၂၀၁၈-၁၉ ပညာ သင်နှစ် ကျောင်းဖွင့်ချိန်ကစကာ ရန်ကုန်တက္ကသိုလ်ကျောင်းသူအ ဆောင် ငါးဆောင်၏ အဆောင် ပိတ်ချိန်ကို ညနေ ၆ နာရီအစား ၇ နာရီသို့ ပြောင်းလဲသတ်မှတ် မည်ဖြစ်သည်။
ကျောင်းသူအဆောင်များ ပိတ်ချိန်ကို ညနေ ၆ နာရီသတ် မှတ်ထားသဖြင့် ပြင်ပသင်တန်း နှင့် ပြင်ပလှုပ်ရှားမှုများတွင် ပါ ဝင်လိုသူများ အခက်အခဲဖြစ်၍ ည ၇ နာရီပြင်ဆင်သတ်မှတ်ပေး ရန် ရန်ကုန်တ္ကသိုလ်ကျောင်းသား သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က မေလတွင် တောင်းဆိုခဲ့သည်။
အဆောင်ပိတ်ချိန် ပြင်ဆင် သတ်မှတ်မှုနှင့် ပတ်သက်ပြီး ကျောင်းသူများ၏ မိဘ၊ အုပ်ထိန်း သူများထံ တက္ကသိုလ်ဘက်က သ ဘောထား ကောက်ယူခဲ့ပြီး သဘောထားရလဒ်အရ ကျောင်း သူအဆောင်ငါးဆောင်၏ ပိတ် ချိန်ကို ပြောင်းလဲသတ်မှတ်ခဲ့ ကြောင်း ရန်ကုန်တက္ကသိုလ် ပါမောက္ခချုပ်က ရန်ကုန်တက္က သိုလ်ကျောင်းသားသမဂ္ဂ (ဗက သများအဖွဲ့ချုပ်) ထံစက်တင်ဘာ ၁၂ ရက်စွဲဖြင့် အကြောင်းပြန်စာ ပေးပို့ခဲ့သည်။
ရန်ကုန်တက္ကသိုလ်ကျောင်း သူဆောင်များအနက် အင်းလျား ဆောင်၊ ရွှေဘိုဆောင်၊ ရတနာ ဆောင်၊ သီရိဆောင်၊ ဒဂုံဆောင် တို့၏ အဆောင်ပိတ်ချိန်ကို လာ မည့်ဒီဇင်ဘာကျောင်းဖွင့်ချိန်က စတင်၍ ည ၇ နာရီပြောင်းလဲ မည်ဖြစ်ပြီး မြတ်လေးဆောင် (A) နှင့် မြတ်လေးဆောင် (B) တို့၏ အဆောင်ပိတ်ချိန် ပြောင်းလဲရန် ကို ဒီဇင်ဘာကျောင်းဖွင့်ချိန်တွင် အဆောင်နေကျောင်းသူများ၏ မိဘအုပ်ထိန်းသူများထံ သဘော ထား ထပ်မံကောက်ယူမည်ဖြစ် သည်။
‘‘သူတို့သင်တန်းတက်တာ တို့၊ တခြား Activity ရှိတာတို့ဆို ၆ နာရီအမီပြန်ဖို့ အခက်အခဲရှိ တယ်ဆိုတာ တင်ပြတယ်။ ဒါကို မိဘတွေကို အသိပေးပြီး မိဘ တွေဆီက သဘောထားအရ ပြောင်းပေးလိုက်တာပေါ့’’ ဟု ရန်ကုန်တက္ကသိုလ်ကျောင်းသား ရေးရာနှင့် ကျောင်းဆောင်များ ဌာန တာဝန်ရှိသူတစ်ဦးက ဆို သည်။
ရန်ကုန်တက္ကသိုလ်တွင် ရန်ကုန်စည်ပင်သာယာ နယ်နိ မိတ်ပြင်ပဒေသများမှ ကျောင်းသား၊ ကျောင်းသူများအတွက် အဆောင်များ ဖွင့်လှစ်ပေးထားပြီး အင်းလျားဆောင်၊ ရတနာဆောင်၊ သီရိဆောင်၊ ရွှေဘိုဆောင်၊ ဒဂုံ ဆောင်၊ မြတ်လေးဆောင်တွင် ကျောင်းသူများကို နေထိုင်ခွင့်ပြု ထားသည်။
‘‘တချို့သင်တန်းတွေကျ တော့ ညနေ ၆ နာရီလောက်မှပြီး တော့ သွားရ၊ လာရတာနဲ့ဆို အ ဆောင်ပိတ်ချိန်မီဖို့ စိတ်ပူရတာရှိ တယ်။ အိမ်က ပြောပြရင်တော့ ၇ နာရီပြောင်းဖို့ကို ထောက်ခံပေး လောက်ပါတယ်။ ညီမသူငယ် ချင်း မိဘတချို့ကတော့ ၇ နာရီ က နောက်ကျတယ်ပြောတယ်လို့ ကြားရတယ်’’ ဟု ရန်ကုန်တက္က သိုလ်မြတ်လေးဆောင်နေတောင် ကြီးမြို့မှ ကျောင်းသူတစ်ဦးက ပြောသည်။
ရန်ကုန်တက္ကသိုလ် အမျိုး သမီးဆောင်အချို့တွင် ဖုန်းအသုံး ပြုခွင့် ကန့်သတ်ခြင်း၊ ထမင်းစား ချိန် ကန့်သတ်ခြင်း၊ ငွေကြေး ကောက်ခံခြင်းများရှိနေရာ အ ဆောင်နေသူများနှင့် အဆောင် မှူး ညှိနှိုင်းဆွေးနွေးပြီး အဆောင် စည်းကမ်းများ ပြင်ဆင်ရေးဆွဲပေး ရန် ရန်ကုန်တက္ကသိုလ်ကျောင်း သားသမဂ္ဂ (ဗကသများအဖွဲ့ချုပ်) က တောင်းဆိုထားသည်။
ကျောင်းသူဆောင်ပိတ်ချိန် ကို မူလကညနေ ၆ နာရီ သတ် မှတ်ထားသော်လည်း ကျောင်း သားအဆောင်ပိတ်ချိန်သည် ည ၁၀ နာရီ ဖြစ်သည်။
ပညာရေးလမ်းညွှန်website တွင်မြန်မာတစ်နိုင်ငံလုံးတွင် ပြောင်းလဲနေသော ပညာရေးအခြေအနေများ၊ အခမဲ့ ပညာရေးသင်ကြားပေးနေသည့် သင်တန်းကျောင်းများ၊ ပြည်တွင်း၊ ပြည်ပပညာသင်ဆုများ၊ ပညာရေးအတွက် သင်တန်းများ၊ အလုပ်ခွင်ဝင်ရန် လိုအပ်သော သင်တန်းများ စသည်တို့ပါဝင်ပါတယ်နော်...။
source: 7day