)၊ နိုင်ငံရေးသိပ္ပံ (အင်္ဂလိပ်စာ ၆၅၊ ပေါင်း ၄၄၀)၊ မြန်မာမှုပညာ (မြန်မာစာ ၆၀၊ အင်္ဂလိပ်စာ ၆၀၊ ပေါင်း ၄၁၀)၊ စာကြည့်တိုက်နှင့် သုတပညာ (အင်္ဂလိပ်စာ ၆၀၊ ပေါင်း ၃၈၀) ဖြစ်သည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိက တက္ကသိုလ်များကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

Source: 7Day Daily

News Read 4862 times