ကျောင်းသားနှစ်ထောင်ကျော်သာ လက်ခံမည့် ရန်ကုန်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူသုံးထောင်ကျော်ရှိ

ကျောင်းသားနှစ်ထောင်ကျော်သာ လက်ခံမည့် ရန်ကုန်တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူသုံးထောင်ကျော်ရှိ

ရန်ကုန်တက္ကသိုလ်တွင် ဒီဇင်ဘာ၌ ဖွင့်လှစ်မည့် ဘွဲ့ကြို သင်တန်း ၂၆ ခုအတွက် ဝင်ခွင့် လျှောက်လွှာများကို ဇွန်လ ၁၅ ရက်မှ ဇူလိုင် ၁၅ ရက်အထိ တစ် လအတွင်း တင်သွင်းခွင့်ပြုခဲ့ သည်။

ရန်ကုန်တက္ကသိုလ်သို့ ကိုယ် တိုင် လာရောက်လျှောက်ထား ခြင်းနှင့် စာတိုက်မှ ပေးပို့လျှောက် ထားခြင်းတို့ဖြင့် ဝင်ခွင့်လျှောက် လွှာများကို လက်ခံခဲ့ရာ ကျောင်း သားရေးရာဌာန စာရင်းများအရ လျှောက်လွှာပိတ်ရက်အထိ လျှောက်ထားသူ ၃,၀၀၀ ကျော်ရှိ နေသည်။

‘‘လျှောက်လာတဲ့ လျှောက် လွှာ ၃,၀၀၀ ကျော်ကို ဦးစားပေး လျှောက်ထားတဲ့ ဘာသာရပ် အလိုက် ဌာနတွေမှာ နှုတ်ဖြေစစ် ဆေးဖို့ လျာထားပါတယ်’’ဟု ရန်ကုန်တက္ကသိုလ် ကျောင်းသား ရေးရာနှင့် ကျောင်းဆောင်များ ကြီးကြပ်ရေးဌာန လက်ထောက် မော်ကွန်းထိန်း ဦးအောင်စိုးက ပြောသည်။

ယခုနှစ် ရန်ကုန်တက္ကသိုလ် ဝင်ခွင့်ကို ယခင်ကဲ့သို့ တက္ကသိုလ် ဝင်စာမေးပွဲရမှတ် တစ်ခုတည်း ဖြင့် လက်မခံဘဲ လျှောက်ထားမည့် ဘာသာရပ်အလိုက် သတ်မှတ်ရမှတ်များ ပြည့်ရမည့်အပြင် လူတွေ့စစ်ဆေးပြီးမှသာ လက်ခံ မည်ဟု ရန်ကုန်တက္ကသိုလ်က ဝင် ခွင့်လျှောက်လွှာများ လက်မခံမီ ကြိုတင်ကြေညာထားသည်။

ဘွဲ့ကြိုအထူးပြုဘာသာရပ် ၂၆ ခုကို ဘာသာရပ်အလိုက် အနိမ့်ဆုံးရရှိထားရမည့် တက္ကသိုလ်ဝင်စာမေးပွဲ ရမှတ်များ သတ်မှတ်ထားပြီး သတ်မှတ်ချက် များနှင့် ကိုက်ညီပါက ဦးစားပေး ဘာသာရပ် သုံးခုအထိ လျှောက် ခွင့်ပြုထားသည်။

ဝင်ခွင့်လျှောက်ထားသူများ သည် လျှောက်ထားသည့် တစ် ဘာသာချင်းအတွက် လူတွေ့ဖြေ ဆိုရမည်ဖြစ်ပြီး ပထမဦးစားပေး ဘာသာရပ်အတွက် ဇူလိုင် ၂၃၊ ဒုတိယဦးစားပေးဘာသာရပ် အတွက် ဇူလိုင် ၂၅၊ တတိယဦး စားပေး ဘာသာရပ်အတွက် ဇူလိုင် ၃၀ ရက်များတွင် ရန်ကုန် တက္ကသိုလ်ရှိ ဘာသာရပ်ဆိုင်ရာ ဌာနများ၌ လူတွေ့နှုတ်ဖြေ ဖြေ ဆိုရမည်ဖြစ်သည်။

လူတွေ့ မဖြေဆိုပါက ဝင် ခွင့်လက်ခံစဉ်းစားမည် မဟုတ်ဟု ရန်ကုန်တက္ကသိုလ်က ကြေညာ ထားသည်။

ဘာသာရပ် ၂၆ ခုအနက် ကုန်ထုတ်ဓာတုဗေဒ ဘာသာရပ် အတွက် ကျောင်းသား၊ ကျောင်း သူဦးရေ ၈၀၊ ဒဿနိကဗေဒ၊ စိတ်ပညာ၊ ရှေးဟောင်းသုတေ သနပညာ၊ စာကြည့်တိုက်နှင့် သုတပညာ၊ ကွန်ပျူတာသိပ္ပံ ပညာ၊ ဇီဝဓာတုဗေဒ၊ အဏုဇီဝ ဗေဒ၊ ငါးလုပ်ငန်းဆိုင်ရာ ဘာသာ ရပ်များအတွက် ဦးရေ ၅၀ စီနှင့် ကျန်   ဘာသာရပ်များအတွက် ၁၀၀ ဦးစီ လက်ခံရန် လျာထား သည်။

ရန်ကုန်တက္ကသိုလ်တွင် ၂၀၁၃ နောက်ပိုင်းကစ၍ ဝိဇ္ဇာ၊ သိပ္ပံ ထူးချွန်သည့် ဘွဲ့ကြိုတန်း ကျောင်းသားများအား ပြန်လည် သင်ကြားပေးလျက်ရှိသည်။

ဝင် ခွင့်ရရှိသူများထဲမှ သတ်မှတ် ရမှတ်များ ကျော်လွန်ပြီး ဝင်ခွင့်ရ သူများကို တစ်လလျှင် ကျပ်တစ် သိန်းနှုန်းဖြင့် တစ်နှစ်လျှင် ၁၀ လ ဝိဇ္ဇာထူးချွန်ဆုနှင့် သိပ္ပံထူးချွန်ဆု များ ချီးမြှင့်လျက်ရှိသည်။

မိမိတို့ တက်ရောက်လိုသည့် သင်တန်းကျောင်းများနှင့် ပုဂ္ဂလိကကျောင်းများကို ရှာဖွေလိုပါက ဒီ Link မှာရှာဖွေနိုင်ပါသည်။

ပညာရေးလမ်းညွှန် website တွင် ပါဝင်သော သင်တန်းများ ကျောင်းများScholarshipKnowledge များနှင့် ပတ်သက်သော အချက်အလက်များကို ၀င်ရောက်ရှာဖွေ ဖတ်ရှုနိုင်ပါတယ်။

source: 7day daily

News Read 2363 times