ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသားများစာရင်းကို သြဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်မည်

ရန်ကုန်တက္ကသိုလ်ဝင်ခွင့်ရ ကျောင်းသားများစာရင်းကို သြဂုတ်လ ၁၅ ရက်နေ့ ထုတ်ပြန်မည်

 

၂၀၁၈ ခုနှစ်တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများ လျှောက်ထားခဲ့သော ရန်ကုန်တက္ကသိုလ်၏ ၀င်ခွင့်ကို တက္ကသိုလ်ဝင်တန်းရမှတ် အပြင် လူတွေ့စစ်ဆေးခြင်းများဖြင့် ပါဝင်ခွင့်ပေးမည်ဖြစ်သည်။

 

ဇူလိုင် ၂၄ ရက်တွင် ပထမဦးစားပေးဘာသာရပ်အတွက် လူတွေ့စစ်ဆေးခြင်းများကို စတင်ပြုလုပ်ခဲ့သည်။

 

ပထမဦးစားပေးဘာသာရပ်အတွက် လူတွေ့စစ်ဆေးခြင်းတွင် ဘာသာရပ်အချို့အား ကျောင်းသား/သူ ၉၀ ကျော် အထိ ၀င်ခွင့်ရရှိထားသည်။

 

ပထမဦးစားပေးမှာ ၀င်ခွင့်ရတဲ့သူတွေက ကျောင်းတက်ခွင့်ရသွားတဲ့သဘောပါ။ အခုက ဘာသာရပ်တွေ လျှောက်တာဝင်ခွင့်မရသေးတဲ့သူတွေ ကျန်နေသေးတယ်။ ဒါကြောင့် တတိယဦးစားပေး ဘာသာရပ်တွေပြီးပြီဆိုမှ အပြီးသတ်အမည်စာရင်းပြုစုပြီး ထုတ်ပြန်မှာ ပါ” ဟုပြောသည်။

 

ရန်ကုန်တက္ကသိုလ်၏ ၀င်ခွင့်တွင် ပထမဦးစားပေးဘာသာရပ်အား လူတွေ့စစ်ဆေးခံရာတွင် ၀င်ခွင့်မရရှိသေးသည့် ကျောင်းသား/သူများသည် ဒုတိယဦးစားပေးဘာသာရပ်အတွက် လူတွေ့စစ်ဆေးခြင်းကို ခံယူရမည်ဖြစ်သည်။

 

ဒုတိယဦးစားပေးဘာသာရပ်တွင်လည်း ၀င်ခွင့်မရရှိသေးပါက တတိယဦးစားပေးဘာသာရပ်ကို ဆက်လက်အစစ်ဆေးခံရမည်ဖြစ်သည်။

 

ဘာသာရပ်အသီးသီး၏ အပြီးသတ်ဝင်ခွင့်ရစာရင်းများကို သြဂုတ် ၁၅ ရက်တွင် ထုတ်ပြန်ကြေညာမည်ဖြစ်သည်။

 

ယခုနှစ်၏ ရန်ကုန်တက္ကသိုလ်ရှိ ဘာသာရပ် ၂၆ ခုကို ကျောင်းသား/သူ ၂၂၀၀ ကျော်ဝင်ခွင့်ပေးမည် ဖြစ်သည်။

 

ဘာသာရပ်နှစ်ခုကို ကျောင်းသား/သူ ၅၀ ဦးစီ ၀င်ခွင့်ပြုမည်ဖြစ်သည်။

 

ယင်းဘာသာရပ်များထဲတွင် မြန်မာမှု ပညာဘာသာရပ်ကို ကျောင်းသား/သူ ၁၀၀ ဦးဝင်ခွင့်ပြုမည် ဖြစ်သော်လည်း လက်ရှိအချိန်အထိ ကျောင်းသား/သူ ခြောက်ဦး သာ ၀င်ခွင့်ရရှိသေးသည်။

 

ယခုနှစ်တွင် ငါးလုပ်ငန်းဆိုင်ရာ ဘာသာရပ်ကို ရန်ကုန်တက္ကသိုလ်က အသစ်ထပ်မံထည့်သွင်းထားသည်။

 

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

 

source: democracy

News Read 1976 times